အလိုတော်ပြည့်ဆရာတော်ဘုရားကြီးရဲ့ သက်တော် (၇၇) နှစ်မွေးနေ့မှာ အနှေးယာဉ် (၇၈) စီးအား ဆန်၊ဆီ အပါအဝင် မီးဖိုချောင်သုံး ပစ္စည်းများ လှူဒါန်း လိုက်တဲ့ ခိုင်နှင်းဝေ

Posted on

အနုပညာအလုပ်တွေထက် ပရဟိတအလုပ်တွေကို တစိုက်မတ်မတ်နဲ့ လုပ်ဆောင်နေတာကြောင့် ပရိသတ်တွေရဲ့ ချီးကျူးခြင်ကို ခံနေရတဲ့ ပရိသတ်အချစ်တော် သရုပ်ဆောင် မင်းသမီးကြီး ခိုင်နှင်းဝေကတော့ အနုပညာအလုပ်တွေကို ရပ်နားထားကာ ပရဟိတ အလုပ်တွေကိုပဲ တစိုက်မတ်မတ် လုပ်ဆောင်နေသူတစ်ယောက်ပါ။ အခြေအနေ အကြောင်းအမျိုးမျိုးကြောင့် ဒုက္ခမျိုးစုံနဲ့ ရင်ဆိုင်ကြုံတွေ့ရတဲ့ ကလေးငယ်တွေကို လက်လှမ်းမှီသလောက် ကူညီစောင့်ရှောက်ပေးနေတဲ့ ခိုင်နှင်းဝေဟာ အများက လေးစား အချစ်ပိုနေရတဲ့ မင်းသမီး တစ်ယောက်လည်း ဖြစ်ပါတယ်။

ခိုင်နှင်းဝေကတော့ ဒီနေ့နယုန်လပြည့်နေ့မှာ ကျရောက်တဲ့ အလိုတော်ပြည့်ဆရာတော်ဘုရားကြီးရဲ့ သက်တော် (၇၇)နှစ်မွေးနေ့မှာ မွေးနေ့ အလှူအဖြစ် အနှေးယာဉ် (၇၈) စီးအား ဆန်၊ဆီ အပါအဝင် မီးဖိုချောင်သုံး ပစ္စည်းများ ပါဝင်လှူဒါန်းခဲ့ပါတယ်။

ထိုကဲ့သို့လှူဒါန်းမှုအား သူမရဲ့ Facebook စာမျက်နှာမှာ ယခုလို ရေးသား ထားပါတယ်။

နယုန်လပြည့်နေ့” အလိုတော်ပြည့်ဆရာတော်ကြီးရဲ့ (၇၇) နှစ်ပြည့် မွေးနေ့ မှာ ဆရာတော်ကြီး မြန်မာပြည်မှာ မရှိပေမဲ့ မွေးနေ့ အလှူအဖြစ် အနှေးယာဉ် (၇၈) စီးအား ဆန်၊ဆီ အပါအဝင် မီးဖိုချောင်သုံး ပစ္စည်းများ လှူဒါန်းရာတွင် ပါဝင် ကူညီ လှူဒါန်းပေးခဲ့ပါတယ်..ဆရာတော်ကြီး သက်တော် ရာကျော် ရှည်ပါစေ..ဒိီထက်မက သာသနာတွေ ပြုနိုင်ပါစေ ဘုရား..🙏🙏🙏…” ဆိုပြီး မြင်သူတိုင်း ကုသိုလ် ပွားနိုင်စေဖို့ ပိုစ့်လေး တင်ထားတာကို Rangoon Times ပရိသတ်ကြီးပါ ကုသိုလ် ပွားနိုင်ရန် ဖော်ပြပေးလိုက်ပါတယ်။

Na Nge (Rangoon Times)

Zawgyi Version

အႏုပညာအလုပ္ေတြထက္ ပရဟိတအလုပ္ေတြကို တစိုက္မတ္မတ္နဲ႔ လုပ္ေဆာင္ေနတာေၾကာင့္ ပရိသတ္ေတြရဲ့ ခ်ီးက်ဴးျခင္ကို ခံေနရတဲ့ ပရိသတ္အခ်စ္ေတာ္ သ႐ုပ္ေဆာင္ မင္းသမီးႀကီး ခိုင္ႏွင္းေဝကေတာ့ အႏုပညာအလုပ္ေတြကို ရပ္နားထားကာ ပရဟိတ အလုပ္ေတြကိုပဲ တစိုက္မတ္မတ္ လုပ္ေဆာင္ေနသူတစ္ေယာက္ပါ။ အေျခအေန အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ဒုကၡမ်ိဳးစုံနဲ႔ ရင္ဆိုင္ၾကဳံေတြ႕ရတဲ့ ကေလးငယ္ေတြကို လက္လွမ္းမွီသေလာက္ ကူညီေစာင့္ေရွာက္ေပးေနတဲ့ ခိုင္ႏွင္းေဝဟာ အမ်ားက ေလးစား အခ်စ္ပိုေနရတဲ့ မင္းသမီး တစ္ေယာက္လည္း ျဖစ္ပါတယ္။

ခိုင္ႏွင္းေဝကေတာ့ ဒီေန႔နယုန္လျပည့္ေန႔မွာ က်ေရာက္တဲ့ အလိုေတာ္ျပည့္ဆရာေတာ္ဘုရားႀကီးရဲ့ သက္ေတာ္ (၇၇)ႏွစ္ေမြးေန႔မွာ ေမြးေန႔ အလႉအျဖစ္ အေႏွးယာဥ္ (၇၈) စီးအား ဆန္၊ဆီ အပါအဝင္ မီးဖိုေခ်ာင္သံုး ပစၥည္းမ်ား ပါ၀င္လွဴဒါန္းခဲ့ပါတယ္။

ထိုကဲ့သို႕လွဴဒါန္းမႈအား သူမရဲ႕ Facebook စာမ်က္ႏွာမွာ ယခုလို ေရးသား ထားပါတယ္။

နယုန္လျပည့္ေန႔” အလိုေတာ္ျပည့္ဆရာေတာ္ႀကီးရ႔ဲ (၇၇) ႏွစ္ျပည့္ ေမြးေန႔ မွာ ဆရာေတာ္ႀကီး ျမန္မာျပည္မွာ မရွိေပမ့ဲ ေမြးေန႔ အလႉအျဖစ္ အေႏွးယာဥ္ (၇၈) စီးအား ဆန္၊ဆီ အပါအဝင္ မီးဖိုေခ်ာင္သံုး ပစၥည္းမ်ား လႉဒါန္းရာတြင္ ပါဝင္ ကူညီ လႉဒါန္းေပးခ့ဲပါတယ္..ဆရာေတာ္ႀကီး သက္ေတာ္ ရာေက်ာ္ ရွည္ပါေစ..ဒိီထက္မက သာသနာေတြ ျပဳႏိုင္ပါေစ ဘုရား..🙏🙏🙏…” ဆိုျပီး ျမင္သူတိုင္း ကုသိုလ္ ပြားႏိုင္ေစဖို႕ ပိုစ့္ေလး တင္ထားတာကို Rangoon Times ပရိသတ္ၾကီးပါ ကုသုိလ္ ပြားႏိုင္ရန္ ေဖာ္ျပေပးလိုက္ပါတယ္။

Na Nge (Rangoon Times)