
Posted on






သူမရဲ့ဖခင်ကြီး ကွယ်လွန်တာ၅လပြည့်တဲ့နေ့လေးမှာ လူအယောက်(၁၀၀၀)စာ အတွက် စတုဒီသာအလှူပြုလုပ်ခဲ့တဲ့ ရတနာမိုင်ရဲ့ဗီဒီယိုလေး

ချစ်စရာကောင်းတဲ့ အဆိုတော်မလေး ရတနာမိုင် ကတော့ ဆယ်စုနှစ် တစ်ခုကျော်တိုင် အောင်မြင်မှုကို ထိန်းသိမ်းထားနိုင်သူ တစ်ယောက်ပဲဖြစ်ပါတယ်။ အနုပညာနဲ့ ပတ်သက်လာရင် အမြဲတမ်းအကောင်းဆုံးတွေ ဖန်တီးကြိုးစားတတ်တဲ့ ရတနာမိုင်ဟာ လတ်တလောမှာတော့ သူမရဲ့သွားလေ သူဖခင်ကြီးအတွက် ပူဆွေးနေရတာမို့ အနုပညာအလုပ်တွေနဲ့ အနည်းငယ်အလှမ်းဝေးနေတာပဲဖြစ်ပါတယ်။ မနေ့က ဖေဖော်ဝါရီလ (၂၉) ရက်နေ့မှာလည်း ရတနာမိုင်က သူမရဲ့ဖခင်ကြီးအတွက် ရည်စူးပြီး ကုသိုလ်ကောင်းမှုတွေပြုလုပ်ခဲ့ကြောင်း အခုလိုပဲပြောလာပါတယ်။

“ဖေကြီးရဲ့ အလှူ Memory ပုံလေးတွေ ပြန်တင် ပါရစေရှင် 🥺🙏 ဖေကြီးရေ….. ဘာလိုလိုနဲ့ ဖေကြီး သမီးတို့ကို ခွဲခွါသွားတာ ၅လပြည့်ခဲ့ပြီနော်။ ၅လဆိုတဲ့ အချိန်တစ်ခုသာ ကြာခဲ့ပေမယ့် သမီး တစ်နေ့မှ မေ့မရ ခဲ့ပါဘူး အမြဲသတိရနေ ပါတယ်။ ဒီနေ့လည်း ဖေကြီးအတွက် ရည်စူးပြီး လူအယောက် ၁ဝဝဝစာ အတွက် ကြာဇံချက်စတုဒီသာ၊ ရွှေရင်အေးစတုဒီသာ၊အအေးနှင့်အတူ မှော်ဘီ လူမှုစောင့်ရှောက်ရေးဂေဟာမှာလည်း အာဟာရဒါနအဖြစ် စားဖွယ်များကို အောင်ထိပ်တန်းမိသားစုများနဲ့အတူတူ ပါဝင်လှူဒါန်းပေးဖြစ်ခဲ့ပါတယ်။ ဖေကြီး ကောင်းမှုလုပ်တဲ့အချိန်တိုင်း ရောက်လေရာ ဘုံဘဝကနေ သာဓုခေါ်ပေးပါနော်။ ဖေကြီးက သမီးရင်ထဲမှာ အမြဲရှင်သန်နေမှာမို့ ဖေကြီး ရှိရှိ မရှိရှိ ဖေကြီးကိုသမီးစိတ်ထဲမှာ အသက်ဆက်ရှင်ထားပေးတယ် သမီးက ဆက်ချစ်နေဦးမှာပါပဲ🥺 ချစ်တဲ့ သမီး” ဆိုပြီး ပြောလာတာပဲဖြစ်ပါတယ်။

ရတနာမိုင် ကတော့ ဖခင်ကို ဆုံးရှုံးလိုက်ရတဲ့အတွက် တော်တော်လေး ဝမ်းနည် းခဲ့ရပြီး ဖခင်ကြီးအတွက် လစဉ်လတိုင်း ကုသိုလ်တွေပြုပေးနေသလို အခုတစ်ခေါက်မှာလည်း ဖခင်ကြီးအတွက် အလှူလုပ်အမျှဝေပေးခဲ့တာပဲဖြစ်ပါတယ်။

Source:Yadanar My (ရတနာမိုင်) ‘s fb
Credit:Myanmar Celebrities