အသက် (၂၅)နှစ်ပြည့် မွေးနေ့ကျရောက်လာပြီဖြစ် တဲ့ ပိုင်တံခွန်

Posted on

ပရိတ်သတ်ကြီးရေ…နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းကျော် မင်းသားချောပိုင်တံခွန်ဟာ ဒီနေ့ စက်တင်ဘာလ (၁၇)ရက်နေ့မှာ (၂၅)နှစ်ပြည့်မြောက်တဲ့မွေးနေ့ရက်လေး အဖြစ်ကျရောက်ပါတယ်။

ပိုင်တံခွန်ဟာ ပြည်တွင်းမှာ တင်မကပဲပြည်ပနိုင်ငံတွေ အထိပါ ထိုးဖောအောင်မြင်နေတဲ့ အနုပညာရှင် တစ်ယောက်ပဲဖြစ်ပါတယ်။ ဆွဲဆောင်မှုရှိတဲ့ ပိုင်တံခွန်ဟာ မိန်းကလေးပရိတ်သတ်တွေ တင်အားပေးကြမ်းတာမဟုတ်ပဲ ယောကျာ်းလေး ပရိတ်သတ်တွေရဲ့ချစ်ခင်အားပေးမှုကို အပြည့်အဝ ရရှိထားတာပဲဖြစ်ပါတယ်။ စိတ်ထားဖြူစင်လွန်ပြီးဖော်ရွေတတ်တဲ့ သူရဲ့အမူအကျင့်လေးတွေက ပရိတ်သတ်ကိုထူးခြားစွာဆွဲဆောင်နေတာလည်းဖြစ်ပါတယ်။

လတ်တလောဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေတွေနဲ့ ပတ်သက်ပြီး ပိုင်တံခွန်က လူထုလှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့အတွက်ကြောင့် ပုဒ်မ၅၀၅(က)ဖြင့်အမှုဖွင့် တရားစွဲခံရတာပဲဖြစ်ပါတယ်။ ပိုင်တံခွန်ဟာတရားစွဲခံရပြီးနောက်မှာ ကျန်းမာရေးမကောင်းသဖြင့် နေအိမ်သို့ပြန်လာစဉ် ဖမ်းဆီးခံလိုက်ရတာပဲဖြစ်ပါတယ်။

ဒီနေ့သူရဲ့ မွေးနေ့လေးမှာတော့ အချုပ်အနှောင်တွေကနေ အမြန်ဆုံးလွတ်မြောက်ပြီး ဝါသနာပါတဲ့ အနုပညာအလုပ်တွေကို ပိုမိုလုပ်ဆောင်နိုင်တဲ့ ကမ္ဘာကျော် အနုပညာရှင်စစ်စစ် တစ်ယောက်ဖြစ်ပါစေလို့ ကနေမွေးနေ့ဆုမွန်ကောင်းအနေနဲ့ ဆုတောင်းပေးလိုက်ပါတယ်။

Zawgyi Version



