
Posted on





Credit:Cele Thadin

သူမဗိုက်ထဲက ရင်သွေးလေးက ဘာလေးလဲဆိုတာကို သိချင်နေကြတဲ့ပရိသတ်ကြီးအား ပြောပြလိုက်တဲ့ စုစုဝေ

ပရိသတ်ကြီးရေ သရုပ်ဆောင် မစ်ကီ ကတော့ ဂျာမနီနိုင်ငံသား ဖြစ်ပေမယ့် မြန်မာနိုင်ငံကို ချစ်မြတ်နိုးသူတစ်ယောက်ဖြစ် တာကြောင့် မြန်မာဘာသားစကားကို တတ်မြောက်အောင် သေချာစနစ်တကျ လေ့လာသင်ကြားထားသူ တစ်ဦး ဖြစ်ပါတယ်။ မြန်မာနိုင်ငံတွင် နှစ်အတော်ကြာနေထိုင် ခဲ့ပြီး အာဏာသိမ်းတဲ့ ဖြစ်စဉ်ဖြစ် သွားပြီးနောက်မှာတော့ ချစ်သူလေးကိုခေါ်ပြီး သူ့ရဲ့နိုင်ငံသို့ ပြန်သွားခဲ့တာ ဖြစ်ပါတယ်။

မကြာခင်မှာ သူတို့နှစ်ဦးရဲ့ ရင်သွေးလေးမွေးဖွားတော့မှာဖြစ်ကြောင်း ကိုလည်း ပရိသတ်တွေကို အသိပေးထား တာဖြစ်ပါတယ်။ မကြာသေးခင် ရက်ပိုင်းလောက်က စုစုဝေရဲ့ လူမှုကွန်ယက် စာမျက်နှာတွင် ဝမ်းသာစရာသတင်းလေး တစ်ခု ပြောပြလာခဲ့တာ ဖြစ်ပါတယ်။ ဒါကတော့ အားလုံးသိချင်နေကြသော သူမရဲ့ ရင်သွေးဘာလေးဖြစ်မယ်ဆိုတာကို ultrasound ရိုက်ပြီးထွက်လာတဲ့ အဖြေအား ပြောပြလိုက်တာ ဖြစ်ပါတယ်။

” ဒီနေ့တို့တွေ အောင်မြင်တယ်ဟေ့ 👏🏼👏🏼👏🏼နောက်ထပ်ဝမ်းသာစရာလေး ကတော့ မတ်မတ်စုရဲ့ရင်သွေးလေးက သားသားလေးပါ ဒီနေ့တစ်နေကုန် ပျော်ရွှင်ရတဲ့နေ့လေပါ❤️❤️❤️” ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်။ ပရိသတ်တွေလည်း မစ်ကစ်တို့ဇနီးမောင်နှံရဲ့အပျော်တွေ ကူးစက်နိုင်စေဖို့ ဒီသတင်းလေး ကို အခုပဲ တင်ဆက်ပေးလိုက် ရပါတယ်နော်။

Credit:Cele Thadin