Credit- CeleGabar
ကဆုန်လပြည့်နေ့မှာ ချစ်ရတဲ့ပရိသတ်တွေကို ရင်ထဲကလာတဲ့ ဆုတောင်းစကားလေးနဲ့ ဆုမွန်ကောင်းတောင်းပေးလိုက်တဲ့ ဝတ်မှုံရွှေရည်
ပရိသတ်ကြီးရေ ဝတ်မှုံရွှေရည် ကတော့ အရွယ်နဲ့မလိုက်အောင် နုပျိုလန်းဆန်းနေတဲ့ မင်းသမီး တစ်လက်ပဲ ဖြစ်ပါတယ်။ အကယ်ဒမီ (၂)ခုကိုပိုင်ဆိုင်ထားကာအမျိုးသားပရိသတ်တွေ သာမက အမျိုးသမီး ပရိသတ်တွေပါ သဘောကျ ချစ်ခင်ရတဲ့ နိုင်ငံကျော် ဒိတ်ဒိတ်ကြဲမင်းသမီးလေး လည်းဖြစ်ပါတယ်။
အမြဲရှင်းသန့်ကျော့ရှင်းကာ အရုပ်လေး တစ်ရုပ်လို အမြဲလှပနေတဲ့ ဝတ်မှုံရွှေရည်ကို ချစ်ပရိသတ်တွေက ချစ်စနိုးနဲ့ရွှေကစ်လို့လည်း ခေါ်ကြပါသေးတယ်။ဒီနေ့ကျရောက်တဲ့ကဆုန်လပြည့်နေ ့မှာတော့ ရွှေကစ်က”ကဆုန်လပြည့်နေ့ ” ဗုဒ္ဓအခါတော်နေ့ “မှာကိုယ်စိတ်နှလုံး ကျန်းမာချမ်းသာကြပါစေ။🙏🙏🙏”ဆိုတဲ့စာလေးနဲ့ ချစ်တဲ့ပရိသတ်တွေကို ဆုမွန်ကောင်းတောင်းပေးခဲ့တာပါ။
ပရိသတ်တွေလည်း ကဆုန်လပြည့်နေ့မှာ စိတ်ချမ်းသာကိုယ် ကျန်းမာနဲ့ဖြတ်သန်းနိုင်ကြပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်နော်။
Credit- CeleGabar
Source- WuttHmoneShweYi