
Posted on





Credit-CeleGabar
Source- MayMiKoKo

မြန်မာဆန်ဆန်ဝတ်စုံလေးနဲ့ ချစ်စရာကောင်းတဲ့ ပုံရိပ်တွေကိုပြသကာ ပရိသတ်တွေရဲ့အချစ်တွေကို တောင်းယူလိုက်ပြန်တဲ့ မေမီကိုကို

ပရိသတ်ကြီး​ရေ ​မေမီကိုကို ဟာဆိုရင် လူကြီး လူငယ်မရွေး အားပေးခံရတဲ့ သူပဲ ဖြစ်ပါတယ်။ ဘာလို့လဲဆိုရင် သူမပါဝင် သရုပ်ဆောင်ထားတဲ့ ပျားရည်အိုင်ဇာတ်လမ်းတွဲဟာ လူငယ်တွေ သာမက လူကြီးတွေပါ အားပေးနှစ်ခြိုက်ခဲ့တဲ့ ဇာတ်လမ်းတွဲပဲဖြစ်ပါတယ်။ မြိုင်ဆိုတဲ့ ဇာတ်ကောင်ဟာ သူမအတွက် ပရိသတ်သိလာစေတယ်ဆိုရင်လည်း မမှားပါဘူးနော်။

Star Awards 2018 မှာ သူမဟာ Best TV Series Actress Award ဆုကိုရရှိထားတဲ့ သူလေးဖြစ်တဲ့အပြင် ပရိသတ်တွေအပေါ် အရမ်းအလေးထားတဲ့သူ ဆိုပြီး ပရိသတ် အချစ်အပြည့်အဝ ရထားသူလေးပဲ ဖြစ်ပါတယ်။အခြား​သောဇာတ်လမ်းတွဲတွေများစွာလည်း ပရိသတ်တွေကအားပေးဝန်းရံခဲ့ရသူဖြစ်ပြီး မကြေးစည်ဇာတ်လမ်းတွဲမှာလည်း ပရိသတိတွေအားပေးခံခဲ့ရသူလေးပါ။

မကြာသေးမီ ကလည်း သူမကိုယ်တိုင် Script ရေးသားထားတဲ့ ဇာတ်လမ်းတိုလေးတွေလာ်း ထွက်ရှိထားသူပါ။ဒီနေ့မှာတော့မြန်မာဆန်ဆန် ဝတ်စုံလေးကိုဝတ်ဆင်ကာ ကျက်သရေရှိလှတဲ့ ဟန်ပန်လေးတွေနဲ့ အလှပုံလေးတွေရိုက်ကူးထားတဲ့ပုံလေးတွေကိုတင်လာခဲ့တာပါ။ တကယ်ကိုမြန်မာဝတ်စုံနဲ့လိုက်ဖက်ညီစွာ ကျ
က်သရေရှိရှိလှနေတဲ့ မေမီကိုကိုရဲ့ပုံရိပ်လေးတွေကိုချစ်ရင် မှတ်ချက်ပေးခဲ့ပါဦး…ပရိသတ်ကြီးရေ။

Credit-CeleGabar
Source- MayMiKoKo