ျပည္ပႏိုင္ငံကို ေရာက္ရွိေနေပမယ့္ ျမန္မာျပည္ကျဖစ္ပ်က္ေနတဲ့အေပၚ စိတ္မေကာင္း၀မ္းနည္းေနရေၾကာင္း စာေလးတစ္ေၾကာင္းေရးသားလာတဲ့ သႏၲာလႈိင္

Posted on

ျပည္ပႏိုင္ငံကို ေရာက္ရွိေနေပမယ့္ ျမန္မာျပည္ကျဖစ္ပ်က္ေနတဲ့အေပၚ စိတ္မေကာင္း၀မ္းနည္းေနရေၾကာင္း စာေလးတစ္ေၾကာင္းေရးသားလာတဲ့ သႏၲာလႈိင္

နိုင္ငံေက်ာ္ စူပါေမာ္ဒယ္လ္ သႏၲာလွိုင္ ကေတာ့ ျမန္မာ့ေႏြဦးေတာ္ လွန္ေရးမွာ တက္တက္ႂကြႂကြ ပါဝင္လႈပ္ရွား ခဲ့သူ တစ္ေယာက္ျဖစ္ပါတယ္။ သႏၲာလွိုႈင္က ၿပီးခဲ့တဲ့လပိုင္းက ျပည္ပ ထြက္ခြာဖို႔ ေလဆိပ္ေရာက္ရွိေနစဥ္ ေလဆိပ္မွာ စကစရဲ့ တားဆီးျခင္းခံခဲ့ရေပမယ့္ ၾသစေတးလ်နိုင္ငံသား Passport ကိုင္ေဆာင္ထားတာေၾကာင့္ လိုရာခရီးကို ဆက္လက္ထြက္ခြာလာနိုင္ခဲ့တာျဖစ္ပါတယ္။ အခုဆိုရင္ သားနဲ႔သမီးရွိရာ ျပည္ပနိုင္ငံကိုေရာက္ရွိေနၿပီျဖစ္တဲ့ သႏၲာလွိုႈင္က အစားစားရင္ေတာင္ လိပ္ျပာမလုံေၾကာင္း အခုလိုပဲေျပာလာပါတယ္။

“နိုင္ငံအျပင္ေရာက္လို႔ ဒီမွာဘာလုပ္လုပ္ အဆင္ေျပတိုင္း အရင္က တိုးတက္ေနတဲ့ ကၽြန္မတို႔နိုင္ငံကို ျပန္ေတာင့္တ မိတယ္။ ပုံအလွေလးေတြ တင္မယ္လို႔ စိတ္ကူးလိုက္ရင္ ဘယ္လိုမွ အဆင္မေျပတဲ့ အေျခအေနေတြရင္ဆိုင္ေနရတဲ့ ျပည္သူေတြကို ဘယ္လိုအားေပးစကားနဲ႔ စိတ္သက္သာေအာင္လုပ္ေပးရမလဲဆိုတာ မစဥ္းစားတတ္ေတာ့ မတင္ျဖစ္ျပန္ဘူး။ ဒီမွာ အစားစားတိုင္း ကိုယ္နိုင္ငံကသတင္းေတြၾကည့္ၿပီး စားရတာ အားနာတယ္။ ကေလးေတြနဲ႔ သူတို႔ရယ္သံေလးေတြမွာ ၾကည္ႏူးမိတိုင္း ကိုယ့္ဟာကိုယ္ ရင္ထဲမွာက်ိတ္ၿပီး ကိုယ္လြတ္႐ုန္းထြက္လာသလို အျပစ္ရွိသလို ခံစားရတယ္။ ”

“Page မွာ ဘာေရးၿပီး ဘယ္ကေနဘယ္လိုျပန္စရမလဲေတာင္ မသိေတာ့ဘူး။ အခုခ်ိန္မွာ တတ္နိုင္သေလာက္ အပိုေတြမသုံးပဲ စုေဆာင္းၿပီး တတ္နိုင္သေလာက္ အနီးနားပတ္ဝန္းက်င္ကို မၽွေဝေပးတဲ့ အလုပ္ေတြ လုပ္နိုင္ၾကပါေစ။ ကမၼတရား တပတ္ျမန္ျမန္လည္ၿပီး အားလုံးလိုခ်င္တဲ့ ပန္းတိုင္ကို အျမန္ဆုံးေရာက္ပါေစလို႔ပဲ အႀကိမ္ႀကိမ္ဆုေတာင္းေန မိေတာ့တယ္။” ဆိုၿပီးေျပာလာပါတယ္။သႏၲာလွိုင္ကေတာ့ အေျခအေန၊ အေၾကာင္းေၾကာင့္ေၾကာင့္ ျပည္ပနိုင္ငံကိုေရာက္ရွိသြားေပမယ့္ ျပည္တြင္းက သတင္းေတြေၾကာင့္ အစားစားတာေတာင္မဝင္ေၾကာင္း စိတ္မေကာင္းစြာေျပာလာတာပဲျဖစ္ပါတယ္။

Source: Thandar Hlaing သႏၲာလွိုင္’s fb
Credit:Myanmar Celebrity

ပြည်ပနိုင်ငံကို ရောက်ရှိနေပေမယ့် မြန်မာပြည်ကဖြစ်ပျက်နေတဲ့အပေါ် စိတ်မကောင်းဝမ်းနည်းနေရကြောင်း စာလေးတစ်ကြောင်းရေးသားလာတဲ့ သန္တာလှိုင်

နိုင်ငံကျော် စူပါမော်ဒယ်လ် သန္တာလှိုင် ကတော့ မြန်မာ့နွေဦးတော် လှန်ရေးမှာ တက်တက်ကြွကြွ ပါဝင်လှုပ်ရှား ခဲ့သူ တစ်ယောက်ဖြစ်ပါတယ်။ သန္တာလှိုှုင်က ပြီးခဲ့တဲ့လပိုင်းက ပြည်ပ ထွက်ခွာဖို့ လေဆိပ်ရောက်ရှိနေစဉ် လေဆိပ်မှာ စကစရဲ့ တားဆီးခြင်းခံခဲ့ရပေမယ့် သြစတေးလျနိုင်ငံသား Passport ကိုင်ဆောင်ထားတာကြောင့် လိုရာခရီးကို ဆက်လက်ထွက်ခွာလာနိုင်ခဲ့တာဖြစ်ပါတယ်။ အခုဆိုရင် သားနဲ့သမီးရှိရာ ပြည်ပနိုင်ငံကိုရောက်ရှိနေပြီဖြစ်တဲ့ သန္တာလှိုှုင်က အစားစားရင်တောင် လိပ်ပြာမလုံကြောင်း အခုလိုပဲပြောလာပါတယ်။

“နိုင်ငံအပြင်ရောက်လို့ ဒီမှာဘာလုပ်လုပ် အဆင်ပြေတိုင်း အရင်က တိုးတက်နေတဲ့ ကျွန်မတို့နိုင်ငံကို ပြန်တောင့်တ မိတယ်။ ပုံအလှလေးတွေ တင်မယ်လို့ စိတ်ကူးလိုက်ရင် ဘယ်လိုမှ အဆင်မပြေတဲ့ အခြေအနေတွေရင်ဆိုင်နေရတဲ့ ပြည်သူတွေကို ဘယ်လိုအားပေးစကားနဲ့ စိတ်သက်သာအောင်လုပ်ပေးရမလဲဆိုတာ မစဉ်းစားတတ်တော့ မတင်ဖြစ်ပြန်ဘူး။ ဒီမှာ အစားစားတိုင်း ကိုယ်နိုင်ငံကသတင်းတွေကြည့်ပြီး စားရတာ အားနာတယ်။ ကလေးတွေနဲ့ သူတို့ရယ်သံလေးတွေမှာ ကြည်နူးမိတိုင်း ကိုယ့်ဟာကိုယ် ရင်ထဲမှာကျိတ်ပြီး ကိုယ်လွတ်ရုန်းထွက်လာသလို အပြစ်ရှိသလို ခံစားရတယ်။ ”

“Page မှာ ဘာရေးပြီး ဘယ်ကနေဘယ်လိုပြန်စရမလဲတောင် မသိတော့ဘူး။ အခုချိန်မှာ တတ်နိုင်သလောက် အပိုတွေမသုံးပဲ စုဆောင်းပြီး တတ်နိုင်သလောက် အနီးနားပတ်ဝန်းကျင်ကို မျှဝေပေးတဲ့ အလုပ်တွေ လုပ်နိုင်ကြပါစေ။ ကမ္မတရား တပတ်မြန်မြန်လည်ပြီး အားလုံးလိုချင်တဲ့ ပန်းတိုင်ကို အမြန်ဆုံးရောက်ပါစေလို့ပဲ အကြိမ်ကြိမ်ဆုတောင်းနေ မိတော့တယ်။” ဆိုပြီးပြောလာပါတယ်။သန္တာလှိုင်ကတော့ အခြေအနေ၊ အကြောင်းကြောင့်ကြောင့် ပြည်ပနိုင်ငံကိုရောက်ရှိသွားပေမယ့် ပြည်တွင်းက သတင်းတွေကြောင့် အစားစားတာတောင်မဝင်ကြောင်း စိတ်မကောင်းစွာပြောလာတာပဲဖြစ်ပါတယ်။

Source: Thandar Hlaing သန္တာလှိုင်’s fb
Credit:Myanmar Celebrity