သူမရဲ႕အစ္မျဖစ္သူ ဆိုင္ကယ္စီးရင္းဖုန္းလုခံလိုက္ရတဲ့ ထိတ္လန္႕ဖြယ္ရာအေၾကာင္းအရင္းအျပည့္အစံုကို ပရိသတ္ႀကီးအားရင္ဖြင့္လာတဲ့ ဝိုင္းေရႊရည္

Posted on

သူမရဲ႕အစ္မျဖစ္သူ ဆိုင္ကယ္စီးရင္းဖုန္းလုခံလိုက္ရတဲ့ ထိတ္လန္႕ဖြယ္ရာအေၾကာင္းအရင္းအျပည့္အစံုကို ပရိသတ္ႀကီးအားရင္ဖြင့္လာတဲ့ ဝိုင္းေရႊရည္

MRTV 4 သ႐ုပ္ေဆာင္ ဝိုင္းေ႐ႊရည္ ကေတာ့ ဇာတ္လမ္းတြဲေတြမွာ ပါဝင္ သ႐ုပ္ေဆာင္ရင္း လူႀကိဳက္မ်ားလာခဲ့သူ တစ္ေယာက္ျဖစ္ ပါတယ္။ ဝိုင္းေ႐ႊရည္ဟာ “ပ်ားရည္အိုင္” ဇာတ္လမ္းတြဲမွာ စိမ္း ဆိုတဲ့ ကာ႐ိုက္တာနဲ႔ လူပိုသိလာခဲ့ တာျဖစ္ၿပီး အခုလက္ရွိထုတ္လႊင့္ျပသေနတဲ့ “သရဖူ” ဇာတ္ကားအျပင္ အျခားေသာ ဇာတ္လမ္းတြဲေတြမ်ားစြာမွာလည္း ပါဝင္သ႐ုပ္ေဆာင္ခဲ့သူျဖစ္ပါတယ္။

ဒီတစ္ခါမွာေတာ့ ဝိုင္းေ႐ႊရည္က သူမရဲ႕အစ္မ ကိုယ္တိုင္ႀကဳံေတြ႕ခဲ့ရတဲ့ အျဖစ္ေလး တစ္ခုကို ပရိသတ္ေတြ ဆင္ျခင္ႏိုင္ဖို႔ မွ်ေဝေပးလာ တာကို ေတြ႕ရပါတယ္။ ဝိုင္းေ႐ႊရည္က “လုယက္မႈ ေတြ က ေတာ္ေတာ္ဆိုးေန တာပါေနာ္😓 ဒီေန႔ညေန ပဲ မႏၲေလးက ဝိုင္းအစ္မ ဆိုင္ကယ္ေမာင္းရင္း ဆိုင္ကယ္ေဘးက ကပ္လိုက္ၿပီး ဖုန္းျဖတ္လုခံလိုက္ရတာပါ။ လုသြားတာလဲ ငယ္ငယ္႐ြယ္႐ြယ္ ေကာင္ေလးႏွစ္ေယာက္ပါ။ လူဘာမွ ျဖစ္မသြားတာကိုပဲ ေတာ္ေသးတယ္ ေျပာရမယ့္ ပုံပါ 😓 စိတ္ကေတာ့ လန႔္ၿပီးအေတာ္ေၾကာက္သြားရွာတာ😓 ေခတ္က ဘယ္သူ႔ဘယ္သူမွကို တကယ္မယုံရတာပါေနာ္။ အျပင္ထြက္တာ လည္းဂ႐ုစိုက္ၾကပါ 😓 ကိုယ္မျဖစ္ေသးလို႔မေပါ့ၾကပါနဲ႔ ။ ကိုယ့္အႏၲရာယ္ ကိုယ္ပဲ ကာကြယ္ရမွာမို႔ သတိရွိၾကပါေနာ္😓” ဆိုၿပီး မွ်ေဝေပးလာတာပဲျဖစ္ပါတယ္။

ဝိုင္းေ႐ႊရည္ ကေတာ့ သူမရဲ႕အစ္မ ကိုယ္တိုင္ ႀကဳံခဲ့ရတဲ့အျဖစ္ေလးကို မွ်ေဝၿပီး ပရိသတ္ေတြကို ဆင္ျခင္ေပးႏိုင္ဖို႔ သတိေပးလာ ခဲ့တာပဲျဖစ္ပါတယ္။ ပရိသတ္ႀကီးလည္း အျပင္သြားရင္ ဂ႐ုစိုက္ဖို႔ ထပ္ၿပီးသတိေပးပါရေစေနာ္။

Source: Wyne Shwe Yee’s fb
Credit:Cele Active World

သူမရဲ့အစ်မဖြစ်သူ ဆိုင်ကယ်စီးရင်းဖုန်းလုခံလိုက်ရတဲ့ ထိတ်လန့်ဖွယ်ရာအကြောင်းအရင်းအပြည့်အစုံကို ပရိသတ်ကြီးအားရင်ဖွင့်လာတဲ့ ဝိုင်းရွှေရည်

MRTV 4 သရုပ်ဆောင် ဝိုင်းရွှေရည် ကတော့ ဇာတ်လမ်းတွဲတွေမှာ ပါဝင် သရုပ်ဆောင်ရင်း လူကြိုက်များလာခဲ့သူ တစ်ယောက်ဖြစ် ပါတယ်။ ဝိုင်းရွှေရည်ဟာ “ပျားရည်အိုင်” ဇာတ်လမ်းတွဲမှာ စိမ်း ဆိုတဲ့ ကာရိုက်တာနဲ့ လူပိုသိလာခဲ့ တာဖြစ်ပြီး အခုလက်ရှိထုတ်လွှင့်ပြသနေတဲ့ “သရဖူ” ဇာတ်ကားအပြင် အခြားသော ဇာတ်လမ်းတွဲတွေများစွာမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့သူဖြစ်ပါတယ်။

ဒီတစ်ခါမှာတော့ ဝိုင်းရွှေရည်က သူမရဲ့အစ်မ ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ အဖြစ်လေး တစ်ခုကို ပရိသတ်တွေ ဆင်ခြင်နိုင်ဖို့ မျှဝေပေးလာ တာကို တွေ့ရပါတယ်။ ဝိုင်းရွှေရည်က “လုယက်မှု တွေ က တော်တော်ဆိုးနေ တာပါနော်😓 ဒီနေ့ညနေ ပဲ မန္တလေးက ဝိုင်းအစ်မ ဆိုင်ကယ်မောင်းရင်း ဆိုင်ကယ်ဘေးက ကပ်လိုက်ပြီး ဖုန်းဖြတ်လုခံလိုက်ရတာပါ။ လုသွားတာလဲ ငယ်ငယ်ရွယ်ရွယ် ကောင်လေးနှစ်ယောက်ပါ။ လူဘာမှ ဖြစ်မသွားတာကိုပဲ တော်သေးတယ် ပြောရမယ့် ပုံပါ 😓 စိတ်ကတော့ လန့်ပြီးအတော်ကြောက်သွားရှာတာ😓 ခေတ်က ဘယ်သူ့ဘယ်သူမှကို တကယ်မယုံရတာပါနော်။ အပြင်ထွက်တာ လည်းဂရုစိုက်ကြပါ 😓 ကိုယ်မဖြစ်သေးလို့မပေါ့ကြပါနဲ့ ။ ကိုယ့်အန္တရာယ် ကိုယ်ပဲ ကာကွယ်ရမှာမို့ သတိရှိကြပါနော်😓” ဆိုပြီး မျှဝေပေးလာတာပဲဖြစ်ပါတယ်။

ဝိုင်းရွှေရည် ကတော့ သူမရဲ့အစ်မ ကိုယ်တိုင် ကြုံခဲ့ရတဲ့အဖြစ်လေးကို မျှဝေပြီး ပရိသတ်တွေကို ဆင်ခြင်ပေးနိုင်ဖို့ သတိပေးလာ ခဲ့တာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း အပြင်သွားရင် ဂရုစိုက်ဖို့ ထပ်ပြီးသတိပေးပါရစေနော်။

Source: Wyne Shwe Yee’s fb
Credit:Cele Active World