Posted on
Credit:Cele Thadin
အင်းစိန်ထောင်ထဲမှာ ဖမ်းဆီးထိမ်းသိမ်းခံထားရတဲ့ အဆိုတော်ပိုပိုရဲ့ လက်ရှိအခြေအနေကို ပြောပြလာတဲ့ ပြည်သူတစ်ဦး
ပရိသတ်ကြီးရေ အဆိုတော် ပိုပိုတစ်ယောက် ပုဒ်မ ၅၀၅(က) ဖြင့် တရားစွဲဆို ခံထားရတာ အချိန်ကာလ အတော်ကြာမြင့်နေပြီ ဖြစ်ပါတယ်။ အခုချိန်ထိ လွတ်မြောက်ခြင်း မရှိသေးဘဲ ထောင်ထဲမှာ ပင်ပန်းဆင်းရဲစွာ နေထိုင်နေရတာ ဖြစ်ပါတယ်။ မကြာသေးခင်က ပိုပိုရဲ့ ဆွေမျိုးနီးစပ်တစ်ဦးမှ ထောင်ထဲတွင် ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ အဆိုတော်ပိုပိုရဲ့ လက်ရှိ အခြေအနေကို ဖွင့်ဟပြောပြလာတာ ဖြစ်ပါတယ်။
” ညီမလေးရဲ့ဒီနေ့ ရုံးချိန်းမှာ သက်သေအဖြစ်နဲ့ သွားတွေ့ခဲ့တယ်။ သူအဆင်‌ပြေပါတယ်။ကျန်းမာရေးလည်းကောင်း ပါတယ်။စစချင်းတွေ့တော့ ညီအမတွေ ဖတ်ပြီး စိတ်မကောင်း ဖြစ်ပြီး ငိုခဲ့ရပါသေး တယ်။နဲနဲ ကြာမှ သူ ပြုံးလာတာကို အစ်မဖြစ်သူ မြင်တွေ့ရပါတယ်။
မိသားစုတွေ မြင်တော့ စကားတွေ ပြောချင်လို့ ထမင်းတောင် မဆာတော့ ဘူးတဲ့ သူဗိုက် ပြည့်သွားပြီတဲ့ ။သူခဏတာပျော်ရွှင်နေ တာကို မြင်တွေ့ရတော့ ကိုယ်လည်းသူနဲ့အတူ ပျော်ရွှင်မိပါတယ်။ဘာပဲ ဖြစ်ဖြစ် အမြန်ဆုံးလွတ်‌မြောက်ပါစေ ညီမလေး။🙏🙏🙏 ” ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်။
Credit:Cele Thadin