
Posted on






သားလေး Rioလေးနဲ့အတူ ခင်ပွန်းဖြစ်သူရဲ့မိသားစုတွေနဲ့ ပျော်ပျော်ပါးပါးလမ်းလျှောက်နေတဲ့ ပုံရိပ်တွေကို ပြသလာတဲ့ စုစုဝေ

ပရိတ်သတ်ကြီးရေ စုစုဝေ ဆိုတာ နဲ့ သူမရဲ့ခင်ပွန်း Mikis Weber ကြောင့် ပရိသတ်တွေပို သိလာ ကြတဲ့စုံတွဲလေး လည်းဖြစ်ပါ တယ်။ သူမရဲ့ ခင်ပွန်းဟာ တိုင်းတ စ်ပါးသားဖြစ်ပေမယ့် မြန်မာစကား ကို သေချာအောင်‌ပြောဆို နိုင်တာ‌ကြောင့်ပရိသတ်စိတ်ဝင်စားမှုရရှိပြီးနောက်ပိုင်း Cele တစ်ယောက်အဖြစ်ရပ်တည်နိုင်ခဲ့ တာပါ။​သူတို့ စုံတွဲလေးဟာ ဘာသာ မတူပေမယ့် တည်‌ဆောက်ထားတဲ့နားလည် မှုတွေေ ကြာင့် ပိုပြီးပျော်ရွှင်စရာအချိန်ေ တွကိုပိုင်ဆိုင်ထားခဲ့တာပါ။

လက်ရှိမှာတော့ သူတို့နှစ်ယောက် က ဂျာမနီ နိုင်ငံမှာ နေထိုင်ပြီး သာယာပျော်ရွှင်စရာ ကောင်းတဲ့ မိသားစုဘဝလေးကို တည်ထောင်လိုက်ပြီပဲ ဖြစ်ပါတယ်။ ဧပြီလ (၂၈) ရက်နေ့က သူတို့ရဲ့ မိသားစုဝင် အသစ်ဖြစ်တဲ့ သားလေး Rio က လူ့လောကထဲကို ရောက်ရှိလာခဲ့ပါပြီ။

ပါးနီတာရဲလေးနဲ့ အသည်းယားစရာ ကောင်းတဲ့ သားလေး Rio လေးကို ဖေဖေမေမေနဲ့ ဘိုးဘိုးဘွားဘွားတွေ လက်ပေါ်က မချနိုင်အောင် ကို ချစ်နေကြရုံ သာမက မြန်မာနိုင်ငံက ပရိသတ်တွေ ကလည်း အချစ်ပိုနေကြတာဖြစ်ပါတယ်။ သာလေးရဲ့ ပုံရိပ်လေးတွေကို အမြဲမျှဝေပေးလေ့ရှိတဲ့ မေမေစုစုဝေက ဒီနေ့မှာလည်း သားလေးနဲ့ အတူတူ မိသားစုတွေ လမ်းလျှောက်ထွက်နေကြတဲ့ ပုံရိပ်လေးတွေကို “ရာသီဥတုသာယာလာတော့ သားသားလေး နဲ့အပြင်ထွက်😘👨‍👩‍👦❤️” ဆိုတဲ့ စာသားလေးနဲ့ မျှဝေထားတာပဲ ဖြစ်ပါတယ်။

Source: Su Su Weber’s FB Acc
Credit:Cele Active World