သူမတို႕မိခင္ႀကီးရဲ႕ ေနာက္ဆံုးခရီးကို ေၾကကြဲဆို႕နစ္စြာနဲ႕ လိုက္ပါပို႕ေဆာင္ခဲ့ၾကတဲ့ မာသာထူးဝါးတို႕ေမာင္ႏွမရဲ႕ ဗီဒီယိုေလး

Posted on

သူမတို႕မိခင္ႀကီးရဲ႕ ေနာက္ဆံုးခရီးကို ေၾကကြဲဆို႕နစ္စြာနဲ႕ လိုက္ပါပို႕ေဆာင္ခဲ့ၾကတဲ့ မာသာထူးဝါးတို႕ေမာင္ႏွမရဲ႕ ဗီဒီယိုေလး

ပရိတ္သတ္ႀကီးေရ….ေတးသံရွင္ မာသထူးဝါးေလး ဟာ ျမန္မာနိုင္ငံမွာ သာမက ေတာင္ကိုရီးယား နိုင္ငံမွာပါ နာမည္ႀကီး ၿပီးေအာင္ျမင္မႈ ရရွိ ေနတဲ့ သူေလး ျဖစ္ပါတယ္။ ဖခင္ျဖစ္သူ ထြက္ခြါသြားတဲ့ အခ်ိန္က အရမ္းေစာခဲ့ တာေၾကာင့္ မာသထူးဝါးေလးတို႔ မိသားစု ၃ ေယာက္ ဟာ အျမဲတမ္းလိုလို ခ်စ္ခ်စ္ခင္ခင္စည္းစည္းလုံး လုံး ေနခဲ့ၾကတာ ျဖစ္ပါတယ္။ေတာင္ကိုရီးယားနိုင္ငံမွာ သီခ်င္းဆိုၿပိဳင္ပြဲေတြဝင္ၿပိဳင္တဲ့ အခ်ိန္မွာလည္း မာသထူးဝါးေလးက သူမရဲ့ မိခင္မမိုင္ နဲ႔ေမာင္ေလး ႏွစ္ေယာက္ မဲသ်ဴး ၊ ေမာ္ဂန္ တို႔ကိုပါ အျမဲ ေခၚလာေလ့ရွိပါတယ္။

အျမဲတမ္းခ်စ္ခ်စ္ ခင္ခင္နဲ႔ ေပ်ာ္ေပ်ာ္ရႊင္ရႊင္ စည္းစည္း လုံးလုံးေန ခဲ့ၾကတဲ့ မာသထူးဝါးေလးတို႔ မိသားစုေလးမွာ မိခင္ႀကီး မမိုင္တစ္ေယာက္လည္း ထြက္ခြါလို႔ သြားခဲ့ၿပီပဲ ျဖစ္ပါတယ္။ လူ႔ေလာက အလယ္မွာ အရြယ္မေရာက္ေသးတဲ့ ကေလးငယ္ေလး ၃ ေယာက္ပဲ က်န္ခဲ့ေပမယ့္ အႀကီးဆုံး သမီး မာသထူးဝါးေလးရဲ့ ရင့္က်က္တည္ၿငိမ္မႈေလးေၾကာင့္ လူအမ်ားက ဘယ္လို အခက္အခဲေတြပဲ ရွိလာ ရွိလာ ေက်ာ္ျဖတ္နိုင္မွာလို႔ ယုံၾကည္ထားၾကပါတယ္။

ဒီကေန႔ ဇြန္လ ၅ ရက္ေန႔ မွာေတာ့ မာသထူးဝါးေလးတို႔ မိခင္ႀကီး မမိုင္ရဲ့ ႐ုပ္ကလပ္ ကို မီးသၿဂိဳလ္ လိုက္ၿပီပဲ ျဖစ္ပါတယ္။ မိခင္ႀကီးရဲ့ အရိုးျပာအိုးေလး ကို သယ္ကာ ေနာက္ဆုံ းခရီးကို လိုက္ပါပို႔ေဆာင္ေပးခဲ့တဲ့ မာသထူးဝါးေလးတို႔ ေမာင္ႏွမေလး ၃ ေယာက္ရဲ့ ဗီဒီယိုေလးကို ေအာက္မွာ ေဖာ္ျပေပးထားပါတယ္။ မိခင္ႀကီး မမိုင္ မရွိေတာ့ေပမယ့္ မာသထူးဝါးေလးတစ္ေယာက္ ေတာင္ကိုရီးယားနိုင္ငံမွာ ေအာင္ျမင္မႈေတြ အမ်ားႀကီး ရရွိတဲ့ အိုင္လ္ေဒါေလး တစ္ေယာက္ ျဖစ္လာၿပီး အခက္အခဲေတြအားလုံးကို ေက်ာ္လႊားနိုင္တဲ့ သူေလး ျဖစ္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။

Credit ; MMLoad

သူမတို့မိခင်ကြီးရဲ့ နောက်ဆုံးခရီးကို ကြေကွဲဆို့နစ်စွာနဲ့ လိုက်ပါပို့ဆောင်ခဲ့ကြတဲ့ မာသာထူးဝါးတို့မောင်နှမရဲ့ ဗီဒီယိုလေး

ပရိတ်သတ်ကြီးရေ….တေးသံရှင် မာသထူးဝါးလေး ဟာ မြန်မာနိုင်ငံမှာ သာမက တောင်ကိုရီးယား နိုင်ငံမှာပါ နာမည်ကြီး ပြီးအောင်မြင်မှု ရရှိ နေတဲ့ သူလေး ဖြစ်ပါတယ်။ ဖခင်ဖြစ်သူ ထွက်ခွါသွားတဲ့ အချိန်က အရမ်းစောခဲ့ တာကြောင့် မာသထူးဝါးလေးတို့ မိသားစု ၃ ယောက် ဟာ အမြဲတမ်းလိုလို ချစ်ချစ်ခင်ခင်စည်းစည်းလုံး လုံး နေခဲ့ကြတာ ဖြစ်ပါတယ်။တောင်ကိုရီးယားနိုင်ငံမှာ သီချင်းဆိုပြိုင်ပွဲတွေဝင်ပြိုင်တဲ့ အချိန်မှာလည်း မာသထူးဝါးလေးက သူမရဲ့ မိခင်မမိုင် နဲ့မောင်လေး နှစ်ယောက် မဲသျူး ၊ မော်ဂန် တို့ကိုပါ အမြဲ ခေါ်လာလေ့ရှိပါတယ်။

အမြဲတမ်းချစ်ချစ် ခင်ခင်နဲ့ ပျော်ပျော်ရွှင်ရွှင် စည်းစည်း လုံးလုံးနေ ခဲ့ကြတဲ့ မာသထူးဝါးလေးတို့ မိသားစုလေးမှာ မိခင်ကြီး မမိုင်တစ်ယောက်လည်း ထွက်ခွါလို့ သွားခဲ့ပြီပဲ ဖြစ်ပါတယ်။ လူ့လောက အလယ်မှာ အရွယ်မရောက်သေးတဲ့ ကလေးငယ်လေး ၃ ယောက်ပဲ ကျန်ခဲ့ပေမယ့် အကြီးဆုံး သမီး မာသထူးဝါးလေးရဲ့ ရင့်ကျက်တည်ငြိမ်မှုလေးကြောင့် လူအများက ဘယ်လို အခက်အခဲတွေပဲ ရှိလာ ရှိလာ ကျော်ဖြတ်နိုင်မှာလို့ ယုံကြည်ထားကြပါတယ်။

ဒီကနေ့ ဇွန်လ ၅ ရက်နေ့ မှာတော့ မာသထူးဝါးလေးတို့ မိခင်ကြီး မမိုင်ရဲ့ ရုပ်ကလပ် ကို မီးသဂြိုလ် လိုက်ပြီပဲ ဖြစ်ပါတယ်။ မိခင်ကြီးရဲ့ အရိုးပြာအိုးလေး ကို သယ်ကာ နောက်ဆုံ းခရီးကို လိုက်ပါပို့ဆောင်ပေးခဲ့တဲ့ မာသထူးဝါးလေးတို့ မောင်နှမလေး ၃ ယောက်ရဲ့ ဗီဒီယိုလေးကို အောက်မှာ ဖော်ပြပေးထားပါတယ်။ မိခင်ကြီး မမိုင် မရှိတော့ပေမယ့် မာသထူးဝါးလေးတစ်ယောက် တောင်ကိုရီးယားနိုင်ငံမှာ အောင်မြင်မှုတွေ အများကြီး ရရှိတဲ့ အိုင်လ်ဒေါလေး တစ်ယောက် ဖြစ်လာပြီး အခက်အခဲတွေအားလုံးကို ကျော်လွှားနိုင်တဲ့ သူလေး ဖြစ်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Credit ; MMLoad