Posted on
အေးချမ်းတဲ့တရားရိပ်မှာ (၁၅)ရက်တာ တရားစခန်းဝင်ပြီး ကုသိုလ်ယူခဲ့တဲ့ ခေးဆက်သွင်
သရုပ်ဆောင် ခေးဆက်သွင် ကတော့ ရုပ်သံဇာတ်လမ်းတွဲတွေမှာ ပါဝင် သရုပ်ဆောင် ရင်းနဲ့ တစ်နိုင်ငံလုံးက ပရိသတ်တွေ အားပေးမှုကို ရရှိခဲ့တာပဲ ဖြစ်ပါတယ်။ ခေးဆက်သွင် ကတော့ တစ်နေ့တစ်ခြား အောင်မြင်လာပြီး အနုပညာ အလုပ်တွေကို လက်မလည်အောင် လုပ်ကိုင်ခဲ့ရပေမယ့် ဖေဖော်ဝါရီလကစပြီး နိုင်ငံရေးမငြိမ်သက်မှုတွေကြောင့် အလုပ်တွေအားလုံးရပ်နားခဲ့တာပဲဖြစ်ပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်း ကတော့ အနုပညာအလုပ်တွေကို ပြန်လည်လုပ်ကိုင်တော့မယ့် အကြောင်း ပရိသတ်တွေကို အသိပေးခဲ့ပြီးနောက် အလုပ်တွေကိုပြန်လည်လုပ်ကိုင်ခဲ့တဲ့ ခေးဆက်သွင် သူမရဲ့အနုပညာ အလုပ်တွေကို ခဏတာရပ်နားခဲ့ပြန်ပါတယ်။ အကြောင်းကတော့ ခေးဆက်သွင်က တရားစခန်း (၁၅) ရပ်တာဝင်ခဲ့ပြီး အေးချမ်းမှုကိုရှာဖွေနေတာကြောင့်ပဲဲဖြစ်ပါတယ်။
ခေးဆက်သွင်ကတော့ ခေတ်လူငယ် တစ်ယောက်ဖြစ်ပေမယ့် ဘာသာရေးနဲ့ ကုသိုလ်ရေးကိုလည်း အထူးလိုက်စားသူဖြစ်ပြီး အလှူအတန်းတွေကိုလည်း မကြာခဏဆိုသလို ပြုလုပ်တတ်သူလေးတစ်ယောက်ဖြစ်ပါတယ်။
Source:Khay Sett Thwin’s fb
Credit:Myanmar Celebrities