
Posted on





Credit-CeleGabar
Soure :BHoneHlyan

မြောက်ဦးဆရာတော်ထံမှာ တန်ဖိုးရှိပြီး မြင့်မြတ်တဲ့ အရာလေးတစ်ခုကို ပြုလုပ်ခဲ့ကြောင်းပရိသတ်ကြီးအား အသိပေးလာတဲ့ သရုပ်ဆောင်ဘုန်းလျှံ

ပရိသတ်ကြီးရေ ဘုန်းလျှံ ကတော့ အရပ်မြင့်မြင့်နဲ့ယောကျာ်း ပီသတဲ့ ရုပ်ရည်ကို ပိုင်ဆိုင်ထားတဲ့ မင်းသားတစ်လက်ပါ။ ပီပြင်တဲ့ သရုပ်ဆောင်ချက်နဲ့ ခပ်ကြမ်းကြမ်း ကာရိုက်တာတွေမှာလည်း ပိုင်နိုင်လွန်းတဲ့သူ့ ကိုတော့ ဗီဒီယိုဇာတ်လမ်းတွဲတွေခေတ် ထဲက အားပေးခဲ့ကြတဲ့ ပရိသတ်တွေဟာ အခုချိန်ထိပါပဲနော်။

အခုချိန်မှာလည်း အိမ်ထောင်သည် ဘဝကို ချစ်ဇနီးချောလေးနဲ့ အတူ ဖြတ်သန်းကာ သာယာပျော်ရွှင်တဲ့ အိမ်ထောင်ရေးကို ပိုင်ဆိုင်ထားသူပါ။ဒါ့အပြင်ဇာတ်လမ်းတွဲတွေမှာလည်း ပါဝင်ရိုက်ကူးလာပြီး လက်ရှိမှာလည်း ပရိသတ်တွေအထူး စိတ်ဝင်စားလျက်ရှိတဲ့အိပ်မက်ထဲက အိပ်မက်ဇာတ်လမ်းတွဲမှာလည်း ပါဝင်ထားတာပါ။

ဒီနေ့မှာတော့”မြောက်ဦးဆရာတော်ကြီးရဲ့မေတ္တာရိပ်အောက်မှာ ဒီနေ့မှ၍ သေရည်သေရက် ကိုရာသက်ပန်စွန့်လွှတ်ပြီး ဆရာတော်ကြီးအား အဲ့ကုသိုလ်ကို လှုဒါန်းပါ၏ဘုရား🙏🙏🙏ဒီနေ့ဟာတန်ဖိုးအရှိဆုံးနေ့တနေ့ဖြစ်ပါ၏ဘုရား🙏🙏🙏ဆရာတော်ကြီးကျန်းမာပါစေ🙏🙏🙏”ဆိုတဲ့စာလေးနဲ့ သူရဲ့ တန်ဖိုးရှိတဲ့လုပ်ရပ်တစ်ခုကို ပြုလုပ်ခဲ့ကြောင်းပရိသတ်တွေ သိအောင်ပြောပြလာခဲ့တာပါ။ပရိသတ်တွေလည်း ဘုန်းလျှံရဲ့ တန်ဖိုးရှိလှတဲ့ဆုံးဖြတ်ချက်အတွက် ဂုဏ်ပြုစကားပြောကြားခဲ့ကြပါဦးနော်။

Credit-CeleGabar
Soure :BHoneHlyan