လွတ်မြောက်နယ်မြေမှာ ဘဝတူရဲဘော်တွေ သိန်းရာနဲ့ချီပြီးအလှုငွေတွေ ရနေကြောင်း ဝမ်းသာအားရ ပြောပြလာခဲ့တဲ့ နိုဗန်ထူး

Posted on

လွတ်မြောက်နယ်မြေတစ်ခုကိုရောက်ရှိနေတဲ့ နိုဗန်ထူးဟာ ယခင်ကတည်းက ကြိုးစားခဲ့တဲ့ ကိစ္စတစ်ခု အကောင်အထည် ပေါ်လာခဲ့ပြီး ဘဝတူရဲဘော်တွေကို ထောက်ပံ့ပေး နိုင်ခဲ့လို့ ပျော်ရတဲ့အကြောင်းကို Facebook လူမှုကွန်ရက်မှာ ပြောပြလာခဲ့ပါတယ်။

အခုလိုကာလမှာ ဘယ်ကိစ္စမဆို လျို့ဝှက်ပြီးလုပ်ရတာမို့ အဆင်မပြေမချင်း ဘယ်သူ့ကိုမှ အသိမပေးဘဲ အောင်မြင်သွားပြီဆိုမှ အသိပေးစကားပြောလာခဲ့တာပါ။

” နာကျင်စရာတွေ ကြားက ကျေနပ်စရာတချို့လည်းဖြစ်ခဲ့တယ်။ ကိုဝင်းကျော်နဲ့ တိုင်ပင်ပြီး ကျနော်တို့ရဲဘော်တွေအတွက် လိုအပ်တာတွေ တက်နိုင်သမျှရှာဖွေပေးသွားမယ် ဆိုပြီး အရင်ကတည်းကကြံစည်ခဲ့တာ အခုတော့ ဖြစ်လာခဲ့ပြီ။ ဒီကြားထဲ ကိုရေမွန်ရုတ်တရက် ထွက်ခွာသွားတော့ ကျနော်တို့စိတ်တွေ တိမ်းတိမ်းပွေပွေ ဖြစ်ခဲ့ရတယ်။ ဖြစ်တယ် ဆိုပြီးတော့ လည်း တော်လှန်ရေးကိုစိတ်လျော့သွားရမှာမဟုတ်ဘူး။

ပိုပြီးနာကြည်းတယ်။ အမုန်းတရားနဲ့ မိတ်ဖွဲ့ထားပြီး ပြန်လည်ပေးဆပ်ဖို့ ရှေ့ဆက်လျှောက်ဖို့ပဲ ရှိတယ်။ကိုရေမွန်လည်း စောင့်ကြည့်နေမယ်လို့ယုံကြည်တယ်။ အခုလည်း အာလုံးစုပေါင်းထည့်ဝင်ထားတဲ့ အထဲက ဘတ်နှစ်သိန်းလည်း ကျွန်တော်တို့ရဲဘော်တွေဆီ ချောချောမွေ့မွေ့ ရောက်ရှိလာခဲ့ပါပြီ။ သေချာတာတစ်ခုက ပန်းနဲ့ပေါက်တဲ့ပွဲမဟုတ်တော့ ပေးဆပ်မူကတော့ ကြီးမှာပါပဲ။ ဘယ်အကြောင်း ကြောင်းနဲ့မှ သွေးမအေးစေရ။ ” ဆိုပြီး နိုဗန်ထူးက အားလုံးကို အသိပေးလာခဲ့ပါတယ်။ဒုက္ခခံပြီးတောထဲမှာ စစ်ရေးလေ့ကျင့်သင်ကြားနေတဲ့ လူငယ်တွေဟာ မလုံမခြုံနဲ့ ချို့ချို့တဲ့တဲ့နေရတာ များပါတယ်။

တောထဲမှာ ငှက်ဖျားကြောင့် အသက်ဆုံးရှုံးခဲ့ရတာတွေနဲ့ ကုသပေးမယ့်ဆရာဝန်မရှိတာကြောင့်မဆုံးရှုံးသင့်တဲ့ အသက်တွေ ဆုံးရှုံးရတာတွေဟာလည်း ရင်နာစရာပါ။ ဒီလိုအဖြစ်တွေကနေ ကင်းဝေးအောင် ကျန်းမာရေး စောင့်ရှောက်မှုတွေနဲ့ ခွန်အားပြည့်မယ့် အစာအာဟာရတွေ များများစားစား ရှိဖို့လိုအပ်ပါတယ်။ အခုလိုအလှူငွေတွေ အများကြီးရရှိခဲ့တဲ့ အပေါ်မှာလည်း အကျိုးရှိမယ့် အရာတွေကိုလုပ်ဆောင်သွားမှာမို့ ကြိုးစားနေတဲ့ရဲဘော်တွေအတွက်တော့ တကယ်ကိုခွန်အားဖြစ်စရာပါပဲ။

Source: Novem Htoo’s FB Acc

Crd : Myanmar lOad

Zawgyi Version

လြတ္ေျမာက္နယ္ေျမတစ္ခုကိုေရာက္ရွိေနတဲ့ နိုဗန္ထူးဟာ ယခင္ကတည္းက ႀကိဳးစားခဲ့တဲ့ ကိစၥတစ္ခု အေကာင္အထည္ ေပၚလာခဲ့ၿပီး ဘဝတူရဲေဘာ္ေတြကို ေထာက္ပံ့ေပး နိုင္ခဲ့လို႔ ေပ်ာ္ရတဲ့အေၾကာင္းကို Facebook လူမႈကြန္ရက္မွာ ေျပာျပလာခဲ့ပါတယ္။

အခုလိုကာလမွာ ဘယ္ကိစၥမဆို လ်ိဳ႕ဝွက္ၿပီးလုပ္ရတာမို႔ အဆင္မေျပမခ်င္း ဘယ္သူ႔ကိုမွ အသိမေပးဘဲ ေအာင္ျမင္သြားၿပီဆိုမွ အသိေပးစကားေျပာလာခဲ့တာပါ။

” နာက်င္စရာေတြ ၾကားက ေက်နပ္စရာတခ်ိဳ႕လည္းျဖစ္ခဲ့တယ္။ ကိုဝင္းေက်ာ္နဲ႔ တိုင္ပင္ၿပီး က်ေနာ္တို႔ရဲေဘာ္ေတြအတြက္ လိုအပ္တာေတြ တက္နိုင္သမၽွရွာေဖြေပးသြားမယ္ ဆိုၿပီး အရင္ကတည္းကႀကံစည္ခဲ့တာ အခုေတာ့ ျဖစ္လာခဲ့ၿပီ။ ဒီၾကားထဲ ကိုေရမြန္႐ုတ္တရက္ ထြက္ခြာသြားေတာ့ က်ေနာ္တို႔စိတ္ေတြ တိမ္းတိမ္းေပြေပြ ျဖစ္ခဲ့ရတယ္။ ျဖစ္တယ္ ဆိုၿပီးေတာ့ လည္း ေတာ္လွန္ေရးကိုစိတ္ေလ်ာ့သြားရမွာမဟုတ္ဘူး။

ပိုၿပီးနာၾကည္းတယ္။ အမုန္းတရားနဲ႔ မိတ္ဖြဲ႕ထားၿပီး ျပန္လည္ေပးဆပ္ဖို႔ ေရွ႕ဆက္ေလၽွာက္ဖို႔ပဲ ရွိတယ္။ကိုေရမြန္လည္း ေစာင့္ၾကည့္ေနမယ္လို႔ယုံၾကည္တယ္။ အခုလည္း အာလုံးစုေပါင္းထည့္ဝင္ထားတဲ့ အထဲက ဘတ္ႏွစ္သိန္းလည္း ကၽြန္ေတာ္တို႔ရဲေဘာ္ေတြဆီ ေခ်ာေခ်ာေမြ႕ေမြ႕ ေရာက္ရွိလာခဲ့ပါၿပီ။ ေသခ်ာတာတစ္ခုက ပန္းနဲ႔ေပါက္တဲ့ပြဲမဟုတ္ေတာ့ ေပးဆပ္မူကေတာ့ ႀကီးမွာပါပဲ။ ဘယ္အေၾကာင္း ေၾကာင္းနဲ႔မွ ေသြးမေအးေစရ။ ” ဆိုၿပီး နိုဗန္ထူးက အားလုံးကို အသိေပးလာခဲ့ပါတယ္။ဒုကၡခံၿပီးေတာထဲမွာ စစ္ေရးေလ့က်င့္သင္ၾကားေနတဲ့ လူငယ္ေတြဟာ မလုံမျခဳံနဲ႔ ခ်ိဳ႕ခ်ိဳ႕တဲ့တဲ့ေနရတာ မ်ားပါတယ္။

ေတာထဲမွာ ငွက္ဖ်ားေၾကာင့္ အသက္ဆုံးရႈံးခဲ့ရတာေတြနဲ႔ ကုသေပးမယ့္ဆရာဝန္မရွိတာေၾကာင့္မဆုံးရႈံးသင့္တဲ့ အသက္ေတြ ဆုံးရႈံးရတာေတြဟာလည္း ရင္နာစရာပါ။ ဒီလိုအျဖစ္ေတြကေန ကင္းေဝးေအာင္ က်န္းမာေရး ေစာင့္ေရွာက္မႈေတြနဲ႔ ခြန္အားျပည့္မယ့္ အစာအာဟာရေတြ မ်ားမ်ားစားစား ရွိဖို႔လိုအပ္ပါတယ္။ အခုလိုအလႉေငြေတြ အမ်ားႀကီးရရွိခဲ့တဲ့ အေပၚမွာလည္း အက်ိဳးရွိမယ့္ အရာေတြကိုလုပ္ေဆာင္သြားမွာမို႔ ႀကိဳးစားေနတဲ့ရဲေဘာ္ေတြအတြက္ေတာ့ တကယ္ကိုခြန္အားျဖစ္စရာပါပဲ။

Source: Novem Htoo’s FB Acc

Crd : Myanmar lOad