ကိုယ္တိုင္ကလည္း သားမယားရွိတဲ့အမ်ိဳးသားေတြနဲ႔ ခင္မင္ရင္လည္းဆင္ျခင္သလို သူမကိုလည္း ဆင္ဆင္ျခင္ျခင္နဲ႕ေလးစားမႈရွိဖို႕ အမ်ိဳးသားထုႀကီးကို သတိေပးလာတဲ့ ခင္႐ူပ
သ႐ုပ္ေဆာင္နဲ႔ ေမာ္ဒယ္လ္ ခင္႐ူပ ကေတာ့ အသက္ (၁၄) ႏွစ္အရြယ္ကတည္းက အလွမယ္ၿပိဳင္ပြဲ ေတြမွာ ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့ သူျဖစ္ၿပီး Miss Tourism Beauty Pageant 2011 ၿပိဳင္ပြဲႀကီးမွာ Winner တစ္ေယာက္အျဖစ္ လူသိမ်ားေက်ာ္ၾကားခဲ့သူျဖစ္ပါတယ္။ ခင္႐ူပက အိမ္ေထာင္က်ၿပီးေနာက္ပိုင္း အႏုပညာ အလုပ္ေတြကို ရပ္နားလိုက္ၿပီး သူမရဲ့ကိုယ္ပိုင္စီးပြားေရးအလုပ္နဲ႔ ခင္ပြန္းျဖစ္သူရဲ့ အလုပ္ေတြကို ကူညီလုပ္ကိုင္ရင္း တည္ၿငိမ္တဲ့ဘဝတစ္ခုကို ျဖတ္သန္းေနတာပဲျဖစ္ပါတယ္။
အိမ္ေထာင္သည္ အမ်ိဳးသမီးျဖစ္တဲ့ ခင္႐ူပဟာ ဒီကေန႔မွာေတာ့ သူမနဲ႔ခင္မင္ရင္းႏွီး တာကို အခြင့္ေကာင္းယူၿပီး ထိကပါးရိကပါးမျပဳလုပ္ဖို႔ သတိေပး လာခဲ့ပါတယ္။ခင္႐ူပက “တခ်ိဴ႕ အမ်ိဳးသားမ်ားရွင္ က်မခင္တတ္ ပါတယ္.. မရိုင္းတတ္ပါဘူး ဒါမယ့္ႏႈတ္ဆက္ရင္ ထိကပါးရိကပါးကိုင္တာေတြ ပြတ္တာေတြ လုံးဝ အဆင္ေျပမေနပါဘူးေနာ္။ က်မဘယ္လိုဘဲ ဝတ္ဝတ္ရွင္တို႔ ထိခြင့္မရွိပါဘူးေနာ္! ဒါက်မလြတ္လပ္ခြင့္ပါ။ ဖက္တာလည္းမႀကိဳက္ပါဘူး ဒီတိုင္းခင္မင္ရင္းႏွီးစြာမဖက္မထိဘဲ ႏႈတ္ဆက္ပါ.. စိတ္အရမ္းအခန႔္မသင့္လာရင္ ဆြဲထိုးပါမယ္ေနာ္။
ဆိုရွယ္က်မေနဘူးေနာ္ သိဖို႔က ကိုယ္လည္း သူမ်ားလင္ဆို အရမ္းဆင္ျခင္တယ္ ဘယ္ေလာက္ခင္ခင္ သတိအရမ္း ထားတယ္။ ၿပီးေတာ့အိုႀကီး အိုမေခ်ာလွလည္းမေနၾကဘူး .. သူငယ္အဆင္အေတာင့္အေျဖာင့္ဆိုလည္း ဟုတ္ေသး 🙃” ဆိုၿပီး သူမရဲ့ ေဖ့စ္ဘုတ္စာမ်က္ႏွာမွာ ေရးသားလာခဲ့တာျဖစ္ပါတယ္။ခင္႐ူပကေတာ့ သူမကိုယ္တိုင္လည္း သားမယားရွိတဲ့ အမ်ိဳးသားေတြနဲ႔ ခင္မင္ရင္လည္း ဆင္ျခင္သလို သူမအေပၚကိုလည္း ေလးစားမႈရွိဖို႔ ေျပာလာတာပဲျဖစ္ပါတယ္။
Source: Khin Yupa ‘s fb
Credit ; Cele Active World
ကိုယ်တိုင်ကလည်း သားမယားရှိတဲ့အမျိုးသားတွေနဲ့ ခင်မင်ရင်လည်းဆင်ခြင်သလို သူမကိုလည်း ဆင်ဆင်ခြင်ခြင်နဲ့လေးစားမှုရှိဖို့ အမျိုးသားထုကြီးကို သတိပေးလာတဲ့ ခင်ရူပ
သရုပ်ဆောင်နဲ့ မော်ဒယ်လ် ခင်ရူပ ကတော့ အသက် (၁၄) နှစ်အရွယ်ကတည်းက အလှမယ်ပြိုင်ပွဲ တွေမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ သူဖြစ်ပြီး Miss Tourism Beauty Pageant 2011 ပြိုင်ပွဲကြီးမှာ Winner တစ်ယောက်အဖြစ် လူသိများကျော်ကြားခဲ့သူဖြစ်ပါတယ်။ ခင်ရူပက အိမ်ထောင်ကျပြီးနောက်ပိုင်း အနုပညာ အလုပ်တွေကို ရပ်နားလိုက်ပြီး သူမရဲ့ကိုယ်ပိုင်စီးပွားရေးအလုပ်နဲ့ ခင်ပွန်းဖြစ်သူရဲ့ အလုပ်တွေကို ကူညီလုပ်ကိုင်ရင်း တည်ငြိမ်တဲ့ဘဝတစ်ခုကို ဖြတ်သန်းနေတာပဲဖြစ်ပါတယ်။
အိမ်ထောင်သည် အမျိုးသမီးဖြစ်တဲ့ ခင်ရူပဟာ ဒီကနေ့မှာတော့ သူမနဲ့ခင်မင်ရင်းနှီး တာကို အခွင့်ကောင်းယူပြီး ထိကပါးရိကပါးမပြုလုပ်ဖို့ သတိပေး လာခဲ့ပါတယ်။ခင်ရူပက “တချိူ့ အမျိုးသားများရှင် ကျမခင်တတ် ပါတယ်.. မရိုင်းတတ်ပါဘူး ဒါမယ့်နှုတ်ဆက်ရင် ထိကပါးရိကပါးကိုင်တာတွေ ပွတ်တာတွေ လုံးဝ အဆင်ပြေမနေပါဘူးနော်။ ကျမဘယ်လိုဘဲ ဝတ်ဝတ်ရှင်တို့ ထိခွင့်မရှိပါဘူးနော်! ဒါကျမလွတ်လပ်ခွင့်ပါ။ ဖက်တာလည်းမကြိုက်ပါဘူး ဒီတိုင်းခင်မင်ရင်းနှီးစွာမဖက်မထိဘဲ နှုတ်ဆက်ပါ.. စိတ်အရမ်းအခန့်မသင့်လာရင် ဆွဲထိုးပါမယ်နော်။
ဆိုရှယ်ကျမနေဘူးနော် သိဖို့က ကိုယ်လည်း သူများလင်ဆို အရမ်းဆင်ခြင်တယ် ဘယ်လောက်ခင်ခင် သတိအရမ်း ထားတယ်။ ပြီးတော့အိုကြီး အိုမချောလှလည်းမနေကြဘူး .. သူငယ်အဆင်အတောင့်အဖြောင့်ဆိုလည်း ဟုတ်သေး 🙃” ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ရေးသားလာခဲ့တာဖြစ်ပါတယ်။ခင်ရူပကတော့ သူမကိုယ်တိုင်လည်း သားမယားရှိတဲ့ အမျိုးသားတွေနဲ့ ခင်မင်ရင်လည်း ဆင်ခြင်သလို သူမအပေါ်ကိုလည်း လေးစားမှုရှိဖို့ ပြောလာတာပဲဖြစ်ပါတယ်။
Source: Khin Yupa ‘s fb
Credit ; Cele Active World