Posted on
Credit:CeleGabar
သူမရဲ့ အလုပ်ကြိုးစားပြီး ရတဲ့ပိုက်ဆံလေးနဲ့ ချစ်မေမေအတွက် Christmasလက်ဆောင်လေး ပေးလိုက်တဲ့ ထင်သစ္စာ
ပရိသတ်ကြီးရေ ထင်သစ္စာ ကတော့ ဆယ်ကျော်သက် အမျိုးသား ပရိသတ်တွေကြားမှာ ရေပန်းစားနေတဲ့ အနုပညာမျိုးဆက်သစ်လေးပဲ ဖြစ်ပါတယ်။ ဝါရင့် အကယ်ဒမီသရုပ်ဆောင် မင်းသမီးကြီး ခင်ဇာခြည်ကျော်ရဲ့ သမီးလေးပဲ ဖြစ်တဲ့အပြင် အနုပညာခြေလှမ်းတွေစတင်နေပြီလို့ဆိုရမှာပါ။
အမေဖြစ်သူ ဝါရင့်သရုပ်ဆောင် မင်းသမီးကြီးခင်ဇာခြည်ကျော်နဲ့ TikTok လေးတွေ ဆော့ကာ ပရိသတ်တွေအမြဲဝေမျှလေ့ရှိခဲ့ပြီး အခုဆိုရင် မိခင် ခင်ဇာခြည်ကျော်နဲ့အတူ live saleလေးတွေပြုလုပ်ကာ မိခင်နဲ့အတူစီးပွားရေးလုပ်ငန်းတွေကိုလည်း လုပ်ကိုင်နေသူပါ။ အမျိုးသားပရိသတ်တွေက သူမရဲ့စကားပြောပုံလေးတွေကို သဘောကျကာ သွက်လက်ထက်မြက်လွန်းသူလေးပါပဲနော်။
ဒီနေ့မှာလည်း” ချစ်သမီးလေး ထင်ထင်ကြိုးစားမှုနဲ့ အမေကိုပေးတဲ့Christmasလက်ဆောင်”ဆိုတဲ့
စာလေး နဲ့ ခင်ဇာခြည်ကျော်က သူမရဲ့အကောင့်my dayမှာတင်လာ ခဲ့တာပါ။ ပရိသတ်တွေလည်း ချစ်စရာကောင်းပြီး မိဘအပေါ်သိတတ်လွန်းတဲ့ ထင်သစ္စာလေးကို ချီးကျူးစကားဆိူခဲ့ကြပါဦးနော်။
Credit:CeleGabar
Source- KhinZarchi Kyaw