
Posted on





Credit-CeleGabar
Source- A NyeinPhyu

သူမရဲ့ခမ်းနားကျယ်ဝန်းတဲ့ ခြံကျယ်ကြီးထဲမှာ ပိတောက်ပန်းတွေ ပြန့်ကျဲပြီးဝင်းဝါစိုပြေနေတဲ့ ပုံရိပ်တွေကို ပြသလာတဲ့ ဧငြိမ်းဖြူ

ပရိသတ်ကြီးရေ ဧငြိမ်းဖြူလေး ကတော့ ဘိုမရုပ်လေးနဲ့ တူတဲ့ မင်းသမီးလေးလို့ ပရိသတ်တွေက ပြောလေ့ရှိကြပြီး မြန်မာရုပ်သံနောက်ခံ ဇာတ်လမ်းတွဲမှာလည်း ပါဝင်ခဲ့တာကြောင့်လည်း ပရိသတ်တွေ သတိထားမိလာတာလို့ ဆိုရမှာပါ။ Cover Dance တွေလည်းကလေ့ရှိတဲ့ သူလေး ဖြစ်ပြီး အခုနောက်ပိုင်းမှာ အနုပညာအလုပ်တွေဆက်တိုက်လုပ်လာပြီလို့ဆိုရမှာပါ။

ဒါ့အပြင်ဧငြိမ်းဖြူ ကတော့ Laurel Art Academy ကျောင်း ပိုင်ရှင်ရဲ့ သမီးအငယ်ဆုံးလေးပဲ ဖြစ်ပါတယ်။ အနုပညာကျောင်းပိုင်ရှင်ရဲ့သမီးဖြစ်တာနဲ့အညီအနုပညာအပိုင်းမှာလည်း ပါရမီပါတဲ့မင်းသမီးလေးတစ်လက်ပါ။

ဒီနေ့မှာတော့သူမရဲ့ ကြီးမားလှတဲ့အိမ်ခြံဝန် းအကျယ်ကြီးထဲမှာ ပိတောက်ပင်တွေ အုံဆိုင်းနေပြီး ပိတောက်ပန်းတွေကြွေကျကာ တခြံလုံးဝင်းဝါနေတဲ့ သူမ​ခြံရဲ့ အလှကို ပြသလာခဲ့တာပါ။ ပရိသတ်တွေလည်း ဧငြိမ်းဖြူရဲ့ကြီးမားလှတဲ့အိမ်ခြံဝန်အကျယ်ကြီးထဲမှာ ပိတောက်ပန်းတွေကြွေနေတဲ့ ပုံရိပ်လေးတွေကိုကြည့်ကာ သဘောကျရင်မှတ်ချက်ပေးခဲ့ပါဦးနော်။

Credit-CeleGabar
Source- A NyeinPhyu