
Posted on





Credit-CeleGabar

သရုပ်ဆောင်ပညာတင်သာမ့ တော်ရုံလူတွေမလုပ်နိုင်တဲ့အလုပ်ကိုပါ လုပ်နိုင်ကြောင်းပရိသတ်ကြီးအားသက်သေပြလိုက်တဲ့ လပြည့်နဲ့ဖြိုးဇေယျာနိုင်တို့ဗီဒီယိုဖိုင်

ပရိသတ်ကြီးရေ ဖြိုးရာဇာနိုင် ကတော့ မောင်မြင့်အဖြစ် ” မျက်လုံးမှာအလွမ်း နှုတ်ခမ်းမှာမာန ” ဇာတ်လမ်းတွဲထဲမှာမောင်မြင့် ဇာတ်ကောင် အနေနဲ့ ပရိတ်သတ်အကြိုက်တွေ့ခဲ့တဲ့ MRTV – (4) ဇာတ်လမ်းတွဲ မင်းသား တစ်လက်ပါ။ ချောမောတဲ့ ရုပ်သွင်ကိုပိုင်ဆိုင်ထားပြီး ယောကျာ်းပီသတဲ့ သွင်ပြင်ကြောင့် ပရိသတ်တွေသတိထားမိလာသူလို့လည်း ဆိုရမှာပါ။

သူရဲ့သရုပ်ဆောင်ချက်တွေက အနုပညာကျောင်းဆင်း တစ်ယောက်ဖြစ်တာနဲ့အတူ သရုပ်ဆောင် ချက်တွေက ရောက်တဲ့နေရာမှာ ကျရာ ဇာတ်ရုပ်ကို ပီပြင်အောင်သရုပ်ဆောင်နိုင်ပြီးအလားအလာရှိသူတစ်ဦး လည်းဖြစ်ပါတယ်။ကြော်ငြာ တွေစတင်ရိုက်ကူးခဲ့ပြီး ဇာတ်လမ်းတွဲတွေပါရိုက်ကူးနေပြီဖြစ်တာမို့ အောင်မြင်မှုလမ်းကြောင်းပေါ်စတင်လျှောက်လှမ်းနေပြီလို့ ပြောရမှာပဲ ဖြစ်ပါတယ်။

ဒီနေ့မှာတော့ တော်ရုံ လူတွေ မလုပ်နိုင်တဲ့ဦးရွှေရိုးနဲ့ဒေါ်မိုး အကကို သူငယ်ချင်း လပြည့်နဲ့အတူ ကခဲ့တဲ့ဗီဒီယိုဖိုင်လေးကို”ဦးရွှေရိုး နဲ့ ဒေါ်မိုး 🤭 ဒေါ်မိုးကဘူလဲ 🤭#ဝမ်ဝုကျဲခိုကျွန့်.. မြန်မာအကလေးနဲ့ လှည့်ပတ် က လိုက်ရတာ အရမ်းမိုက်တာပဲကဲ.. အားလုံးပဲ ဒီ challenge လေးမှာ ပါဝင်ကြဖို့ ဖိတ်ခေါ်ပါတယ်…”ဆိုကာ အကဗီဒီယိုဖိုင်လေးကိုတင် လာခဲ့တာပါ။ သရုပ်ဆောင်ပညာသာမက မြန်မာ့ရိုးရာ အကတွေကိုပါကျွမ်းကျင်လှတဲ့ ဖြိုးရာဇာနိုင်နဲ့ လပြည့်တို့နှစ်ဦးရဲ့ဗီဒီယိုဖိုင်လေးကိုကြည့်ပြီးသဘောကျရင် မှတ်ချက်ပေးခဲ့ပါဦး ပရိသတ်ကြီးရေ။

Credit-CeleGabar
Source – phyoyarzarNaing