သူမကို မလွဘူးေျပာေနၾကတဲ့သူေတြ အံ့ၾသသြားရေအာင္ ႏွာေခါင္းျပဳျပင္ခြဲစိတ္ကာ ျပသလာတဲ့ အစီစဥ္တင္ဆက္သူ ၿဖိဳးေမ

Posted on

သူမကို မလွဘူးေျပာေနၾကတဲ့သူေတြ အံ့ၾသသြားရေအာင္ ႏွာေခါင္းျပဳျပင္ခြဲစိတ္ကာ ျပသလာတဲ့ အစီစဥ္တင္ဆက္သူ ၿဖိဳးေမ

ပရိသတ္ႀကီးေရ ေျပာင္းလဲလာတဲ့ ေခတ္ေရစီးေၾကာင္းအရ အစီအစဥ္ တင္ဆက္သူေတြဟာ ဆိုရင္လည္း ျပာ္သူ႔အခ်စ္ေတာ္မင္းသား မင္းသမီးေတြလိုပဲ ဝန္းရံအားေပးခ်စ္ခင္တဲ့သူေတြရွိေနၾကၿပီပဲ ျဖစ္ပါတယ္။ ျမန္မာႏိုင္ငံရဲ႕ေအာင္ျမင္တဲ့ အစီအစဥ္တင္ဆက္သူေတြ ထဲမွာ ေခတ္​သစ္ပ်ိဳေမ အစီအစဥ္ျပသစဥ္ကတည္းက ပရိသတ္ေတြအားေပးဝန္းရံခ်စ္ခင္ၾကတဲ့ ၿဖိဳးေမကို ပရိသတ္ေတြသိၾကမယ္ထင္ပါတယ္ေနာ္။

ၿဖိဳးေမကေတာ့အခုေနာက္ပိုင္း အစီအစဥ္ တင္ဆက္တာေတြ အျပင္ Forever Groupကတင္ဆက္တဲ့ ဇာတ္လမ္းတြဲေတြထဲ မွာလည္း ပါဝင္႐ိုက္ကူးလာတာပါ။ဒါ့အျပင္လက္ရွိMRTV4မွာျပသလ်က္ ရွိတဲ့ သရဖူဇာတ္လမ္းတြဲ မွာလည္း နီလာဆိုတဲ့ဇာတ္ေကာင္နဲ ႔ပါဝင္ထားတာပဲ ျဖစ္ပါတယ္။ လတ္တေလာမွာေတာ့ၿဖိဳးေမတစ္ေယာက္ Surgeryတစ္ခုျပဳလုပ္ျဖစ္ခဲ့ေၾကာင္းေျပာျပလာခဲ့တာပါ။

ျပဳျပင္ခဲ့တာ ကေတာ့ သူမရဲ႕ႏွာေခါင္းကို ခြဲစိတ္ျပဳျပင္ခဲ့ကာ”အဓိက ကေတာ့ သူမ်ားေတြ မလွဘူးေျပာလို႔ ၊ေဝဖန္လို႔ ျပင္တယ္ဆိုတာထက္ ..ကိုယ္ကိုယ္တိုင္က လုပ္ခ်င္လို႔ .. အၿမဲ insecurity တစ္ခုအေနနဲ႔ရွိခဲ့တဲ့ အရာေလးကို ျပဳျပင္လိုက္ရတဲ့အတြက္ ေက်နပ္ပါတယ္ ..အခုေတာ့ မိတ္ကပ္ျပင္ရင္ အသည္းအသန္ bronzer မသုံးရတာရယ္ ..ထိပ္က ေတာ္ေတာ္ေလးလုံးေန တာရယ္ ..မရွိေတာ့တာမို႔ တအားကို စိတ္ခ်မ္းသာေနပါဘီ ..😁အရင္က ႏွာေခါင္းလုံးလုံးေလးနဲ႔ ၿဖိဳးေမကို ခ်စ္ေပးၾကသလို ..ႏွာတံျမင့္ျမင့္နဲ႔ ၿဖိဳးေမကိုလည္း ခ်စ္ေပးၾကပါဦးေနာ္ …. 😁😁😍ဘယ္ေလာက္ပဲ အေသးစားခြဲစိတ္မႈပဲျဖစ္ျဖစ္ ..အေရးႀကီးတာက စိတ္ခ်ရတဲ့ Surgery Centre ကို ေ႐ြးခ်ယ္ဖို႔ပါဘဲ …ၿပီးေတာ့ ဆရာဝန္ၫႊန္ၾကားခ်က္ကို ေသခ်ာလိုက္နာဖို႔လည္းလိုအပ္ပါတယ္ …!!!
“ဆိုတဲ့စာေလးနဲ႔ေျပာျပခဲ့တာပါ။ပရိသတ္ေတြလည္းေျပာင္းလဲသြားတဲ့ ၿဖိဳးေမရဲ႕ ပုံစံေလးကိူၾကည့္ၿပီး ပိုလွလာလားဆိုတာမွတ္ခ်က္ေပးခဲ့ပါဦးေနာ္။

Credit- CeleGabar
Source- PhyoMay

သူမကို မလှဘူးပြောနေကြတဲ့သူတွေ အံ့သြသွားရအောင် နှာခေါင်းပြုပြင်ခွဲစိတ်ကာ ပြသလာတဲ့ အစီစဉ်တင်ဆက်သူ ဖြိုးမေ

ပရိသတ်ကြီးရေ ပြောင်းလဲလာတဲ့ ခေတ်ရေစီးကြောင်းအရ အစီအစဉ် တင်ဆက်သူတွေဟာ ဆိုရင်လည်း ပြာ်သူ့အချစ်တော်မင်းသား မင်းသမီးတွေလိုပဲ ဝန်းရံအားပေးချစ်ခင်တဲ့သူတွေရှိနေကြပြီပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့အောင်မြင်တဲ့ အစီအစဉ်တင်ဆက်သူတွေ ထဲမှာ ခေတ်​သစ်ပျိုမေ အစီအစဉ်ပြသစဉ်ကတည်းက ပရိသတ်တွေအားပေးဝန်းရံချစ်ခင်ကြတဲ့ ဖြိုးမေကို ပရိသတ်တွေသိကြမယ်ထင်ပါတယ်နော်။

ဖြိုးမေကတော့အခုနောက်ပိုင်း အစီအစဉ် တင်ဆက်တာတွေ အပြင် Forever Groupကတင်ဆက်တဲ့ ဇာတ်လမ်းတွဲတွေထဲ မှာလည်း ပါဝင်ရိုက်ကူးလာတာပါ။ဒါ့အပြင်လက်ရှိMRTV4မှာပြသလျက် ရှိတဲ့ သရဖူဇာတ်လမ်းတွဲ မှာလည်း နီလာဆိုတဲ့ဇာတ်ကောင်နဲ ့ပါဝင်ထားတာပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ဖြိုးမေတစ်ယောက် Surgeryတစ်ခုပြုလုပ်ဖြစ်ခဲ့ကြောင်းပြောပြလာခဲ့တာပါ။

ပြုပြင်ခဲ့တာ ကတော့ သူမရဲ့နှာခေါင်းကို ခွဲစိတ်ပြုပြင်ခဲ့ကာ”အဓိက ကတော့ သူများတွေ မလှဘူးပြောလို့ ၊ဝေဖန်လို့ ပြင်တယ်ဆိုတာထက် ..ကိုယ်ကိုယ်တိုင်က လုပ်ချင်လို့ .. အမြဲ insecurity တစ်ခုအနေနဲ့ရှိခဲ့တဲ့ အရာလေးကို ပြုပြင်လိုက်ရတဲ့အတွက် ကျေနပ်ပါတယ် ..အခုတော့ မိတ်ကပ်ပြင်ရင် အသည်းအသန် bronzer မသုံးရတာရယ် ..ထိပ်က တော်တော်လေးလုံးနေ တာရယ် ..မရှိတော့တာမို့ တအားကို စိတ်ချမ်းသာနေပါဘီ ..😁အရင်က နှာခေါင်းလုံးလုံးလေးနဲ့ ဖြိုးမေကို ချစ်ပေးကြသလို ..နှာတံမြင့်မြင့်နဲ့ ဖြိုးမေကိုလည်း ချစ်ပေးကြပါဦးနော် …. 😁😁😍ဘယ်လောက်ပဲ အသေးစားခွဲစိတ်မှုပဲဖြစ်ဖြစ် ..အရေးကြီးတာက စိတ်ချရတဲ့ Surgery Centre ကို ရွေးချယ်ဖို့ပါဘဲ …ပြီးတော့ ဆရာဝန်ညွှန်ကြားချက်ကို သေချာလိုက်နာဖို့လည်းလိုအပ်ပါတယ် …!!!
“ဆိုတဲ့စာလေးနဲ့ပြောပြခဲ့တာပါ။ပရိသတ်တွေလည်းပြောင်းလဲသွားတဲ့ ဖြိုးမေရဲ့ ပုံစံလေးကိူကြည့်ပြီး ပိုလှလာလားဆိုတာမှတ်ချက်ပေးခဲ့ပါဦးနော်။

Credit- CeleGabar
Source- PhyoMay