သူမကိုယ်ဝန်ရတာ ဒင်း ကြောင့် ဆိုပြီး အရွန်းဖောက်တဲ့ ပိုစ့်လေးတင်လိုက်တဲ့ နှိုင်းယှဉ်မြင့်မိုရ်
Posted on
ပရိသတ်အချစ်တော် ဇာတ်ပို့ဇာတ်ရံ တစ်ယောက်ဖြစ်တဲ့ နှိုင်းယှဉ်မြင့်မိုရ်ကတော့ အနုပညာနယ်ပယ်မှာကျင်လည်နေတာ နှစ်အတော်ကြာခဲ့ပြီပဲ ဖြစ်ပါတယ်။ ကျရာဇာတ်ကောင်ကို ဟာသဖြစ်ဖြစ်အကြမ်းအရမ်းဖြစ်ဖြစ် မင်းသားမင်းသမီးတွေရဲ့ ဘေးကနေ ဝိုင်းဝန်းပံ့ပိုးပေးတတ်ပြီး ရုပ်ရှင်ဇာတ်ကားပေါင်းများစွာကိုလည်း ရိုက်ကူးခဲ့တဲ့ ဇာတ်ရံကောင်း တစ်ဦးလို့ဆိုရမှာပါ။
အခုလို covid ကာလမှာ အိမ်မှာပဲ Stay Homeနေနေကြရတာကြောင့် အနုပညာရှင်တော်တော်များများ ဟာဆိုရင်ရိုက်ကူးရေးတွေ ရပ်နားထားကြရတာပါ။ ပထမStay Home ကာလမှာ ကော ဒုတိယ Stay Home မှာကော နှိုင်းယှဉ်မြင့်မိုရ်ကတော့ Online စျေးရောင်းတဲ့အလုပ်ကိုလုပ်ကိုင်နေခဲ့တာဖြစ်ပြီး အရမ်းကို ရောင်းကောင်းပြီး ရက် လွတ်တွေ မရှိေ အာင် မအားမလပ်နဲ့ဖြစ်နေခဲ့ ာပါ။ အခု တတိယလှိုင်းမှာတော့ အ ရောင်းပိုစ့် တွေ ကို ရံဖန်ရံခါ လောက်သာ တင်လေ့ ရှိပေမယ့်လည်း တင်သမျှက တော့ ရောင်းကောင်းနေတာပါ။
ယခုဖော်ပြချင်တာက တော့ သူမရဲ့ လူမှုကွန်ယက်စာမျက်နှာ မှာ အရွန်းဖောက် နောက်ပြောင်တဲ့ ပိုစ့်လေးတစ်ခု ကြောင့် သူ့ပရိသတ်တွေ comment မှာ တဝုန်းဝုန်းဖြစ်နေတာလေးကို Rangoon Times ပရိသတ်ကြီးသိအောင် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ သူမ ရေးထားတာလေးက တော့….
” ဪ ဘာလိုလိုနဲ့ အာဏာသိမ်းတာ 5 လရှိပြီဆိုတော့ ငါ့ကိုယ်ဝန်က 4 လကျော်ပေါ့….တောက် ဒင်းကြောင့်😁 ” ဆိုပြီး နောက်ပြောင်ရေးသားခဲ့တာဖြစ်ပါတယ်။
Na Nge (Rangoon Times)
Zawgyi Version
Na Nge (Rangoon Times)