ေရသန္႕ဘူးေရာင္းတဲ့အဘြားကို ကိုယ္တိုင္သြားေရာက္ကာ အားေပးေဖးမခဲ့ၾကတဲ့ ဦးမိုးဒီနဲ႕လူရႊင္ေတာ္မိုးစက္

Posted on

ေရသန္႕ဘူးေရာင္းတဲ့အဘြားကို ကိုယ္တိုင္သြားေရာက္ကာ အားေပးေဖးမခဲ့ၾကတဲ့ ဦးမိုးဒီနဲ႕လူရႊင္ေတာ္မိုးစက္

နိုင္ငံေက်ာ္ လူရႊင္ေတာ္ႀကီး တစ္ေယာက္ လည္းျဖစ္သလို ဇာတ္ပို႔ဇာတ္ရံ သ႐ုပ္ေဆာင္ႀကီ းလည္းျဖစ္တဲ့ ဦးမိုးဒီ ကေတာ့ အကယ္ဒမီဆုႀကီး တစ္ဆုကို လက္ဝယ္ပိုင္ဆိုင္ထားသူ တစ္ေယာက္လည္း ျဖစ္ပါတယ္။ ဦးမိုးဒီက အခုဆိုရင္ အသက္အရြယ္ တစ္ခုကိုေရာက္ရွိေနၿပီမို႔ ႐ုပ္ရွင္ဇာတ္ကားေတြကို အရင္လိုမရိုက္ကူးျဖစ္ေတာ့ေပမယ့္ ပရိသတ္ေတြနဲ႔ အဆက္အသြယ္မျပတ္ေတာက္ရေအာင္ အလုပ္ေတြကို ေျဖးေျဖးနဲ႔ ပုံမွန္လုပ္ကိုင္ ေနလ်က္ရွိတာပဲျဖစ္ပါတယ္။

လူႀကီး ခ်စ္စရာေကာင္းသလို စိတ္ထား လည္းေကာင္းတဲ့ ဦးမိုးဒီက မေန႔က ဒီဇင္ဘာလ (၂၀) ရက္ေန႔မွာေတာ့ လူရႊင္ေတာ္မိုးစက္နဲ႔အတူတူ လမ္းေဘးမွာေရသန႔္ဘူးေရာင္းတဲ့ အဘြားကို ကိုယ္တိုင္ကိုယ္က်အားေပး ခဲ့တယ္လို႔ ဆိုပါတယ္။ ဦးမိုးဒီကိုယ္တိုင္လိုက္လာတဲ့အတြက္ အဘြားကလည္း ဝမ္းသာလြန္းလို႔ အားရပါးရနမ္းရႈံ႔ခဲ့သလို ဦးမိုးဒီအေနနဲ႔လည္း ပီတိျဖစ္ေနရတယ္လို႔ လူရႊင္ေတာ္မိုးစက္က သူ႔ရဲ့ေဖ့စ္ဘုတ္စာမ်က္ႏွာမွာ ေရးသားထားပါတယ္။

ဦးမိုးဒီကေတာ့ လမ္းေဘးမွာ ေရသန႔္ဘူးေရာင္းတဲ့ အဘြားကို ကိုယ္တိုင္ကိုယ္က်လိုက္ၿပီး အားေပးေဖးမေပးခဲ့တာ ၾကည္ႏူးစရာပါပဲေနာ္။ ပရိသတ္ႀကီးလည္း ဦးမိုးဒီနဲ႔ အဘြားတို႔ရဲ့ ပုံရိပ္ေလးကိုၾကည့္ၿပီး ပီတိျဖစ္ေနၾကမယ္ထင္ပါတယ္။

Source: Moe Sat’s fb
Credit:Myanmar Celebrities

ရေသန့်ဘူးရောင်းတဲ့အဘွားကို ကိုယ်တိုင်သွားရောက်ကာ အားပေးဖေးမခဲ့ကြတဲ့ ဦးမိုးဒီနဲ့လူရွှင်တော်မိုးစက်

နိုင်ငံကျော် လူရွှင်တော်ကြီး တစ်ယောက် လည်းဖြစ်သလို ဇာတ်ပို့ဇာတ်ရံ သရုပ်ဆောင်ကြီ းလည်းဖြစ်တဲ့ ဦးမိုးဒီ ကတော့ အကယ်ဒမီဆုကြီး တစ်ဆုကို လက်ဝယ်ပိုင်ဆိုင်ထားသူ တစ်ယောက်လည်း ဖြစ်ပါတယ်။ ဦးမိုးဒီက အခုဆိုရင် အသက်အရွယ် တစ်ခုကိုရောက်ရှိနေပြီမို့ ရုပ်ရှင်ဇာတ်ကားတွေကို အရင်လိုမရိုက်ကူးဖြစ်တော့ပေမယ့် ပရိသတ်တွေနဲ့ အဆက်အသွယ်မပြတ်တောက်ရအောင် အလုပ်တွေကို ဖြေးဖြေးနဲ့ ပုံမှန်လုပ်ကိုင် နေလျက်ရှိတာပဲဖြစ်ပါတယ်။

လူကြီး ချစ်စရာကောင်းသလို စိတ်ထား လည်းကောင်းတဲ့ ဦးမိုးဒီက မနေ့က ဒီဇင်ဘာလ (၂၀) ရက်နေ့မှာတော့ လူရွှင်တော်မိုးစက်နဲ့အတူတူ လမ်းဘေးမှာရေသန့်ဘူးရောင်းတဲ့ အဘွားကို ကိုယ်တိုင်ကိုယ်ကျအားပေး ခဲ့တယ်လို့ ဆိုပါတယ်။ ဦးမိုးဒီကိုယ်တိုင်လိုက်လာတဲ့အတွက် အဘွားကလည်း ဝမ်းသာလွန်းလို့ အားရပါးရနမ်းရှုံ့ခဲ့သလို ဦးမိုးဒီအနေနဲ့လည်း ပီတိဖြစ်နေရတယ်လို့ လူရွှင်တော်မိုးစက်က သူ့ရဲ့ဖေ့စ်ဘုတ်စာမျက်နှာမှာ ရေးသားထားပါတယ်။

ဦးမိုးဒီကတော့ လမ်းဘေးမှာ ရေသန့်ဘူးရောင်းတဲ့ အဘွားကို ကိုယ်တိုင်ကိုယ်ကျလိုက်ပြီး အားပေးဖေးမပေးခဲ့တာ ကြည်နူးစရာပါပဲနော်။ ပရိသတ်ကြီးလည်း ဦးမိုးဒီနဲ့ အဘွားတို့ရဲ့ ပုံရိပ်လေးကိုကြည့်ပြီး ပီတိဖြစ်နေကြမယ်ထင်ပါတယ်။

Source: Moe Sat’s fb
Credit:Myanmar Celebrities