“လိုင်းပေါ်တင်ပြီး ချပြလို့မရလို့ ကိုယ်လှူခဲ့ တာတွေ အားလုံးကို တနေ့ တို့တွေ အောင်မြင်သွားတဲ့အခါကျမှ ဂုဏ်ယူပြီး ဖော်ပြပါမယ်” လို့ ဆိုလိုက်တဲ့ ပိုးကြာဖြူခင်

Posted on

ပရိသတ်တွေရဲ့ အချစ်တော်တစ်ဦးဖြစ်တဲ့ သရုပ်ဆောင် မင်းသမီး ပိုးကြာဖြူခင်ကတော့ MRTV-4 ဇာတ်လမ်းတွဲတွေ ရိုက်ကူးရာကနေ အောင်မြင် ကျော်ကြားလာတဲ့ အနုပညာရှင် တစ်ယောက်ပဲဖြစ်ပါတယ်။ သူမကို လူသိများလာစေတာကတော့ ဆိုင်းမိုင်ဆိုတဲ့ ဇာတ်ရုပ်နဲ့ ပရိသတ်အချစ်တွေ အခိုင်အမာရရှိကာ တစ်ခဲနက်အောင်မြင်မှုတွေ ရရှိခဲ့တာပဲ ဖြစ်ပါတယ်။

ပရိသတ်တွေ နဲ့ အလုပ်အပေါ်မှာလည်း လေးစားတဲ့ သူမက မိဘကိုရှာဖွေ ကျွေးမွေးပြုစုနေတဲ့ သမီး အလိမ္မာလေး တစ်ယောက်လည်းဖြစ်ပါတယ်။

ပိုးကြာဖြူခင်ကတော့ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေမှာ တတ်နိုင်တဲ့ ဘက်ကနေ ပြည်သူတွေအတွက် အလှူလေးတွေ မကြာခဏဆိုသလို ပြုလုပ်နေတာကို ပရိသတ်တွေ မြင်တွေ့ကြရမှာပါ။ နည်းသည်များသည် ဖြစ်စေ ခုလိုအချိန်မှာ ပေးကမ်းဝေမျှခြင်းကလည်း မွန်မြတ်လှပါတယ်။

ဆိုင်းမိုင်ဆိုတဲ့ ဇာတ်ရုပ်နဲ့ ပရိသတ်အချစ်တွေ အခိုင်အမာရရှိကာ တစ်ခဲနက်အောင်မြင်မှုတွေ များစွာရရှိထားတဲ့ သရုပ်ဆောင်မင်းသမီးချော ပိုးကြာဖြူခင်ကတော့ လတ်တလော အခြေအနေတွေနဲ့ ပတ်သက်ပြီး ပြည်သူတွေနဲ့အတူ ရပ်တည်နေသူပါပဲ..။ ပြီးခဲ့တဲ့ လပိုင်းတွေကတည်းက စတင်ခဲ့တဲ့ နွေဦးတော်လှန်ရေး တိုက်ပွဲကြီးမှာ ပြည်သူတွေနဲ့အတူ လှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့ပြီး လှူဒါန်းမှုတွေကိုလည်း အများအပြားပြုလုပ်ကာ အားလုံး နဲ့ တစ်သားတည်း ပါဝင်နေ သူလည်း ဖြစ်ပါတယ်..။

“လိုင်းပေါ်တင်ပြီး ချပြလို့မရခဲ့တဲ့ ကိုယ်ပါဝင်ခဲ့တာတွေ ကိုယ်လှူခဲ့ ထောက်ပံ့ပေးခဲ့တာတွေ အားလုံးကို တနေ့ တို့တွေ အောင်မြင်သွားတဲ့အခါကျမှ ဂုဏ်ယူပြီး ဖော်ပြပါမယ် အများအကျိုးအတွက် အနစ်နာခံ စွန့်လွှတ်ကြိုးစားပေးခဲ့ကြသူများကို အစဉ်လေးစားလျှက် ….” ဆိုပြီး သူမရဲ့ Facebook စာမျက်နှာမှာ ပိုစ့်တင်လာတာလေးကို Rangoon Times ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေ ပေးလိုက်ပါတယ်။ ဖတ်ရှု့တဲ့ ပရိတ်သတ် အားလုံးကို ကျေးဇူးတင်ပြီး ကျန်းမာ၍ ဘေးကင်းကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Na Nge (Rangoon Times)

Zawgyi Version




ယခုလည်းသူမက အလှူတွေ ဆက်လက်လုပ်နေတာဖြစ်ပြီး သူမလှူခဲ့တာတွေကို လူမှုကွန်ယက်ပေါ်တင်ပြီး ချပြလို့ မရ တာတွေကို တနေ့ အောင်မြင်မှုရရှိသွားတော့မှသာ ဂုဏ်ယူပြီး ဖော်ပြမယ်လို့ ဆိုပါတယ်။ ပိုးကြာဖြူခင် ရေးသား ထားတာလေးက တော့….


Na Nge (Rangoon Times)