အစ္ကိုျဖစ္သူေရမြန္ကြယ္လြန္ျခင္း (၆)လျပည့္ေန႔အတြက္ အလႉသြားလုပ္ခဲ့တဲ့ ျပည္ၿမိဳ႕က ပရိသတ္ေတြေၾကာင့္ အံ့ၾသ၀မ္းသာျဖစ္သြားရပံုကို ေျပာျပလာတဲ့ လျပည့္ကဗ်ာ

Posted on

အစ္ကိုျဖစ္သူေရမြန္ကြယ္လြန္ျခင္း (၆)လျပည့္ေန႔အတြက္ အလႉသြားလုပ္ခဲ့တဲ့ ျပည္ၿမိဳ႕က ပရိသတ္ေတြေၾကာင့္ အံ့ၾသ၀မ္းသာျဖစ္သြားရပံုကို ေျပာျပလာတဲ့ လျပည့္ကဗ်ာ

အဆိုေတာ္ေရမြန္ ကေတာ့ လူေသသြား ခဲ့ေပမယ့္ နာမည္တြင္ က်န္ရစ္ေနဆဲျဖစ္တဲ့ အႏုပညာရွင္ တစ္ေယာက္ျဖစ္ပါတယ္။ ကြယ္လြန္သြားခဲ့တာ (၆) လေက်ာ္ခဲ့ၿပီဆိုေပမယ့္ ပရိသတ္ေတြ ကေတာ့ ဒီေန႔ဒီအခ်ိန္ထိ သတိရရင္း ေရမြန႔္အတြက္ ေကာင္းမႈ ကုသိုလ္ေတြျပဳလုပ္ေပးေနၾကဆဲျဖစ္ပါတယ္။ ဒီကေန႔မွာလည္း ေရမြန္ရဲ့ညီမျဖစ္သူ လျပည့္ကဗ်ာက ေရမြန္ကြယ္လြန္ျခင္း (၆) လျပည့္ေန႔အတြက္ အလႉသြားလုပ္ခဲ့တဲ့ ျပည္ၿမိဳ႕မွာ ပရိသတ္ေတြရဲ့ ကူညီေစာင့္ေရွာက္ေပးမႈကို အခုလိုပဲေျပာလာပါတယ္။

“၆လျပည့္အတြက္ အေကာင္းဆုံ းလႉတန္းေပးခဲ့တယ္။ ေနာက္ထပ္ က်ေရာက္မယ့္ လေတြ ႏွစ္ေတြမွာလဲ ဒီထပ္ပိုပီး လႉေပးမယ္။ ျပည္သူ ျပည္သားေတြလဲ တအားေႏြးေထြးၾကတယ္။ ဆိုင္ထိုင္ၿပီဆို ထိုင္တဲ့ဆိုင္မွာ ကိုယ္စားတာေတြ အကုန္ရွင္းေပးသြားတယ္။ ကိုယ္ေတြမွာ အားနာလို႔ အျမန္ျပန္ထြက္ခဲ့ရတယ္။ Pyay River Bank အပန္းေၿဖ တဲ့ေနရာေလးမွာလဲ Raymond Tree ေလးအမွတ္တရစိုက္ထားတယ္။ ပိုင္ရွင္အကိုကလဲ ကိုတြတ္ကို အရမ္းခ်စ္တာ။ အေမေရာက္လာေတာ့ ကိုတြတ္ fan ေတြ အမ်ားႀကီးလာႏုွတ္ဆက္ၾကတယ္။ သတိေတြလဲရ ငိုလဲငိုၾကေပါ့ေလ။ ၆လျပည့္ေန႔ ေလးကေတာ့ တကယ့္အမွတ္တရေလးပါပဲ။ ျပည္ၿမိဳ႕က ပရိတ္သတ္ေတြ အားလုံးကိုလဲ ဘပီကိုယ္စားေက်းဇူးအမ်ားႀကီးတင္ပါတယ္” ဆိုၿပီးေျပာလာခဲ့ပါတယ္။

ေရမြန္ကေတာ့ လူမရွိေတာ့ေပမယ့္ ပရိသတ္ေတြရဲ့ အခ်စ္ေတြကိုအမ်ားႀကီးေထြးေပြ႕ရရွိထားခဲ့ တာပဲျဖစ္ပါတယ္။ ေရမြန္တစ္ေယာက္လည္း အခုဆိုရင္ ေကာင္းမြန္တဲ့ဘဝသစ္တစ္ခုမွာ အဆင္ေျပေျပရွိေနေလာက္ၿပီလို႔ ေမၽွာ္လင့္ပါတယ္။

Source: Lapyae Gabyar ‘s fb
Credit:Myanmar Celebrities

အစ်ကိုဖြစ်သူရေမွန်ကွယ်လွန်ခြင်း (၆)လပြည့်နေ့အတွက် အလှူသွားလုပ်ခဲ့တဲ့ ပြည်မြို့က ပရိသတ်တွေကြောင့် အံ့သြဝမ်းသာဖြစ်သွားရပုံကို ပြောပြလာတဲ့ လပြည့်ကဗျာ

အဆိုတော်ရေမွန် ကတော့ လူသေသွား ခဲ့ပေမယ့် နာမည်တွင် ကျန်ရစ်နေဆဲဖြစ်တဲ့ အနုပညာရှင် တစ်ယောက်ဖြစ်ပါတယ်။ ကွယ်လွန်သွားခဲ့တာ (၆) လကျော်ခဲ့ပြီဆိုပေမယ့် ပရိသတ်တွေ ကတော့ ဒီနေ့ဒီအချိန်ထိ သတိရရင်း ရေမွန့်အတွက် ကောင်းမှု ကုသိုလ်တွေပြုလုပ်ပေးနေကြဆဲဖြစ်ပါတယ်။ ဒီကနေ့မှာလည်း ရေမွန်ရဲ့ညီမဖြစ်သူ လပြည့်ကဗျာက ရေမွန်ကွယ်လွန်ခြင်း (၆) လပြည့်နေ့အတွက် အလှူသွားလုပ်ခဲ့တဲ့ ပြည်မြို့မှာ ပရိသတ်တွေရဲ့ ကူညီစောင့်ရှောက်ပေးမှုကို အခုလိုပဲပြောလာပါတယ်။

“၆လပြည့်အတွက် အကောင်းဆုံ းလှူတန်းပေးခဲ့တယ်။ နောက်ထပ် ကျရောက်မယ့် လတွေ နှစ်တွေမှာလဲ ဒီထပ်ပိုပီး လှူပေးမယ်။ ပြည်သူ ပြည်သားတွေလဲ တအားနွေးထွေးကြတယ်။ ဆိုင်ထိုင်ပြီဆို ထိုင်တဲ့ဆိုင်မှာ ကိုယ်စားတာတွေ အကုန်ရှင်းပေးသွားတယ်။ ကိုယ်တွေမှာ အားနာလို့ အမြန်ပြန်ထွက်ခဲ့ရတယ်။ Pyay River Bank အပန်းဖြေ တဲ့နေရာလေးမှာလဲ Raymond Tree လေးအမှတ်တရစိုက်ထားတယ်။ ပိုင်ရှင်အကိုကလဲ ကိုတွတ်ကို အရမ်းချစ်တာ။ အမေရောက်လာတော့ ကိုတွတ် fan တွေ အများကြီးလာနုှတ်ဆက်ကြတယ်။ သတိတွေလဲရ ငိုလဲငိုကြပေါ့လေ။ ၆လပြည့်နေ့ လေးကတော့ တကယ့်အမှတ်တရလေးပါပဲ။ ပြည်မြို့က ပရိတ်သတ်တွေ အားလုံးကိုလဲ ဘပီကိုယ်စားကျေးဇူးအများကြီးတင်ပါတယ်” ဆိုပြီးပြောလာခဲ့ပါတယ်။

ရေမွန်ကတော့ လူမရှိတော့ပေမယ့် ပရိသတ်တွေရဲ့ အချစ်တွေကိုအများကြီးထွေးပွေ့ရရှိထားခဲ့ တာပဲဖြစ်ပါတယ်။ ရေမွန်တစ်ယောက်လည်း အခုဆိုရင် ကောင်းမွန်တဲ့ဘဝသစ်တစ်ခုမှာ အဆင်ပြေပြေရှိနေလောက်ပြီလို့ မျှော်လင့်ပါတယ်။

Source: Lapyae Gabyar ‘s fb
Credit:Myanmar Celebrities