အဆိုတော် ပိုပိုနဲ့ပတ်သက်ပြီး ထွက်ပေါ် နေတဲ့သတင်းမှားတွေကို မယုံကြဖို့နဲ့ သတင်မှန်ကို ပြောပြလိုက်တဲ့ မိသားစုဝင်တစ်ဦး

Posted on

ပြည်သူချစ် အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ ပိုပိုကတော့ သီချင်းအေးအေးလေးတွေကို ချိုသာတဲ့ အသံလေးနဲ့သီဆိုဖျော်ဖြေရင်း ပရိတ်သတ် အားပေးမှုကို အပြည့်ပဝရရှိခဲ့တဲ့သူတစ်ယောက်ပဲဖြစ်ပါတယ်။အဆိုတော်ပိုပိုကလတ်တလော မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေနဲ့ပတ်သက်ပြီး သူမတတ်နိုင်တဲ့ ဘက်ကနေအပြည့်အဝ ရပ်တည်ပေးခဲ့တဲ့သူလည်းဖြစ်ပါတယ်နော်။

အခုလိုမျိုးလူထုလှုပ်ရှားမှုမှာပါဝင်ခဲ့တဲ့အတွက် ပုဒ်မ ၅၀၅(က)နဲ့အမှုဖွင့်ဝရမ်းထုတ်ခံခဲ့ရပြီး သူမရဲ့နေအိမ်မှာပဲ ဖမ်းဆီးခံလိုက်ရတာဖြစ်ပါတယ်။ ပိုပိုတစ်ယောက် ဖမ်းဆီးခံလိုက်ရတဲ့ အချိန်မှာ သူမကိုချစ်တဲ့ ပရိတ်သတ်တွေဟာဆိုရင် အလွန်ပဲဝမ်းနည်းကြေကွဲခဲ့ကြရတာပဲဖြစ်ပါတယ်။

ဒီတစ်ခါမှာဆိုရင်လည်းအဆိုတော်ပိုပို ရဲ့သတင်းမှားတွေ မကြာခဏ တက်နေပေမဲ့ သူမဟာ အင်းစိန် ထောင်အတွင်း ကျန်းမာစွာရှိကြောင်း မနေ့ ဇွန်လ ၁၀ ရက်နေ့မှာ ကိုယ်တိုင် ထောင်ဝင်စာ သွားတွေ့ခဲ့သူ မိသားစုဝင်က အခုလိုပြောပြခဲ့ပါတယ်။

” ပိုပို ကျန်းမာရေးလည်းကောင်းတယ်၊ ဖေ့ဘွတ်ခ်မှာ တက်နေသလို ရူးလည်း မရူးသွား သလို၊ သေလည်း မသေပါဘူး ၊ အစစ အရာရာ အဆင်ပြေပါတယ်။ ပိုပို နဲ့ အတူ အခြား အနုပညာရှင်တွေလည်းရှိတော့ သူတို့အားလုံးလည်း ကျန်းမာရေးကောင်းကြတယ်။ တခြား ထွေထွေထူးထူး ဘာမှ လုပ်စရာ မရှိတော့ စာအုပ်ဖတ်တယ်၊ ဘုရားတရားပို လုပ်ဖို့ အချိန်ရတယ်လို့ သူကပြောပါတယ်။

နောက် ပရိသတ်တွေကို လည်း အခြေမြစ်မရှိတဲ့ သတင်းအမှားတွေ အပေါ် မစိုးရိမ်ကြပါနဲ့ လို့လည်း ပြောချင်ပါတယ်” လို့ ပြောလာခဲ့တာပဲဖြစ်ပါတယ်နော်။ပိုပိုတစ်ယောက် အမြန်ဆုံးပြန်လည်လွတ်မြောက်ပြီး ချစ်တဲ့ ပရိတ်သတ်တွေနဲ့အရင်လိုပဲ သီချင်းကောင်းလေးတွေ သီဆိုရင်းပျော်ရွှင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။