
Posted on











Credit:Cele Thadin

သမီးဖြစ်သူရဲ့ လက်မလည်အောင်ရောင်းရတဲ့ ယိုးဒယားမုန့်ဟင်းခါးလေးကို ဝိုင်းကူလုပ်ရင်း ပေါက်ကွဲသံစဉ်တွေကို ဖွင့်ဟလာတဲ့ ဝိုင်းစုမေမေ

ပရိသတ်ကြီးရေ ဒီကာလမှာ လူတိုင်းလိုလို စားဝတ်နေရေး ခက်ခဲနေတဲ့ ကာလဖြစ်နေပါတယ်။ အနုပညာရှင်တော်တော် များများကလည်း အနုပညာ လှုပ်ရှားမှုတွေ ရပ်နားထားရ တာကြောင့် အခြားစီးပွားရေး လုပ်ငန်းတွေ လုပ်ကိုင်နေရပြီ ဖြစ်ပါတယ်။ ဝိုင်းစု တစ်ယောက်လည်း ယိုးဒယားမုန့်ဟင်းခါးနဲ့ ဖက်ထမင်းကို ကိုယ်တိုင်ချက်ရောင်းပြီးရောင်းချပေးနေတာ ဖြစ်ပါတယ်။

မကြာသေးခင်က ဝိုင်းစုမေမေရဲ့ လူမှုကွန်ရက် စာမျက်နှာတွင် ပို့စ်တစ်ခု တင်ထားတာ ဖြစ်ပါတယ်။ ဒါကတော့ဈေးရောင်း နေတဲ့ သမီးလေးကို အားလပ်ချိန်မရလောက်အောင် ဝိုင်းကူပေးနေရ တာကြောင့် ပေါက်ကွဲသံစဉ်တွေ ဖွင့်ဟလိုက်တာ ဖြစ်ပါတယ်။

“ သူနဲ့ကျမငါဘုရင်မ မဟုတ်တော့ဘူး

စာရေးမလိုလို၊အဝယ်တော်လိုလို

deliသမားလိုလိုနဲ့ရသစုံတယ်🤯

ခနလေးနားလိုက်မယ်ပြောတာတောင်

ဖုန်းကတဂွမ်ဂွမ် သူများနားနေလို့

ဆက်ကြည့်ပါလားသံပရာသီးအ

လုံး၁ဝဝစားထားသလိုရုပ်နဲ့😖🥴” ဆိုပြီး ရေးသား ထားတာ ဖြစ်ပါတယ်။

Credit:Cele Thadin