အိမ်ရှေ့ဗုံးပေါက်လို့ ကြောက်ရွံ့ထိတ်လန့်နေတာကို လှောင်ပြောင် ဝမ်းသာသူတွေကြောင့် စိတ်မကောင်းဖြစ်နေရတဲ့ ခြူးလေး

Posted on

ပရိတ်သကြီးရေ… သရုပ်ဆောင် ခြူးလေးက တော့ ခုလတ်တလော မှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီး ပြည်သူလူထုနဲ့အတူ ရပ်တည်ပါတယ်လို့ ပြောခဲ့တဲ့ သူတစ်ဦးဖြစ်ပါတယ်။လက်ရှိ အခြေအနေတွေကြောင့် ရန်ကုန်မြို့အပါအဝင် နေရာဒေသ အတော်များများမှာ ပေါက်ကွဲမှုတွေ ဖြစ်ပွားနေကာ ပြည်သူတွေ တော်တော်များများ အထိတ်တလန့် ဖြစ်နေကြရတာ တွေ့ရပြီး ပြည်သူတွေကတော့ စားဝတ်နေရးအတွက် သတိထား သွားလာလှုပ်ရှား ရုန်းကန်နေကြရတာ ဖြစ်ပါတယ်။

ပေါက်ကွဲမှုတွေဟာ နေ့တိုင်းလိုလို ဖြစ်ပွားနေပြီး ဒီကနေ့မှာလည်း သရုပ်ဆောင်မင်း သမီးခြူးလေးရဲ့ နေအိမ်ရှေ့မှာလည်း ဗုံးပေါက်ကွဲမှု ဖြစ်ခဲ့တယ်လို့ သိရှိရပါတယ်။ ခြူးလေးကတော့ သူမအနေနဲ့ အသက် အန္တရာယ် မထိခိုက်ခဲ့ပေမယ့် အိမ်ရှေ့ဗုံးပေါက်လို့ ကြောက်ရွံ့ထိတ်လန့်နေတဲ့ကြားက အဆိုပါကိစ္စနဲ့ပတ်သက်ပြီး လှောင်ပြောင်ဝေဖန်ကြသူတွေကြောင့် စိတ်မကောင်းဖြစ်နေရတာ တွေ့ရပါတယ်။

“အိမ်ရှေ့မှာ ဗုံးပေါက်သွားလို့..” ဆိုပြီး ခြူးလေးက သူမရဲ့ လူမှုကွန်ယက် စာမျက်နှာကနေ ရေးသားပြောပြထားတာ ဖြစ်ပါတယ်။

ဗုံးပေါက်လို့ ထိတ်လန့်ခဲ့ရတဲ့အကြောင်း ပြောပြထားတဲ့ သူမရဲ့ပို့စ်အောက်မှာတော့ စိတ်ပူစွာနဲ့ ဂရုစိုက်ဖို့ အားပေးထားကြတဲ့ ပရိသတ်တွေရှိသလို ဝေဖန်ကြတဲ့ ပြည်သူတွေလည်း ရှိနေကြတာ တွေ့ရပါတယ်။