
Posted on





Source: Si Thu Win’s fb

သူသိပ်ချစ်ရတဲ့ မိသားစုဝင်တစ်ယောက်ဆုံးရှုံးသွားလို့ စိတ်မကောင်းစွာ ပရိသတ်ကြီးကိုရင်ဖွင့်လာတဲ့ စည်သူဝင်း

သရုပ်ဆောင် စည်သူဝင် းကတော့ MRTV 4 ဇာတ်လမ်းတွဲတွေ မှာ ပါဝင် သရုပ်ဆောင်ရင်း နာမည်ကျော်လာခဲ့သူ တစ်ယောက်ဖြစ်ပါတယ်။ စည်သူဝင်းဟာ ပြီးခဲ့တဲ့နှစ် မှာလည်း Double Dating ဆိုတဲ့ အစီအစဉ်မှာ ပါဝင်ခဲ့ပြီး ထိုအစီအစဉ်ထဲက သရုပ်ဆောင်ယွန်းယွန်းနဲ့ ဖောက်ပြန်မှုတွေဖြစ်ခဲ့တဲ့အခါ ပရိသတ်တွေရဲ့ဝေဖန်မှုကို ပြင်းပြင်းထန်ထန်ရရှိခဲ့တာပဲဖြစ်ပါတယ်။ လက်ရှိမှာတော့ စည်သူဝင်းက ဇာတ်လမ်းတွဲတွေ ပြန်လည်ရိုက်ကူးရင်း အလုပ်တွေကို ပုံမှန်အတိုင်းပြန်လည်လုပ်ကိုင်နေပြီပဲဖြစ်ပါတယ်။

ဒီကနေ့ မေလ (၃၁) ရက်နေ့မှာတော့ စည်သူဝင်းက သူ့ရဲ့ စိတ်မကောင်းစရာ သတင်းဆိုးတစ်ခုကို ပရိသတ်တွေဆီမျှဝေလာခဲ့ပါတယ်။ စည်သူဝင်းက ဒီကနေ့ မေလ (၃၁) ရက်နေ့ ညနေ 4:07 အချိန်မှာပဲ သိပ်ချစ်ရတဲ့ မိသားစုဝင်တစ်ယောက်ဖြစ်တဲ့ အမေကြီး (အဘွား) ကို ဆုံးရှုံးလိုက်ရတယ်လို့ သူ့ရဲ့ဖေ့စ်ဘုတ် Story ကနေတဆင့် ပြောပြလာခဲ့တာပဲဖြစ်ပါတယ်။

စည်သူဝင်းကတော့ ချစ်ရတဲ့ အဘွားဖြစ်သူကို ဆုံးရှုံးလိုက်ရလို့ ဝမ်းနည်းခြင်း အထိမ်းအမှတ်အနေနဲ့ သူ့ရဲ့ဖေ့စ်ဘုတ်စာမျက်နှာမှာ အမည်းရောင် Ptofile Picture ကို ချိန်းထားခဲ့ပါသေးတယ်။ စည်သူဝင်းရဲ့ ဘွားဘွား ကောင်းရာဘုံဘဝကို ရောက်ရှိပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source: Si Thu Win’s fb
Credit:Cele Active World