ေမြးေန႕မွာ မြန္ျမတ္တဲ့ေကာင္းမႈကုသိုလ္ေလးျပဳလုပ္ၿပီး မိဘႏွစ္ပါးရဲ႕ေက်းဇူးကိုသိတတ္ေၾကာင္း သက္ေသျပလိုက္တဲ့ ဖူးဖူး

Posted on

ေမြးေန႕မွာ မြန္ျမတ္တဲ့ေကာင္းမႈကုသိုလ္ေလးျပဳလုပ္ၿပီး မိဘႏွစ္ပါးရဲ႕ေက်းဇူးကိုသိတတ္ေၾကာင္း သက္ေသျပလိုက္တဲ့ ဖူးဖူး

ပရိသတ္ႀကီးေရ ဖူးဖူး ကေတာ့ ပရိသတ္ေတြရဲ့ အခ်စ္ေတာ္ သ႐ုပ္ေဆာင္ မင္းသားေခ်ာ နိုင္နိုင္းရဲ့ ညီမျဖစ္ၿပီး သူကိုယ္တိုင္လည္း တစ္ေခတ္တစ္ခါက ပရိသတ္ေတြရဲ့အားေပးခ်စ္ခင္မႈကို အျပည့္အဝရရွိခဲ့တဲ့ ပရိသတ္အခ်စ္ေတာ္တစ္ေယာက္ပဲျဖစ္ပါတယ္။ လက္ရွိအခ်ိန္မွာေတာ့ ဖူးဖူးကအႏုပညာအလုပ္ေတြကိ လုပ္ကိုင္ျခင္းမရွိေတာ့ေပမဲ့ ခ်စ္ခင္ေနတဲ့ပရိသတ္ေတြကေတာ့ ယေန႔တိုင္ရွိေနပါေသးတယ္။

ဒီေန႔ ဒီဇင္ဘာလ (၉)ရက္ေန႔ေလး ကေတာ့ ဖူးဖူးရဲ့ ေမြးေန႔ရက္ျမတ္က်ေရာက္တဲ့ေန႔ရက္ေလးျဖစ္ၿပီး ဖူးဖူးကေတာ့ ဒီေန႔ေမြးေန႔ ရက္ေလးမွာ မြန္ျမတ္ၿပီး ပကာသဏကင္းမဲ့ကာ ရိုးရွင္လွတဲ့ ေကာင္းမႈကုသိုလ္ေလးေတြကို ျပဳလုပ္ခဲ့ပါတယ္။ ေမြးေန႔မွာပထမဆုံးအေနနဲ႔ သူ႔ရဲ့ေက်းဇူးရွင္မိဘႏွစ္ပါးကိုရိုေသစြာလက္စုံမိုး၍ရွိခိုးကန္ေတာ့ခဲ့ပါတယ္။ ေနာက္မွာေတာ့ ေရႊတိဂုံဘုရားကိုသြားေရာက္ဖူးေျမႇာ္ၿပီး ဘုရားေကာင္းမႈကုသိုလ္ေတြျပဳလုပ္ခဲ့တာပဲျဖစ္ပါတယ္။

ဖူးဖူး ကေတာ့ ေမြးေန႔မွာျပဳလုပ္ခဲ့တဲ့ ဒီေကာင္းမႈေတြရဲ့ အဖို႔ဘာဂကို “အားလုံးစိတ္ခ်မ္းသာ ကိုယ္က်န္းမာစြာနဲ႔ကပ္ႀကီး၃ပါးမွအျမန္ဆုံး လြတ္ေျမာက္ၾကပါေစ။ဒီအသက္အရြယ္အထိသမီးအနားမွာေအးအတူ ပူအမၽွေစာင့္ေရွာက္ေပးတဲ့ေက်းဇူးရွင္သက္ရွိမိဘေတြကိုလဲအျမဲတမ္းျပဳစုေစာင့္ေရွာက္နိုင္ခြင့္ရရပါေစ” ဆိုၿပီး ဆုေတာင္းထားခဲ့ပါေသးတယ္။ ပရိသတ္ႀကီးေရ ဖူးဖူးရဲ့ ေမြးေန႔ အတြက္ ေမြးေန႔ဆုေတာင္းေလးေတြေတာင္းေပးခဲ့ၾကပါဦးေနာ္။

Source – Phoo Phoo
Credit:– CeleGabar

မွေးနေ့မှာ မွန်မြတ်တဲ့ကောင်းမှုကုသိုလ်လေးပြုလုပ်ပြီး မိဘနှစ်ပါးရဲ့ကျေးဇူးကိုသိတတ်ကြောင်း သက်သေပြလိုက်တဲ့ ဖူးဖူး

ပရိသတ်ကြီးရေ ဖူးဖူး ကတော့ ပရိသတ်တွေရဲ့ အချစ်တော် သရုပ်ဆောင် မင်းသားချော နိုင်နိုင်းရဲ့ ညီမဖြစ်ပြီး သူကိုယ်တိုင်လည်း တစ်ခေတ်တစ်ခါက ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုကို အပြည့်အဝရရှိခဲ့တဲ့ ပရိသတ်အချစ်တော်တစ်ယောက်ပဲဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ ဖူးဖူးကအနုပညာအလုပ်တွေကိ လုပ်ကိုင်ခြင်းမရှိတော့ပေမဲ့ ချစ်ခင်နေတဲ့ပရိသတ်တွေကတော့ ယနေ့တိုင်ရှိနေပါသေးတယ်။

ဒီနေ့ ဒီဇင်ဘာလ (၉)ရက်နေ့လေး ကတော့ ဖူးဖူးရဲ့ မွေးနေ့ရက်မြတ်ကျရောက်တဲ့နေ့ရက်လေးဖြစ်ပြီး ဖူးဖူးကတော့ ဒီနေ့မွေးနေ့ ရက်လေးမှာ မွန်မြတ်ပြီး ပကာသဏကင်းမဲ့ကာ ရိုးရှင်လှတဲ့ ကောင်းမှုကုသိုလ်လေးတွေကို ပြုလုပ်ခဲ့ပါတယ်။ မွေးနေ့မှာပထမဆုံးအနေနဲ့ သူ့ရဲ့ကျေးဇူးရှင်မိဘနှစ်ပါးကိုရိုသေစွာလက်စုံမိုး၍ရှိခိုးကန်တော့ခဲ့ပါတယ်။ နောက်မှာတော့ ရွှေတိဂုံဘုရားကိုသွားရောက်ဖူးမြှော်ပြီး ဘုရားကောင်းမှုကုသိုလ်တွေပြုလုပ်ခဲ့တာပဲဖြစ်ပါတယ်။

ဖူးဖူး ကတော့ မွေးနေ့မှာပြုလုပ်ခဲ့တဲ့ ဒီကောင်းမှုတွေရဲ့ အဖို့ဘာဂကို “အားလုံးစိတ်ချမ်းသာ ကိုယ်ကျန်းမာစွာနဲ့ကပ်ကြီး၃ပါးမှအမြန်ဆုံး လွတ်မြောက်ကြပါစေ။ဒီအသက်အရွယ်အထိသမီးအနားမှာအေးအတူ ပူအမျှစောင့်ရှောက်ပေးတဲ့ကျေးဇူးရှင်သက်ရှိမိဘတွေကိုလဲအမြဲတမ်းပြုစုစောင့်ရှောက်နိုင်ခွင့်ရရပါစေ” ဆိုပြီး ဆုတောင်းထားခဲ့ပါသေးတယ်။ ပရိသတ်ကြီးရေ ဖူးဖူးရဲ့ မွေးနေ့ အတွက် မွေးနေ့ဆုတောင်းလေးတွေတောင်းပေးခဲ့ကြပါဦးနော်။

Source – Phoo Phoo
Credit:– CeleGabar