သူ့ကိုတွေ့ချင်လွန်းလို့ အစောကြီးလာစောင့်နေတဲ့ ပရိသတ်တွေကို လက်အုပ်လေးချီကာရိုသေစွာပြန်နှုတ်ဆက်လိုက်တဲ့ ပြည်သူ့မင်းသားလေး ပိုင်တံခွန်
သရုပ်ဆောင် ပိုင်တံခွန် ကတော့ ရုပ်ရည်ချောမော ရုံသာမကပဲ စိတ်ထားလေးလည်းနူးညံ့ တာကြောင့် ပရိသတ်တွေရဲ့ ချစ်ခင်မှုကို အပြည့်အဝ ရရှိထားတာပဲဖြစ်ပါတယ်။ ပိုင်တံခွန် ကလည်း သူ့ကိုချစ်ခင်စွာ အားပေးကြတဲ့ ပရိသတ်တစ်ဦး တစ်ယောက်ချင်းစီတိုင်းကို တန်ဖိုးထားတာကြောင့် သူ့ရဲ့ဂုဏ်သတင်းဟာ ပြည်တွင်းပရိသတ်တွေ သာမက ပြည်ပနိုင်ငံကပရိသတ်တွေကပါ ပြောစမှတ်တွင်နေရတာပဲဖြစ်ပါတယ်။
ဒီကနေ့ မှာလည်း ပိုင်တံခွန်က သူကိုးကွယ်တဲ့ သစ်တံခါးဆရာတော်ကြီးဆီ သွားရောက်ဖူးမြှော်ခဲ့ပါတယ်။ ပိုင်တံခွန်က သစ်တံခါး ဆရာတော်ကြီးဆီရောက်ရှိနေတယ်ဆိုတဲ့ သတင်းကြောင့် ရပ်ကွက်ထဲက ပရိသတ်တွေက ပိုင်တံခွန်ကိုမြင်ချင်လို့ လာရောက်စောင့်ဆိုင်းနေကြပြီး ပိုင်တံခွန်ကလည်း ပရိသတ်တွေကို ထွက်နှုတ်ဆက်ခဲ့ပါတယ်။ ပိုင်တံခွန်က “ကြီးကြီးငယ်ငယ် အားလုံးကို မိသားစုလိုချစ်တယ်။ အစောကြီးတည်းက စောင့်နေတယ်ဆိုလို့ အားနာနေတာ”ဆိုပြီး ပြောခဲ့သလို သူပြန်ချိန်မှာလည်း ကားပေါ်ကနေ ပရိသတ်တွေကို လက်အုပ်လေးချီပြီးနှုတ်ဆက်ခဲ့တာကို တွေ့ရပါတယ်။
ပိုင်တံခွန်ကတော့ သူချစ်တဲ့ ပရိသတ်တွေနဲ့ နီးနီးကပ်ကပ်ဆုံတွေ့ရချိန်မှာ သူ့ရင်ထဲကစေတနာကို ထုတ်ဖော်ပြောပြခဲ့တာ ပဲဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ပိုင်တံခွန်ရဲ့ အပြုအမူလေးကိုကြည့်ပြီး အရင်ကထက်ပိုချစ်သွားကြပြီထင်ပါတယ်နော်။
Source: Paing Takhon’s fb
Credit; cele Active World