
Posted on





Source: Sai Hlawn ‘s fb

နောက်ကနေ ဓာတ်ပုံခိုးရိုက်တဲ့ ချစ်သမီးလေးကို ပြန်လည်ပညာပေးလိုက်တဲ့ အမှတ်တရလေး တစ်ခုကိုပြောပြလာတဲ့ စိုင်းလွှမ်း

အဆိုတော်၊ သရုပ်ဆောင် စိုင်းလွှမ်း ကတော့ အကယ်ဒမီ ထက်ထက်မိုးဦးနဲ့ကွာရှင်းပြီး သမီးလေးစစ်လွန်းဝတီထက် ကို တစ်ယောက်တည်းပြုစုစောင့်ရှောက်နေသူဖြစ်ပါတယ်။ အဖေနဲ့ သမီးနှစ်ယောက်တည်းသာ ရှိတဲ့ ဘဝထဲမှာ စိုင်းလွှမ်းကလည်း သမီးလေး စစ်လွန်းဝတီထက်ကို အရိပ်တကြည့်ကြည့်နဲ့ ဂရုစိုက်ပြီး စစ်လွန်းဝတီထက်ကလည်း အဖေ့ကိုအချစ်ဆုံးပဲဖြစ်ပါတယ်။ ပရိသတ်တွေကလည်း နွေးထွေးပြီး မေတ္တာတွေအပြည့်လွှမ်းခြုံထားတဲ့ စိုင်းလွှမ်းနဲ့ စစ်လွန်းဝတီထက်တို့သားအဖေနှစ်ယောက်စလုံးကို ချစ်ခင်စွာနဲ့ အားပေးနေကြတာပဲဖြစ်ပါတယ်။

သားအဖနှစ်ယောက်တည်းသာ ရှိတယ် ဆိုပေမယ့် ဘဝမှာအပျော်ရွှင်ဆုံး အချိန်တွေကို ပိုင်ဆိုင်ထားကြတဲ့ စိုင်းလွှမ်းတို့သားအဖဟာ ဒီနေ့မှာလည်း “နောက်ကနေကျနော့ကိုချောင်းပြီး ဓာတ်ပုံလိုက်ရိုက်တဲ့ဒေါ်စစ်လွန်း မိသွားရော 😅😅 သမီး လာပါဦး ပါး ချီချင်လို့ဆိုပြီးပြန်ရိုက် ပေးလိုက်တယ်😎 (timer 10s )ကို ချီရတာ မလွယ်ဘူး။ ဒီအရပ်ကြီး နဲ့ အကြာကြီးပဲ သူ့ကိုဓာတ်ပုံရိုက်ထားတာ ပါးဆက်ချီထားမဆင်းတော့ဘူးဆိုလို့ ချီထားလိုက်ရတယ် 😖🥺” ဆိုပြီး စိုင်းလွှမ်းက သူ့ရဲ့ဖေ့စ်ဘုတ်စာမျက်နှာမှာ မျှဝေပေးလာပါတယ်။

စိုင်းလွှမ်းကတော့ တစ်ယောက်တည်းရှိတဲ့ သမီးလေးအပေါ် အရမ်းချစ်သလို စစ်လွန်းဝတီထက်လေးကလည်း သူမဘဝရဲ့အချစ်ရဆုံးဖေဖေ့ကို အရမ်းချစ်တယ်ဆိုတာ ပြောဖို့တောင်လိုမယ်မထင်ပါဘူးနော်။

Source: Sai Hlawn ‘s fb
Credit:Myanmar Celebrities