
Posted on





Source: Nay Chi Oo’s fb

၁၀ ကာရက်ကျော်တဲ့ တန်ဖိုးကြီးရတနာပစ္စည်းကြီးကို ပရိသတ်ကြီးအား ထုတ်ကြွားလာပြန်တဲ့ သရုပ်ဆောင်နေခြည်ဦး

Beauty Blogger တစ်ယောက်ဖြစ်သလို သရုပ်ဆောင် တစ်ယောက် လည်းဖြစ်တဲ့ နေခြည်ဦးကတော့ သူမနာမည်ကြီးနေဆဲ အချိန်မှာပဲ စစ်အာဏာ သိမ်းမှုဖြစ်စဉ်ဖြစ်ပွားခဲ့တာကြောင့် ပြည်သူတွေရဲ့ မုန်းတီးခြင်းကို ခံခဲ့ရတာပါ။ နေခြည်ဦးရဲ့ဖခင်ဟာ စစ်တပ်ကအရာရှိ တစ်ယောက်ဖြစ်နေတာကြောင့် ပရိသတ်ပြည်သူတွေက နေခြည်ဦးကို Boycott လုပ်ခဲ့ပြီး နေခြည်ဦးနဲ့ပတ်သက်တဲ့ ကုန်ပစ္စည်းကြော်ငြာတိုင်းကိုလည်း ဆန့်ကျင်သပိတ်မှောက်ခဲ့ကြတာပဲဖြစ်ပါတယ်။

နေခြည်ဦးကတော့ ပြည်သူတွေ အပေါ် တောင်းပန်ခြင်းမရှိသလို သူမရဲ့အရင်ကပုံစံကိုလည်း ပြောင်းလဲခြင်းမရှိပဲ အရင်အတိုင်းသုံးဖြုန်းပြနေဆဲဖြစ်ပါတယ်။ ဒူဘိုင်းမှာ ရတနာအကြောင်းသင်တန်းတက်ခဲ့တဲ့ နေခြည်ဦးဟာ ဒီကနေ့မှာလည်း သူမရဲ့ ၁၀ ကာရက်ကျော်တဲ့ Pink Spinel လက်စွပ်ကြီးကို ထုတ်ကြွားနေခဲ့ပြန်ပါတယ်။

တစ်နိုင်ငံလုံးက ပြည်သူတွေ စစ်အာဏာရှင်နဲ့ လက်ပါးစေတွေကြောင့် အစစအရာရာ ဆင်းရဲဒုက္ခတွေကြုံနေရပေမယ့် နေခြည်ဦး ကတော့ တန်ဖိုးကြီး အသုံးအဆောင်တွေ ဝတ်ပြနေတာ အံ့သြစရာပါပဲနော်။

Source: Nay Chi Oo’s fb
Credit:Cele Active World