Posted on
Credit:Cele Thadin
အခုချိန်ထိ အောင်မြင်မှုသရဖူကိုဆောင်းထားဆဲဖြစ်ပြီး ဆယ်ကျော်သက်တွေနဲ့အပြိုင်လှပနုပျိုနေတဲ့ အဆိုတော်ကော်နီရဲ့ ပရိသတ်တွေမသိသေးတဲ့ ဘဝဇာတ်ကြောင်းအပြည့်အစုံ
ဒီတစ်ခေါက်မှာကော ဘယ်အနုပညာရှင်ရဲံ အကြောင်းကို ကျွန်မတို့ရွေးချယ် ထားတယ်လို့ ထင်ပါသလဲနော်။ ဒီတစ်ခေါက် ကျွန်မတို့ရွေးချယ်ထားတဲ့ အနုပညာရှင်ကတော့ နာမည်ကြီးမြန်မာ အဆိုတော် တစ်ယောက်ဖြစ်ပြီး အသံပါဝါကြီးကြီးနဲ့ မာန်ပါပါတေးသိချင်းများကိုသီဆိုတတ်တဲ့ ဟဲဗီမက်တယ်တေးသီးချင်းတွေနဲ့ပေါ့သီချင်းတွေကိုသီဆိုသူ အမျိုးသမီးဝါရင့်အဆိုတော်ကြီးကော်နီရဲ့အကြောင်းးကိုတင်ဆက်ပေးသွားတာပဲဖြစ်ပါတယ်။ကော်နီဟာ ၁၉၈၀ အစောပိုင်းကာလတွေဆီကနေ ၁၉၉၀ နောက်ပိုင်းကာလတွေထိနာမညကျော်ကြားခဲ့တဲ့အမျိုးသမီးတေးသံရှင်တစ်ဦးဖြစ်ပြီး သီချင်းအယ်ဘမ်ပေါင်းများစွာနဲ့သီချင်းပေါင်းများစွာကိုထုတ်လုပ်ခဲ့ပြီးအောင်မြင်မှုရရှိခဲ့တဲ့အဆိုတော်တစ်ယောက်ဖြစ်ခဲ့ပါတယ်။ကော်နီဟာ နာမည်ကြီးအဆိုတော်များဖြစ်တဲ့ တူးတူး၊ဟေမာနေဝင်း၊ချစ်ကောင်းတို့နဲ့အရမ်းရင်းနှီးပြီး ရှိုးပွဲတွေအတူတူပြုလုပ်နေကြဖြစ်ကာအောင်မြင်လာတော့လဲ အချိန်အတူတူထဲကအောင်မြင်လာတာဖြစ်ပါတယ်။ကဲ ဒီတစ်ခေါ်ကမှာ တော့ သီချင်းတွေကိုမာန်ပါပါနဲ့ဆိုတတ်ပြီး ယောက်ကျားဆန်တဲ့အသွင်အပြင်နဲ့ အဆိုတော် ကော်နီရဲံအနုပညာဘဝဖြတ်သန်းမှဒအကြောင်းကိုတင်ဆက်ပေးသွားမှာဖြစ်လို့ဆက်လက်အားပေးကြည့်ရှကြပါလို့ပြောချင်ပါတယ်နော်။ဗီဒီယိုလေးကိုစလိုက်ကြရအောင်နော်။
အဆိုတော်ကော်နီဟာ ၁၉၈၆ ခုနှစ်ကနေပြီးတော့ ၁၉၉၀ ခုနှစ်ကြားမှာ လျမ်းလျမ်တောက်အောင်မြင် ခဲသော အဆိုတော် တစ်ဦးဖြစ်ခဲ့ပြီး ဂီတအပေါ်ရူးသွပ်မှုကလဲ အံ့မခန်းပါပဲ။ကော်နီဟာ မီးပြတိုက်၊ကိုကို ချစ်ဆိုတဲ့တေးသီချင်းတွေနဲ့ ပရိတ်သတ်တွေရဲ့ရင်ဘတ်ထဲကိုရောက်ရှိ လာခဲ့ပြီးဂီတာ အနုပညာလောကမှာလဲ ဆရာတစ်ဆူဖြစ်ပါတယ်။ကော်နီဟာ ငယ်စဉ်ကတည်းက ဂီတ်အနုပညာကိုဝါသနာပါလာခဲ့ပြီး အဆိုတော်အဖြစ် ဂီတလောကထဲကို စတင်ဝင်ရောက်လာစဉ်က ၈တန်းနှစ်ကျောင်းသူ အရွယ်ပဲရှိသေးတယ်လို့ဆိုပါတယ်။နောက်ခံအဆိုတော် တစ်ယောက်အဖြစ် new wave band မှာ နောကခံသီချင်းသီဆိုသူအဖြစ် ဂီတလောကထဲကိုဝင်ရောက်လာခဲ့ပါတယ်။နောက်ခံတေးဂီတအဖြစ်ရွေးချယ်ခံခဲ့ရပြီး နာမည်ကြီးအဆိုတော်တွေဖြစ်တဲ့ မီမီဝင်ဖေ၊ငြိမ်းငြိမ်းအိတို့ရဲ့သီချင်း်ဆိုပုံတွေကိုကြိုက်နှစ်သက်အားကျခဲ့ရတယ်လို့ဆိုပါတယ်။ကော်နီဟာရှမ်းပြည်နယ်တောင်ကြီးမှာမွေးဖွားခဲ့တဲ့တောင်ကြီးသူတစ်ယောက်ဖြစ်ပြီး ဝန်ထမ်းသားသမီးပီပီ ရန်ကုန် မင်္ဂလာဒုံကိုပြောင်းရွေ့လာခဲ့ပြီး new wave bandမှာဝင်ရောက်အရွေးချယ်ခံခဲ့ရတယ်လို့ဆိုပါတယ်။အသက်၁၆ နှစ်မှာ new wave bandရဲ့ပင်တိုင်အဆိုတော်အဖြစ်ရွေးချယ်ခံခဲ့ရပြီး ပထမဦးဆုံးအယ်ဘမ်ကို ထွက်ရှိခဲ့ပါတယ်။စိုင်းထီးဆိုင်ရဲ့ သီချင်းတွေသီဆိုတဲ့အခါမှာ ဟာမိုနီလိုက်ခဲ့ရပြီးမေဆွိ၊ဂျေညီညိ၊မေခလာ၊စတဲ့အဆိုတော်တွေရဲသီချင်းတွေနံ့ ရုပ်ရှင်တေးသီချင်းတွေမှာဟာမိုနီလိုက်ခဲ့ရတယ်လို့ဆိုပါတယ်တေးရေး သုခမိန်လှိုင်က အခွေထုတ်ဖို့ ကမ်းလှမ်းပြီးနောက်မှာ ပထမဦးဆုံး တာဇံ တေးသိချင်း အယ်ဘမ်ကိုထွက်ရှိခဲ့ပါတယ်။တာဇံအယ်ဘမ်ဟာကော်နီရဲ့ပထမဦးဆုံးတေးသီချင်းအယ်ဘမ်ဖြစ်ပြိး တေးသိချင်းစုစုပေါင်း ၁၆ ပုဒိ်ပါဝင်ခဲ့ပါတယ်။ချစ်မိသွားပြီ၊ကိုကိုချစ်၊တာဇံ၊ပညတ်ချက်၊ကိုကိုလို့မခေါ်တော့ဘူးစတဲံတေးသိချင်းတွေပါဝင်ခဲ့ပြီး တာဇံတေးသီချင်းနဲ့ကိုကိုချစ်တေးသီချင်းဟာစတင်ထွက်ရှိခတည်းက အခုချိန်ထိခေတ်စားနေဆဲတေးသီချင်းတွေဖြစ်ပါတယ်။ထိုအယ်ဘမ်ကိုတေးရေးသုခမိန်လှိုင်ရေးဖွဲ့ထားပြီးကော်နီရဲ့အောင်မြင်ခဲ့တယ်လို့ဆိုလို့ရမယ့်တေးသီချင်းအယ်ဘမ်လေးတစ်ခုလည်းဖြစ်ပြီးပွဲဥိးထွက်မှာတင်အောင်မြင်ခဲ့တယ်လို့ဆိုလို့ရပါတယ်။
ကော်နီရဲ့နာမည်အရင်းမှာရတနာထွန်းဖြစ်ပြီးကော်နီရဲ့အမေဖြစ်သူကလည်း အနုပညာကိုဝါသနာပါတယ်လို့ဆိုပါတယ်။တာဇံအခွေကိုထုတ်ဝေခဲ့ပြီးနော်ကမှာတော့ နောက်ထပ်တေးသီချင်းအယ်ဘမ်အဖြစ်နင်ဂျာတေးအယ်ဘမ်ကို ထွက်ရှိခဲ့ပါတယ်။ကော်နီဆိုတဲနာမည်ဟာ အိမ်နာမည်ဖြစ်ပြီး အသားဖြူပြီး ဆံပင်နီနီနဲ့မွေးလာခဲ့တာကြောင့်ကော်နီလို့မှည့်ခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။နင်ဂျာတေးအယ်ဘမ်ဟာကော်နီရဲ့ ဒုတိယမြောက်တေးစီးရီးအယ်ဘမ်ဖြစ်ပြီး သီချင်းစုစုပေါင်း ၁၆ ပုဒ်ပါဝင်ပါတယ်။တူတူး ကိုကိုချစ် ရှားလော့ဟုမ်းနဲ့တွေ့ဆုံခြင်း၊ဆုံးဖြတ် ရဲတိုက် စတဲ့တေးသိချင်းတွေပါဝင်ခဲံပြီး ရဲတိုက်သီချင်းဟာနာမည်ကြီးတေးသီချင်းဖြစ်ခဲ့ပြီးအခုချိန်ထိခေတ်စားနေဆဲတေးသီချင်းဖြစ်ခဲ့ပါတယ်။နာမည်ကြီးတေးအယ်ဘမ်ဖြစ်ခဲ့ပြီးတိုအချိန်ထဲကပွဲတွေမှာအမြဲတမ်းသီဆိုခဲ့ရတယ်လို့ဆိုပါတယ်။စတိတ်ရှိုးတွေအများကြီးသီဆိုခဲ့ရပြီး တေးသိချင်းအယ်ဘမ်တွေအများကြီးမထုတ်လုပ်ခဲ့ဘူးဆိုပါတယ်။နောက်ထပ် ၁၉၈၈ ခုနှစ်မှာဒီုင်ယာနာဆိုတဲ့ တေးသီချင်းအယ်ဘမ်ကိုထွက်ရှိခဲ့ပြီး ထိုတေးသီချင်းအယ်ဘမ်မှာတေးသီချင်းပေါင်း ၁၆ ပုဒ်ပါဝင်ခဲ့ပါတယ်။ထိုတေးအယ်ဘမ်ထဲကမှာ ဒီုင်ယာနာ စိုစိတ် ယောကျင်္ား လူကဲစိန် စဉ်းစားချစ် ယုံတော့နော် စတဲ့တေးသီချင်းတွေဟာ နာမည်ကြီးခဲ့တဲ့တေးသီချင်းတွေဖြစ်ခဲ့ပါတယ်။ထိုအယ်ဘမ်ဟာလည်းအောင်မြင်ခဲ့တဲ့တေးစီးရီး အယ်ဘမ်ဖြစ်ပြီးကော်နီဟာထိုခေတ်က ရှိုးပွဲတိုင်းမှာဆိုရတဲ့အထိအောင်မြင်ခဲ့တဲ့အဆိုတော်တစ်ယောက်ဖြစ်ပါတယ်။နောက်မှာကော်နီဟာ ၁၉၈၉ ခုနှစ်မှာဆက်တိုက်အနေနဲ့ကံကောင်းသူလေးဆိုတဲံတေးစီးရီးalbumကိုထွက်ရှိခဲ့ပြီးထို သီချင်းခွေထဲမှာ တေးသီချင်းပေါင်း ၁၆ ပုဒ်ပါဝင်ပြီး တေးရေးသုခမိန်လှိုင်ကပဲရေးသားပေးခဲ့တာဖြစ်ပါတယ်။
ထိုတေးစီးရီးကလည်းအောင်မြင်တဲ့တေးစီးရီးဖြစ်ခဲ့ပြီး ထိုတေးစီးရီးထဲက စိုးတယ် ကိုကိုရောဂါ လွန်မြောက်မယ် အားလုံးရှင်းခဲ့ စိတ်ချ အုတ်နံရံစတဲံတေးသီချင်းများပါဝင်ခဲ့ပါတယ်။နောက်ထပ်ပျားရည်အခွေကိုဆက်လက်ထွက်ရှိခဲ့ပြီး ပျားရည်အခွေမှာ rockတေးဂီတကို ထည့်သွင်းသီဆိုထားခဲ့ပါတယ်။ပျားရည်တေးသီချင်းအယ်ဘမ်ဟာသီချင်းပေါင်း ၁၆ ပုဒ်ပါဝင်သီဆိုထားတဲ့ တေးအယ်ဘမ်ဖြစ်ပြီး ရော့ ယူလိုက်၊ရောဂါ၊ရှင်သန်ခြင်း၊ကောင်းကင်မေမေ၊စတဲံသီချင်းများပါဝင်ခဲ့ပြီး ထိုသီချင်းတွေထဲကမှာ ရော့ယူလိုက်သီချင်းဟာအခုချိန်ထိအော်ငမြင်နေဆဲဖြစ်တဲ့တေးသိချင်းတစ်ပုဒ်ဖြစ်နေဆဲဖြစ်ပါတယ်။နောက်ထပ်ကော်နီဟာ ကောင်းကင်ခရီး၊ဆုံချင်တယ်၊အဓိပ္ပာယ်ရှိသောလူ၊ဆေးရောင်စုံကော်နီ၊သတ္ထု ၁ ၊သတ္ထု ၂ စတဲ့တေးသီချင်းခွေများကိုဆက်တိုက်ထွက်ရှိခဲ့ပါတယ်။ကော်နီဟာတေးသီချင်းပေါင်းများစွာကိုသီဆိုခဲပြီး ကော်နီအကြိုက်ဆုံးသီချင်းကတော့ ကိုကိုချစ်နဲ့ အတွင်းကြေ ၊အလွမ်းများငြိမ်းစေသတည်း၊ဘဝရထားစတဲ့တေးသိချင်းတွေဖြစ်ပြီးအောင်မြင်ကျော်ကြားနေဆဲတေးသီချင်းများဖြစ်ပါတယ်။အပြာရင့်ရင့်ဆိုတဲ့တေးအယ်ဘမ်ကို နိုင်ငံကျော်အဆိုတော်တစ်ယောက်ဖြစ်တဲ့ ဇော်ဝင်းထွဋ်နဲ့အတူသီဆိုခဲ့ပြီးနာမည်ကြီဂတေးအယ်ဘမ်တစ်ခုဖြစ်ခဲ့ပါတယ်။
ကော်နီဟာ တေးသံရှင် ဘိုဘိုနဲ့လဲ ဗယ်လင်တိုင်းအမှတ်တရသီချင်းတစ်ပုဒ်ဖြစ်တဲ့ မြတ်နိုးခြင်းမိုးတိမ်သိချင်းဟာ ပရိတ်သတ်တွေကြားရေပန်းစားခဲ့တဲ့တေးသီချင်းတစ်ပုဒ်ဖြစ်ခဲ့ပါတယ်။သီချင်းခွေပေါင်းမြောက်များစွာသီဆိုခဲ့ပြီးအောင်မြင်တဲ့နာမည်ကြီးအဆိုတော်တစ်ယောက်ဖြစ်ပါတယ်။ကော်နီတို့ခေတ်မှာ စင်ပေါ်တက်သိချင်းဆိုတဲ့အချိန်မှာ အဝတ်အစာဝတ်ဆင်မှုကိုကန့်သန့်ထားတာကြောင့် စင်ပေါ်တက်သီချင်းဆိုတဲ့အခါမှာ ဘောင်ဘီမဝတ်ရ ထမီတိုတိုမဝတ်ရဘဲ ထမီရှည်နဲ့သာသီဆိုခဲ့ရတယ်လို့ကော်နီက ပြောပါတယ်။ဆင်ဆာတင်းကျပ်ခဲ့တဲ့ကာလတွေမှာ အဆိုတော်ရုပ်ရှင်သရုပ်ဆောင်မင်းသားကြီးကျော်ဟိန်းနဲ့နှစ်ယောက်ထဲပွဲတစ်ပွဲသီဆိုခဲ့ပြီး ဒွေးနဲ့လဲဘယ်တော့မှမမေ့ဘူးဆိုတဲတေးသီချင်းကိုသိဆိုခဲ့ပါတယ်။ကော်နီ ဆုန်သင်းပါရ် she ဖြူဖြူကျော်သိန်းတို့နဲ့လည်း power of four ဆိုပြီး live showတစ်ခုသီဆိုခဲံပြိးထို ပွဲဟာလည်းအောင်မြင်ခဲ့တဲ့ပွဲဖြစ်ပါတယ်။အနုပညာလောကနဲ့ရှစ်နှစ်ကြာအောင်ဝေးကွာသွားခဲ့ရပြီး၂၀၁၈ ၂၀၁၉ ခုနှစ်လောက်မှအနုပညာလောကထဲပြန်လည်ဝင်ရောက်လာတာဖြစ်ပါတယ်။အနုပညာနဲပတ်သတ်ရင်ပြည့်စုံကော်ငးမွန်နေတာကိုပဲကြိုက်ပြီး ပရိတ်သတ်တွေကိုအကောင်းဆုံးပေးချင်တယ်လို့ဆိုပါတယ်။အသက် ၅၀ ကျော်လာပြီဖြစ်နေပေမယ့်လဲ အသံပါဝါမကျသွားတဲ့ကော်နီဟာ ဆေးဆိုတဲ့ သီချင်းနဲ့ပရိတ်သတ်ရင်ဘက်ထဲပြန်ရောက်နေပြီဖြစ်ပါတယ်။အနုပညာလောကမှာအောင်မြင်မှုအကြီးအကျယ်ရရှိခဲ့တဲ့ အဆိုတော်ကြီးတစ်ယောက်ဖြစ်ခဲ့ပြီး အခုခေတ်ရှိုပွဲတွေပတ်ဆိုရင်းနဲ့ အသက်ကြီးလာခဲ့တယ်လို့ဆိုပါတယ်။အခုခေတ်ရှိုးတွေများတယ်ဆိုတာ အခုခေတ်အောင်မြင်မှုကိုမမှီဘူးလို့ဆိုပါတယ်။အနုပညာသမားတစ်ယောက်အနေနဲ့ ပရီတ်သတ်ပေါ်မှာအများကြီးပေးဆပ်ခဲ့ရပြီး အနုပညာအလုပ်ကိုတစ်ဘဝလုံးလုပ်ခဲ့ရလို့ပျော်တယ်လို့ဆိုပါတယ်။ဆေးသီချင်းဟာပေါက်သွားပြီးတဲ့နောက်မှာ သီချင်းအသစ်တွေအများကြိးလုပ်ချင်တယ်လို့ဆိုပါတယ်။
ငယ်ငယ်တုန်းက သီချင်းဆိုတဲ့အခါမှာစင်ပေါ်မှာရမ်းခါနေအောင်သီချင်းဆိုတတ်တယ်ဆိုတဲ့ ကော်နီဟာ ပါဖောမန့်အပြည့်နဲ့ပရိတ်သတ်တွေကို ဖျောဖြေတတ်တဲ့ ဝါရင့်အဆိုတော်ကြီးတစ်ယောက်ဖြစ်ပါတယ်။ဆေးသီချင်းပေါက်ပြီးသွားပြိးနောက်ပိုင်းမှာ ပုံပြင်လေးတစ်ပုဒ်ဆိုတဲ့တေးသီချင်းလေးကို fb ပေါ်ကနေ တင်ပေးခဲ့ပြီးနောက်မှာတော့ချက်ချင်းနာမည်ကြိးခဲ့ပါတယ်။၊ပုံပြင်လေးတစ်ပုဒ်သီချင်းဟာလည်း လူကြီးတွေသာမကလူငယ်တွေကြားမှာပါ ရေပန်းစားခဲ့ရတဲတေးသီချင်းတစ်ပုဒ်ဖြစ်ပြီးလူငယ်တော်တော်များများကြိုက်ကြတဲ့တေးသီချင်းလို့ပြောရင်လည်း ရပါတယ် ဆေးနဲ့ပုံပြင် သီချင်းဟာဆက်တိုက်ဆိုသလိုပေါက်သွားခဲ့ပါတယ်။ငယ်ငယ်တုန်းက မိန်းမဆန်ဆန်မနေတတ်ပဲယောက်ကျားလေးဆန်ဆန်နေတတ်တာကြောင့် tomboyလို့တောင်အပြောခံခဲ့ရတယ်လို့ဆိုပါတယ်။one lady show ကိုလည်အချိန်ရသေးရင်လုပ်ဦးမယ်လို့ ကော်နီကဆိုပါတယ်။တကိုယ်တည်းအပျိုကြီးဖြစ်နေတဲ့ ကော်နီဟာ အကိုတွေနဲ့ ကြီးခဲ့ရပြီး အိမ်ထောင်ပြုဖို့ငယ်ငယ်တည်းက စိတ်ကူးမရှိခဲ့ဘူးလို့ဆိုပါတယ် အသက်ငါးဆယ်ကျော်သည့်အထိ တစ်ကိုယ်တည်းဖြတ်သန်းလာခဲ့ရတဲ့ ကော်နီဟာ အခုချိန်မှာတော့ အမေဖြစ်သူနဲ့အတူ ခွေးလေးတွေကြောင်လေးတွေနဲ့ပျော်ပျော်ရွင်ရွင်နေထိုင်လျက်ရှိပါတယ်ကော်နီဟာသီချင်းကော်ငးများစွာကိုတင်ဆက်သီဆိုခဲ့ပြီးသူရဲ့သီချင်းကောင်းတွေကတော့ ပုံပြင် ၊ရေစက် ၊အချစ်ရဲ့အမုန်း၊ရှင်သန်ချငြ်း၊အတောင်ပံပါရင်မင်းဆီကိုအိမ်မက်လမ်း၊နောက်ဆုံးအချစ်၊ကိုကျောင်း၊သံယောဇဉ်၊ကိုကိုချစ်၊ကိုယ်တွေ့မှတ်တမ်းစတဲ့တေးသီချင်းတွေကိုသီဆိုခဲ့ပြီးအောင်မြင်ခဲ့တဲ့တေးသီချင်းများဖြစ်ပါတယ်။ဖတ်ရှုပေးတဲ့ပရိသတ်ကြီးကို အထူးပဲကျေးဇူးတင်ပါတယ်နော်။
Credit:Cele Thadin