
Posted on





Credit

ချစ်ရတဲ့ချစ်သူလေးနဲ့အတူ သူပိုင်ဆိုင်တဲ့ ရေခဲမုန့်ဆိုင်လေးမှာ ကောင်းမှုကုသိုလ်တွေပြုလုပ်ရင်း ပျော်ရွှင်ကြည်နူးနေတဲ့ ပိုင်တံခွန်

သရုပ်ဆောင် မော်ဒယ်လ် ပိုင်တံခွန် ကတော့ လူလေးချောသလို ရည်ရည်မွန်မွန်လည်း ရှိတာကြောင့် လူအများရဲ့ ချစ်ခင်ခြင်းခံရသူ တစ်ယောက်ဖြစ်ပါတယ်။ ပိုင်တံခွန်က ပြီးခဲ့တဲ့လပိုင်းကမှ မ တရားအကျဉ်းကျခံ နေရာက ပြန်လည်လွတ်မြောက် လာခဲ့ပြီး အခု ဆိုရင် သူ့ရဲ့မိသားစု၊ ဆွေမျိုး၊ သူငယ်ချင်းတွေနဲ့ အချိန်ကုန် ဆုံးနေ တာပဲဖြစ်ပါတယ်။ ဒါ့အပြင် ပိုင်တံခွန်က အနုပညာ အလုပ်တွေကို လည်း အနည်းအကျဉ်းပြန်လည်လုပ်ကိုင်နေပြီဖြစ်ပြီး ပရိသတ် တွေနဲ့လည်း ပြန်လည်ထိတွေ့နေပြီဖြစ်ပါတယ်။

လက်ရှိမှာတော့ မော်ဒယ် ပိုင်တံခွန် ကပြည်သူတွေ မျက်နှာထောက်ပြီး လက်ခံထားတဲ့အနုပညာ အလုပ်တွေကို ခေတ္တဖျက်သိမ်းထားတာ လည်းဖြစ်ပါတယ်။နာမည်ကြီး မင်းသားတစ်ယောက်ဖြစ်ပြီး ပရိသတ်တွေရဲ့ အာရုံစိုက်ခြင်းခံနေရတဲ့ ပိုင်တံခွန်က သူ့ရဲ့ အချစ်ရေး နဲ့ ပက်သတ်ပြီး အပွင့်လင်းဆုံးချပြထားတာ ဖြစ်ပါတယ်။ ချစ်သူရှိကြောင်း ပရိသတ်တွေကို ဝန်ခံပြီးသားဖြစ်ပါတယ်နော်။

ဒီနေ့မှာတော့ ပိုင်တံခွန်က သူရဲ့ ရေခဲမုန့်ဆိုင်မှာ ချစ်သူကောင်မလေးနဲ့ အတူ သံဃာတော်တွေကို ဆွမ်းကပ်ကုသိုလ်ယူနေတဲ့ ပုံရိပ်တွေကိုပြသလာခဲ့တာပဲဖြစ်ပါတယ်နော်။စိတ်တူကိုယ်တူရှိလှတဲ့ချစ်သူနှစ်ဦးရဲ့ကုသိုလ်ယူနေတဲ့ ပုံရိပ်လေးတွေကို အခုလိုပဲ ပရိတ်သတ်တွေအတွက် ကူးယူပြလိုက်ရပါတယ်နော်။

Credit