
Posted on





Source: Phyo Layy’s fb

Anniversaryနေ့လေးမှာ တစ်ယောက်ကိုတစ်ယောက် အမှတ်တရလက်ဆောင်တွေပေးရင်း ချစ်ကြည်နူးနေကြတဲ့ ဖြိုးလေးနဲ့ဝါဆိုမိုးဦး

Snare အဖွဲ့ရဲ့ အဆိုတော် ဖြိုးလေး ကတော့ အမိုက်စား သီချင်းတွေကို သီဆိုရင်း လူငယ် ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာရရှိထားသူ တစ်ယောက် ဖြစ်ပါတယ်။ ဖြိုးလေးက အနုပညာအလုပ်၊ စီးပွားရေးအလုပ်တွေကို ဦးစီး လုပ်ကိုင်နေပြီး သူ့ရဲ့ချစ်သူလေး ဝါဆိုမိုးဦးနဲ့လည်း သာယာဖြောင့်ဖြူးတဲ့ အချစ်လမ်းခရီးကို လျှောက်လှမ်းနေတာပဲ ဖြစ်ပါတယ်။ နားလည်မှု ရှိရှိနဲ့ တစ်ယောက်ကိုတစ်ယောက် သစ္စာရှိရှိလက်တွဲခဲ့ကြတဲ့ ဖြိုးလေးနဲ့ ဝါဆိုမိုးဦးတို့က စိတ်တူကိုယ်တူလည်းရှိကြတာမို့ လက်ထပ်ဖို့အထိ ရည်ရွယ်ထားကြတဲ့ စုံတွဲလေးလည်းဖြစ်ပါတယ်။

ဒီကနေ့ ဒီဇင်ဘာလ (၁၂) ရက်နေ့ ကတော့ ဖြိုးလေးနဲ့ ဝါဆိုမိုးဦးတို့ ချစ်သူနှစ်ယောက်ရဲ့ ချစ်သူသက်တမ်း (၆) နှစ်ပြည့်နေ့လေးပဲဖြစ်ပါတယ်။ ဖြိုးလေးနဲ့ ဝါဆိုမိုးဦးတို့က ချစ်သူသက်တမ်း (၆) နှစ်ပြည့်နေ့မှာ တစ်ယောက်ကိုတစ်ယောက်ချစ်တဲ့အကြောင်းတွေပြောရင်း ဖြိုးလေးကလည်း “Happy 6th anniversary ငါ့သဲလေး ❤️‍🔥❤️‍🔥❤️‍🔥 အရာအားလုံး ပြန် OK သွားမှ 2 ဆ ပေါင်းပြီး ပျော်ကြမယ် ပေါ့လျော့ မှုတွေ ရှိရင် ခွင့်လွှတ်ပေးပါ အရမ်းချစ်တယ်” ဆိုပြီး ပြောလာပါတယ်။

ဖြိုးလေးနဲ့ ဝါဆိုမိုးဦးတို့ကတော့ Anniversary နေ့လေးမှာ တစ်ယောက်ကို တစ်ယောက် အမှတ်တရလက်ဆောင်တွေ ပေးရင်း အေးချမ်းစွာဖြတ်သန်းနေလျက်ရှိပါတယ်။ ဖြိုးလေးတို့စုံတွဲလေး ချစ်သူသက်တမ်း (၆) နှစ်ပြည့်မှသည် နောက်နှစ်ပေါင်း (၆၀) တိုင် ပျော်ရွှင်စွာပေါင်းဖက်နိုင်ကြပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်။

Source: Phyo Layy’s fb
Credit:Myanmar Celebrities