
Posted on






Credit ; MMLoad

မြင်နေကျပုံစံမဟုတ်တဲ့ ဆံပင်ကေတစ်မျိုးနဲ့ ပရိသတ်ကြီးရှေ့ကို တစ်ဖန်ပြန်လည်ရောက်ရှိလာတဲ့ ပျိုမဒီတို့ရဲ့အသဲကျော်လေး သရုပ်ဆောင်မြတ်သူကျော်

MRTV 4 ကပြသတဲ့ Sign Of Love ဇာတ်လမ်းတွဲ ထဲက သရုပ်ဆောင် တစ်ယောက်ဖြစ်တဲ့ မြတ်သူကျော်ကတော့ ပရိသတ်တွေ အားလုံး ရင်းနှီးပြီးသားဖြစ်မှာပါ။ မျက်ခုံးထူထူနဲ့ ဆွဲဆောင်မှု ရှိတဲ့ ရုပ်ရည်သွင်ပြင်ကြောင့် မိန်းကလေး ပရိသတ်တွေ သည်းသည် းလှုပ်ချစ်ခဲ့ရတဲ့ မြတ်သူကျော်ဟာ ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားေ တွမှာလည်း ပါဝင်သရုပ်ဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။

ယောကျာ်းဆန်ဆန် ဆွဲဆောင်မှုရှိပြီး ချိုသာတဲ့ အပြုံးလေးတွေကြောင့် မိန်းကလေးတွေရဲ့ အသည်းကျော်လေး ဖြစ်နေရတာပါ။နောက်ပိုင်း မှာတော့ မြတ်သူကျော်ဟာအနုပညာ လှုပ်ရှားမှုတွေနည်းပါးသွား ခဲ့တာကို တွေ့ရပါ တယ်။ ပရိသတ်တွေနဲ့ အနည်းငယ်ဝေးကွာသွားခဲ့တဲ့ မြတ်သူကျော်က အခုဆိုရင် အရင်ပုံစံနဲ့ မတူဘဲ စတိုင်အသစ်တစ်မျိုးနဲ့ ပရိသတ်အရှေ့ကို ပြန်လည်ရောက်ရှိလာပြီပဲ ဖြစ်ပါတယ်။

မြတ်သူကျော်က “သိပ်မချောလို့ သည်းခံ ကြည့်ပေးပါ…” ဆိုတဲ့ Caption လေးနဲ့ အတူ လက်ရှိ ပုံလေးတွေနဲ့အတူ မျှဝေထားတာပဲ ဖြစ်ပါတယ်။ ပုံလေးတွေထဲမှာတော့ မြတ်သူကျော်က အရင်တုန်းက ပုံစံနဲ့မတူဘဲ ဆံပင်အရှည်ကြီးနဲ့ အရမ်းကို ပိန်သွားတာပဲ ဖြစ်ပါတယ်။

Source : Myat Thu Kyaw’s FB Acc

Credit ; MMLoad