သူမကိုယ္တိုင္ သီဆိုထားတဲ့ သီခ်င္း MVကို Ss ေတြရိုက္ၿပီး ေဝဖန္ထားတဲ့ စာတစ္ခုေၾကာင့္ အႀကီးအက်ယ္ေပါက္ကြဲေနတဲ့ သင္ဇာ၀င့္ေက်ာ္

Posted on

သူမကိုယ္တိုင္ သီဆိုထားတဲ့ သီခ်င္း MVကို Ss ေတြရိုက္ၿပီး ေဝဖန္ထားတဲ့ စာတစ္ခုေၾကာင့္ အႀကီးအက်ယ္ေပါက္ကြဲေနတဲ့ သင္ဇာ၀င့္ေက်ာ္

မင္းသမီးေခ်ာေလး သင္ဇာဝင့္ေက်ာ္ ကေတာ့ သ႐ုပ္ေဆာင္ တစ္ေယာက္ အျဖစ္ ထိပ္ဆုံးမွာ ေအာင္ျမင္ေနသူျဖစ္ၿပီး အခုဆိုရင္ သူမ ကိုယ္တိုင္ သီခ်င္းေတြကို သီဆိုေနၿပီပဲျဖစ္ပါတယ္။ သင္ဇာဝင့္ေက်ာ္ဟာ ၿပီးခဲ့တဲ့ ေမလ (၇)ရက္ေန ႔မွာေတာ့ သူမရဲ့ ပထမဦးဆုံး သီခ်င္းျဖစ္တဲ့ “ေက်နပ္ရတယ္” Music Video ေလးကို လူမႈကြန္ယက္ စာမ်က္ႏွာေပၚမွာ တင္ေပးလာခဲ့ရာ ထိုသီခ်င္းေလးဟာ ႀကိဳက္ႏွစ္သက္သူေတြရွိသလို သေရာ္သူေတြရဲ့ေဝဖန္မႈနဲ႔လည္း ၾကဳံခဲ့ရပါတယ္။

ဒီကေန႔မွာေတာ့ သင္ဇာဝင့္ေက်ာ္က သူမရဲ့ “ေက်နပ္ရတယ္” သီခ်င္းကို သေရာ္ၿပီးေဝဖန္ထားတဲ့ စာတစ္ခုေၾကာင့္ ေဒါသထြက္ေနခဲ့ တာကို ေတြ႕ရပါတယ္။ သင္ဇာဝင့္ေက်ာ္က “Attention ရွာခ်င္တဲ့ အေကာင္ေတြေရ Attention လိုခ်င္ရင္ နင္တို႔ဟာနင္တို႔ တုံးလုံးခၽြတ္ၿပီး ၿမိဳ႕ထဲမွာပတ္ေျပးေနလိုက္ ငါ့နာမည္နဲ႔ႀကိဳးစားမႉကိုခုတုံးလုပ္ၿပီး ေခြးတိုးေပါက္ကေနမတိုးခ်င္နဲ႔ 🤭🤭🤭 သိဖို႔ 😌😌😌 သူမ်ားအခ်ိန္ကုန္ေငြကုန္ခံၿပီး ဖန္တီးထားတဲ့အႏုပညာတခု က်မတေယာက္တည္းဖန္တီးထားတယ္ဆိုထား တျခားဝါရင့္ အႏုပညာရွင္မ်ားျဖစ္တဲ့ ဆရာခ်စ္တို႔ တျခားအႏုပညာရွင္ေတြ ပါဝင္ႀကိဳးစားအားထုတ္ထားတဲ့ ေဖ်ာ္ေျဖမႉတခုကို အားမေပးခ်င္ေနပါ ပ်က္ရယ္ျပဳသေရာ္ၿပီး သူ႔ရဲ့ ၁၀၀ ဖိုး ၃ ပုဒ္ေတာင္မတန္တဲ့ စာတတန္ေပတတန္ post တခုနဲ႔လာၿပီးမသေရာ္နဲ႔ ေပါေပါပဲပဲ ဘာတခုမွမပါဘူး သိဖို႔” ဆိုၿပီး ေျပာလာခဲ့တာပဲျဖစ္ပါတယ္။

သင္ဇာဝင့္ေက်ာ္ရဲ့ သီခ်င္း MV ကို Ss ေတြရိုက္ၿပီး ေဝဖန္ထားတဲ့ စာတစ္ခုဟာ လူမႈကြန္ယက္ စာမ်က္ႏွာေပၚမွာ ပ်ံ႕ႏွံ့ေနလ်က္ရွိၿပီး သင္ဇာဝင့္ေက်ာ္ဟာ အဆိုပါပို႔စ္ေၾကာင့္ သူမရဲ့သီခ်င္းအေပၚ တီးခတ္ေရးသားေပးသူေတြကိုပါ ေစာ္ကားသလိုျဖစ္ေၾကာင္း ျပတ္ျပတ္သားသားေျပာလာခဲ့တာပဲျဖစ္ပါတယ္။

Source: Thin Zar Wint Kyaw ‘s fb

Credit; Cele Active World

သူမကိုယ်တိုင် သီဆိုထားတဲ့ သီချင်း MVကို Ss တွေရိုက်ပြီး ဝေဖန်ထားတဲ့ စာတစ်ခုကြောင့် အကြီးအကျယ်ပေါက်ကွဲနေတဲ့ သင်ဇာဝင့်ကျော်

မင်းသမီးချောလေး သင်ဇာဝင့်ကျော် ကတော့ သရုပ်ဆောင် တစ်ယောက် အဖြစ် ထိပ်ဆုံးမှာ အောင်မြင်နေသူဖြစ်ပြီး အခုဆိုရင် သူမ ကိုယ်တိုင် သီချင်းတွေကို သီဆိုနေပြီပဲဖြစ်ပါတယ်။ သင်ဇာဝင့်ကျော်ဟာ ပြီးခဲ့တဲ့ မေလ (၇)ရက်နေ ့မှာတော့ သူမရဲ့ ပထမဦးဆုံး သီချင်းဖြစ်တဲ့ “ကျေနပ်ရတယ်” Music Video လေးကို လူမှုကွန်ယက် စာမျက်နှာပေါ်မှာ တင်ပေးလာခဲ့ရာ ထိုသီချင်းလေးဟာ ကြိုက်နှစ်သက်သူတွေရှိသလို သရော်သူတွေရဲ့ဝေဖန်မှုနဲ့လည်း ကြုံခဲ့ရပါတယ်။

ဒီကနေ့မှာတော့ သင်ဇာဝင့်ကျော်က သူမရဲ့ “ကျေနပ်ရတယ်” သီချင်းကို သရော်ပြီးဝေဖန်ထားတဲ့ စာတစ်ခုကြောင့် ဒေါသထွက်နေခဲ့ တာကို တွေ့ရပါတယ်။ သင်ဇာဝင့်ကျော်က “Attention ရှာချင်တဲ့ အကောင်တွေရေ Attention လိုချင်ရင် နင်တို့ဟာနင်တို့ တုံးလုံးချွတ်ပြီး မြို့ထဲမှာပတ်ပြေးနေလိုက် ငါ့နာမည်နဲ့ကြိုးစားမှူကိုခုတုံးလုပ်ပြီး ခွေးတိုးပေါက်ကနေမတိုးချင်နဲ့ 🤭🤭🤭 သိဖို့ 😌😌😌 သူများအချိန်ကုန်ငွေကုန်ခံပြီး ဖန်တီးထားတဲ့အနုပညာတခု ကျမတယောက်တည်းဖန်တီးထားတယ်ဆိုထား တခြားဝါရင့် အနုပညာရှင်များဖြစ်တဲ့ ဆရာချစ်တို့ တခြားအနုပညာရှင်တွေ ပါဝင်ကြိုးစားအားထုတ်ထားတဲ့ ဖျော်ဖြေမှူတခုကို အားမပေးချင်နေပါ ပျက်ရယ်ပြုသရော်ပြီး သူ့ရဲ့ ၁၀၀ ဖိုး ၃ ပုဒ်တောင်မတန်တဲ့ စာတတန်ပေတတန် post တခုနဲ့လာပြီးမသရော်နဲ့ ပေါပေါပဲပဲ ဘာတခုမှမပါဘူး သိဖို့” ဆိုပြီး ပြောလာခဲ့တာပဲဖြစ်ပါတယ်။

သင်ဇာဝင့်ကျော်ရဲ့ သီချင်း MV ကို Ss တွေရိုက်ပြီး ဝေဖန်ထားတဲ့ စာတစ်ခုဟာ လူမှုကွန်ယက် စာမျက်နှာပေါ်မှာ ပျံ့နှံ့နေလျက်ရှိပြီး သင်ဇာဝင့်ကျော်ဟာ အဆိုပါပို့စ်ကြောင့် သူမရဲ့သီချင်းအပေါ် တီးခတ်ရေးသားပေးသူတွေကိုပါ စော်ကားသလိုဖြစ်ကြောင်း ပြတ်ပြတ်သားသားပြောလာခဲ့တာပဲဖြစ်ပါတယ်။

Source: Thin Zar Wint Kyaw ‘s fb

Credit; Cele Active World