အခ်စ္ဆံုးသားေလးအျမန္လြတ္ေျမာက္ေစရန္ တန္ခိုးႀကီးဘုရားေတြမွာ ဆုေတာင္းေမတၱာေတြပို႕သေနတဲ့ ပိုင္တံခြန္ရဲ႕မိခင္

Posted on

အခ်စ္ဆံုးသားေလးအျမန္လြတ္ေျမာက္ေစရန္ တန္ခိုးႀကီးဘုရားေတြမွာ ဆုေတာင္းေမတၱာေတြပို႕သေနတဲ့ ပိုင္တံခြန္ရဲ႕မိခင္

သ႐ုပ္ေဆာင္နဲ႔ ေမာ္ဒယ္လ္ပိုင္တံခြန္ ကေတာ့ ေႏြဦးေတာ္လွန္ေရး ခရီးစဥ္မွာ ျပည္သူေတြနဲ႔ တစ္သားတည္းရပ္တည္ခဲ့သူ တစ္ေယာက္ျဖစ္ပါတယ္။ လက္ရွိမွာလည္း ႏိုင္ငံေရးလႈပ္ရွားမႈေၾကာင့္ အလုပ္ၾကမ္းနဲ႔ ေထာင္ဒဏ္ (၃) ႏွစ္ခ်မွတ္ခံခဲ့ရတဲ့ ပိုင္တံခြန္အတြက္ သူ႔ရဲ႕မိသားစုဝင္ေတြကလည္း ေၾကကြဲဝမ္းနည္းေနရသလို ပရိသတ္ေတြ၊ မိတ္ေဆြ သူငယ္ခ်င္းေတြကလည္း စိတ္မေကာင္းဝမ္းနည္းေနၾကတာပဲျဖစ္ပါတယ္။

အထူးသျဖင့္ ပိုင္တံခြန္ရဲ႕မိခင္ႀကီးက က်န္းမာေရးမေကာင္းတဲ့ ထဲက သားျဖစ္သူအတြက္ ေန႔စဥ္ေန႔တိုင္း ဆိုသလို စိတ္ထိခိုက္ေၾကကြဲေနရ တာပဲျဖစ္ပါတယ္။ ဒီတစ္ေခါက္မွာလည္း ပိုင္တံခြန္ရဲ႕ေမေမက ဗိုလ္တစ္ေထာင္ ဘိုးဘိုးႀကီးဆီမွာ ကန္ေတာ့ပြဲေတြကပ္ေပးရင္း သားျဖစ္သူအျမန္ဆုံးလြတ္ေျမာက္လာေစဖို႔ ဆုေတာင္းေပးေနတာကို ေတြ႕ရပါတယ္။

ပိုင္တံခြန္ရဲ႕မိခင္ကလည္း သားျဖစ္သူ အျမန္ဆုံးလြတ္ေျမာက္လာေစဖို႔ ဆုေတာင္းေပးေန သလို ပိုင္တံခြန္ကလည္း အက်ဥ္းေထာင္ထဲမွာ ေမေမနဲ႔ ေဖေဖကို သတိရေနမယ္ဆိုတာ အေသအခ်ာပါပဲ။

Source: May Chit Thway’s fb
Credit:Myanmar Celebrities

အချစ်ဆုံးသားလေးအမြန်လွတ်မြောက်စေရန် တန်ခိုးကြီးဘုရားတွေမှာ ဆုတောင်းမေတ္တာတွေပို့သနေတဲ့ ပိုင်တံခွန်ရဲ့မိခင်

သရုပ်ဆောင်နဲ့ မော်ဒယ်လ်ပိုင်တံခွန် ကတော့ နွေဦးတော်လှန်ရေး ခရီးစဉ်မှာ ပြည်သူတွေနဲ့ တစ်သားတည်းရပ်တည်ခဲ့သူ တစ်ယောက်ဖြစ်ပါတယ်။ လက်ရှိမှာလည်း နိုင်ငံရေးလှုပ်ရှားမှုကြောင့် အလုပ်ကြမ်းနဲ့ ထောင်ဒဏ် (၃) နှစ်ချမှတ်ခံခဲ့ရတဲ့ ပိုင်တံခွန်အတွက် သူ့ရဲ့မိသားစုဝင်တွေကလည်း ကြေကွဲဝမ်းနည်းနေရသလို ပရိသတ်တွေ၊ မိတ်ဆွေ သူငယ်ချင်းတွေကလည်း စိတ်မကောင်းဝမ်းနည်းနေကြတာပဲဖြစ်ပါတယ်။

အထူးသဖြင့် ပိုင်တံခွန်ရဲ့မိခင်ကြီးက ကျန်းမာရေးမကောင်းတဲ့ ထဲက သားဖြစ်သူအတွက် နေ့စဉ်နေ့တိုင်း ဆိုသလို စိတ်ထိခိုက်ကြေကွဲနေရ တာပဲဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာလည်း ပိုင်တံခွန်ရဲ့မေမေက ဗိုလ်တစ်ထောင် ဘိုးဘိုးကြီးဆီမှာ ကန်တော့ပွဲတွေကပ်ပေးရင်း သားဖြစ်သူအမြန်ဆုံးလွတ်မြောက်လာစေဖို့ ဆုတောင်းပေးနေတာကို တွေ့ရပါတယ်။

ပိုင်တံခွန်ရဲ့မိခင်ကလည်း သားဖြစ်သူ အမြန်ဆုံးလွတ်မြောက်လာစေဖို့ ဆုတောင်းပေးနေ သလို ပိုင်တံခွန်ကလည်း အကျဉ်းထောင်ထဲမှာ မေမေနဲ့ ဖေဖေကို သတိရနေမယ်ဆိုတာ အသေအချာပါပဲ။

Source: May Chit Thway’s fb
Credit:Myanmar Celebrities