Credit-CeleGabar
Soure :Khine Hnin Wai
သူမအိမ်ကမွေးစားသမီးတွေထဲက တစ်ယောက်ရဲ့ မိဘကျေးဇူးဆပ်ချင်တဲ့ဆန္ဒလေးကို ပါဝင်ဖြည့်ဆည်းပေးလိုက်တဲ့ ခိုင်နှင်းဝေရဲ့ဗီဒီယိုလေး
ပရိသတ်ကြီးရေ ခိုင်နှင်းဝေလို ့ပြောလိုက်တာနဲ့ ပရဟိတမိခင်ကြီးလို့ အများ သတ်မှတ်ကြတာ အမှန်ပါပဲနော်။ ခိုင်နှင်းဝေ ကတော့စွန့်ပစ် ကလေးငယ်တွေကို ခေါ်ယူမွေးစားကာ ခိုင်နှင်းဝေဂေဟာကြီးဦးစီတည်ထောင်လျက်ရှိတဲ့ မင်းသမီးတစ်လက်ဖြစ်ပါတယ်။
အမြဲအလှူအတန်းပရဟိတ အလုပ်တွေကို ဆက်တိုက်ပြုလုပ်နေတဲ့ ခိုင်နှင်းဝေကတော့ အမြဲလူတန်းစားမခွဲခြားဘဲ ကိုယ်ချင်းစာ တရားလက်ကိုင်ထားတဲ့ သူဆိုတာ အမှန်ပါပဲနော်။ ဒီနေ့မှာလည်း ကြည့်မိသူတိုင်းဝမ်းသာမျက်ရည်ကျစရာ ဗီဒီယိုဖိုင်တစ်ခုကိုတင်လာခဲ့တာပါ။
“အဖေကို ချစ်တဲ့ အိမ်က မွေးစား သမီးလေးရဲ့ ဆန္ဒ တစ်ခုကို အကောင်အထည်လေး ဖော်ပေးဖြစ်ပါတယ်….ကြည်နူး ပီတိလေးလဲ ဖြစ်ခဲ့ရ ပါတယ်ရှင်..❤️❤️”ဆိုတဲ့စာလေးနဲ့ မိဘနှစ်ပါးနဲ့အစ်မဖြစ်သူကို Surpriseပြုလုပ်ချင်တဲ့ အရာလေးတွေကို ပြုလုပ်ပေးခဲ့တာပါ။ပရိသတ်ကြီးရေ ဘယ်အရာမဆိုစေတနာထားကာ ကူညီစောင့်ရှောက်တတ်တဲ့ ခိုင်နှင်းဝေရဲ့စေတနာမေတ္တာတရားကတော့တကယ့်ကို ချီးကျူးစရာ ပါပဲနော်။
Credit-CeleGabar
Soure :Khine Hnin Wai