အကြာကြီးခွဲခွာနေရပြီး အခုမှပြန်လည်ဆုံတွေ့ရလို့ မျက်ရည်များနဲ့ငိုကြွေးနေတဲ့ အိမ်အကူအဒေါ်ကြီးကို ပွေ့ဖက်နေတဲ့ ပုံလေးတွေကို မျှဝေလာတဲ့ ပိုင်တံခွန်
ချစ်ပရိတ် သတ်ကြီးရေ….နိုင်ငံကျော် သရုပ်ဆောင် မင်းသားချော ပိုင်တံခွန်က ကြံ့ခိုင် သန်စွမ်းပြီး ယောကျာ် းပီသတာကြောင့် မိန်းကလေးပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာ ရရှိထားတာ ဖြစ်ပါတယ်။ ရုပ်ချောသလို စိတ်ထားလေးလည်း ကောင်းတဲ့ ပိုင်တံခွန်ကို ပရိသတ်တွေဟာ လူတိုင်းအပေါ်ကို မေတ္တာထားပြီး ဂရုဏာထားသူ တစ်ယောက်လည်းဖြစ်ပါတယ်။ ဒီကနေ့မှာလည်း ပိုင်တံခွန်က သူ့ရဲ့အိမ်မှာ အရင်က အလုပ်လုပ်ခဲ့ဖူးတဲ့ အိမ်အကူအဒေါ်ကြီးနဲ့ ဗီဒီယိုလေးတစ်ခုကို မျှဝေပေးလာပါတယ်။
ပိုင်တံခွန်က အချိန်အကြာကြီးနေမှ ပြန်ဆုံရလို့ မျက်ရည် မဆည်နိုင်ဖြစ်နေတဲ့ အိမ်အကူအဒေါ်ကြီးကို ထွေးပွေ့ပြီး “ကျွန်တော့်ဆီမှာ အလုပ်လုပ်ပေးနေတဲ့ အမေ အခုမှပြန်ဆုံရလို့ပါ” ဆိုပြီး အမှတ်တရဗီဒီယိုလေးကို မျှဝေပေးလာပါတယ်။ ပရိသတ်တွေအတွက် ပိုင်တံခွန်ရဲ့ ကြည်နူးစရာအခိုက်အတံ့ဗီဒီယိုလေးကို မျှဝေပေးလိုက်ပါတယ်နော်။
ပိုင်တံခွန်ကတော့ အိမ်အလုပ်တွေကူလုပ်ပေး တဲ့ အမေအရွယ် သူစိမ်းတစ်ယောက်အပေါ်မှာလည်း မေတ္တာစေတနာ ထားတယ်ဆိုတာ ပရိသတ်တွေ ခန့်မှန်းကြည့်နေစရာတောင်လိုမယ် မထင်ပါဘူး။ ပရိသတ်ကြီးလည်း ပိုင်တံခွန်ရဲ့ ပုံရိပ်လေးတွေကိုကြည့်ပြီး ကြည်နူးမှုတွေကူးစက်သွားမယ်ထင်ပါတယ်နော်။
Source: Paing Takhon ‘s fb
Credit ; Cele Active World