ဝေါမြို့နယ်ကျိုက်လှရွာ က နွမ်းပါးချို့တဲ့လှတဲ့ အိမ်ထောင်စု ( ၁၂၀ ) စာအတွက် အခြေခံစားသောက်ကုန်များ လှူဒါန်းပေးခဲ့တဲ့ ဝေဠုကျော်

Posted on

ပရဟိတ မင်းသားကြီး ဝေဠုကျော်ကတော့ အောင်မြင်ကျော်ကြားတဲ့ ဝါရင့် အနုပညာရှင် တစ်ယောက် ဖြစ်သလို လက်ရှိ အခြေအနေတွေမှာလည်း ပရဟိတအလုပ်တွေကို အင်တိုက်အားတိုက်လုပ်ဆောင်ကာ လှူဒါန်းမှုတွေကိုလည်း ဆက်တိုက်ပြုလုပ်နေတာ ဖြစ်ပါတယ်။ ဝေဠုကျော်ကတော့ ခုလို ကာလတွေမှာ အကြောင်းအမျိုးမျိုးကြောင့် အမှန်တကယ် စားဝတ်နေရေး ခက်ခဲနေကြတဲ့ ပြည်သူတွေ အတွက် အခြေခံ စားသောက်ကုန်တွေ ပေးဝေလှူဒါန်းပြီး တတ်နိုင်သလောက် ဖေးမကူညီနေတာလည်း ဖြစ်ပါတယ်။

သူကိုယ်တိုင်လည်း ဝေဠုကျော်ဖောင်ဒေးရှင်း တည်ထောင်ထားပြီး အဖွဲ့သားများနဲ့အတူ လိုအပ်တဲ့ နေရာများကို ကိုယ်တိုင် သွားရောက် လေ့လာကာ ကူညီလှူဒါန်းပေးနေတာတွေကို မြင်တွေ့ရတာလည်း ကြည်နူးစရာ ကောင်းလွန်းလှပါတယ်နော်။ နေစရာ အိမ်အခက်အခဲဖြစ်နေတဲ့ မိသားစုတွေ အတွက်လည်း တတ်နိုင်သရွေ့ အိမ်လေးတွေ ဆောက်လုပ်လှူဒါန်းပေးနေတာလည်းတွေ့ရပြီး ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေလည်း လုပ်ဆောင်ပေးနေတာဖြစ်ပါတယ်။ ဒီလို အနစ်နာခံကာ သူတစ်ပါးအပေါ် ကူညီတတ်တာတွေကြောင့် ပရိသတ်တွေက လေးစားဂုဏ်ယူနေကြတာပါ။

အခုလည်း ဝေါမြို့နယ် ကျိုက်လှရွာက နွမ်းပါးချို့တဲ့သော အိမ်ထောင်စု (၁၂၀ ) စာအတွက် တစ်အိမ်ထောင်လျှင်ဆန် ၄ ပြည်ကုလားပဲ ကြက်သွန်နီဆန် စတာတွေကို အမေရိကန်နေအလှူရှင်တွေကိုယ်စား ကိုယ်တိုင်သွားရောက် ဝေငှလှူဒါန်းပေးခဲ့ပါတယ်။ ပရိသတ်ကြီးအတွက် ဝေဠုကျော်ရဲ့ အလှူပုံရိပ်တွေကို မျှဝေပေးလိုက်ပါရစေ။

Zawgyi Version

ပရဟိတ မင္းသားႀကီး ေဝဠဳေက်ာ္ကေတာ့ ေအာင္ျမင္ေက်ာ္ၾကားတဲ့ ဝါရင့္ အႏုပညာရွင္ တစ္ေယာက္ ျဖစ္သလို လက္ရွိ အေျခအေနေတြမွာလည္း ပရဟိတအလုပ္ေတြကို အင္တိုက္အားတိုက္လုပ္ေဆာင္ကာ လႉဒါန္းမႈေတြကိုလည္း ဆက္တိုက္ျပဳလုပ္ေနတာ ျဖစ္ပါတယ္။ ေဝဠဳေက်ာ္ကေတာ့ ခုလို ကာလေတြမွာ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ အမွန္တကယ္ စားဝတ္ေနေရး ခက္ခဲေနၾကတဲ့ ျပည္သူေတြ အတြက္ အေျခခံ စားေသာက္ကုန္ေတြ ေပးေဝလႉဒါန္းၿပီး တတ္နိုင္သေလာက္ ေဖးမကူညီေနတာလည္း ျဖစ္ပါတယ္။

သူကိုယ္တိုင္လည္း ေဝဠဳေက်ာ္ေဖာင္ေဒးရွင္း တည္ေထာင္ထားၿပီး အဖြဲ႕သားမ်ားနဲ႔အတူ လိုအပ္တဲ့ ေနရာမ်ားကို ကိုယ္တိုင္ သြားေရာက္ ေလ့လာကာ ကူညီလႉဒါန္းေပးေနတာေတြကို ျမင္ေတြ႕ရတာလည္း ၾကည္ႏူးစရာ ေကာင္းလြန္းလွပါတယ္ေနာ္။ ေနစရာ အိမ္အခက္အခဲျဖစ္ေနတဲ့ မိသားစုေတြ အတြက္လည္း တတ္နိုင္သေရြ႕ အိမ္ေလးေတြ ေဆာက္လုပ္လႉဒါန္းေပးေနတာလည္းေတြ႕ရၿပီး ကူညီကယ္ဆယ္ေရးလုပ္ငန္းေတြလည္း လုပ္ေဆာင္ေပးေနတာျဖစ္ပါတယ္။ ဒီလို အနစ္နာခံကာ သူတစ္ပါးအေပၚ ကူညီတတ္တာေတြေၾကာင့္ ပရိသတ္ေတြက ေလးစားဂုဏ္ယူေနၾကတာပါ။

အခုလည္း ေဝါၿမိဳ႕နယ္ က်ိဳက္လွရြာက ႏြမ္းပါးခ်ိဳ႕တဲ့ေသာ အိမ္ေထာင္စု (၁၂၀ ) စာအတြက္ တစ္အိမ္ေထာင္လၽွင္ဆန္ ၄ ျပည္ကုလားပဲ ၾကက္သြန္နီဆန္ စတာေတြကို အေမရိကန္ေနအလႉရွင္ေတြကိုယ္စား ကိုယ္တိုင္သြားေရာက္ ေဝငွလႉဒါန္းေပးခဲ့ပါတယ္။ ပရိသတ္ႀကီးအတြက္ ေဝဠဳေက်ာ္ရဲ့ အလႉပုံရိပ္ေတြကို မၽွေဝေပးလိုက္ပါရေစ။