
Posted on





Credit:Cele Thadin

သူ့ရဲ့ ချစ်သူလေးကို ဘယ်လောက်ထိချစ်တယ်ဆိုတာ ဗီဒီယိုနဲ့တကွ သက်သေပြလာတဲ့ မိုးအောင်ရင်

ပရိသတ်ကြီးရေ ရုပ်ရှင်နဲ့ ဗီဒီယို ဇာတ်ကားတွေမှာ ပီပြင်ပြောင်မြောက်အောင် သရုပ်ဆောင်နိုင်သူ ကတော့ မင်းသား မိုးအောင်ရင်ပဲ ဖြစ်ပါတယ်။ သူကတော့ အကျဉ်းထောင်ထဲနေ လွတ်မြောက်လာပြီး နောက်ပိုင်း အနုပညာလှုပ်ရှားမှုတွေ ပြန်လည် လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။ သူ့ရဲ့ လှုပ်ရှားမှုတွေကိုလည်း ပရိသတ်တွေ သိအောင်အမြဲဝေမျှပေးနေတာ ဖြစ်ပါတယ်။

မိုးအောင်ရင်ဟာ သူ့ရဲ့ ရည်းစားဟောင်းမှ တရားစွဲခံထားတာကြောင့် ပရိသတ်တစ်ချို့ရဲ့ ဝေဖန်မှုတွေ ခံနေရတာဖြစ်ပါတယ်။ မိုးအောင်ရင်ကတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘာမှ ပြန်လည်ဖြေရှင်း ထားခြင်း မရှိပါဘူးနော်။ မကြာသေးခင်ကတော့ မိုးအောင်ရင်ရဲ့ Instagram လူမှုကွန်ရက်တွင် ဗီဒီယိုလေးတစ်ခု တင်ထားတာ ဖြစ်ပါတယ်။

ဒါကတော့ ချစ်သူလေးကို အာခံတွင်းထဲ ငုံထားမတတ်ချစ်လွန်းကြောင်း သက်သေပြထားတဲ့ ဗီဒီယိုဖိုင်လေးကိုအားလုံးသိအောင် ချပြလိုက်တာ ဖြစ်ပါတယ်။ မိုးအောင်ရင်ဟာ နောက်ထပ်ချစ်သူရနေပြီဖြစ်ကြောင်း မနှစ်ကဒီဇင်ဘာလကတည်းက အသိပေးထားတာ ဖြစ်ပါတယ်။ ပရိသတ်တွေလည်း ကြည့်ရှုခံစားနိုင်အောင် ဗီဒီယိုဖိုင်လေးကို တင်ဆက်ပေးလိုက် ရပါတယ်နော်။

Credit:Cele Thadin