ရင်ထဲမှာ တစိမ့်စိမ့် နာကျဉ်နေရတဲ့ သရုုပ်ဆောင် မင်းမော်ကွန်း

Posted on

မင်းမော်ကွန်းကတော့ ရုပ်ရှင် ဇာတ်လမ်းတွေမှာရော နှင်းဆီအငြိမ့်မှာရော အောင်မြင်ခဲ့တာကြောင့် ပြည်သူတွေရဲ့အချစ်တွေကို သိမ်းပိုက်ထားနိုင်သူဖြစ်ပါတယ်။ မင်းမော်ကွန်းကတော့ အနုပညာမှာလည်း ကျရာဇာတ်ရုပ်ကနေ သရုပ်ဆောင်နိုင်သလို အနုပညာ သက်တမ်းတစ်လျှောက်မှာလည်း နာမည်ပျက်မရှိအောင် နေထိုင်ခဲ့သူဖြစ်ပါတယ်။

အနုပညာလောကမှာလည်း ဖခင်ဖြစ်သူ ဦးဇင်ဝိုင်းကိုလည်း လူတိုင်းကလေးစားအားကျရသလို သားဖြစ်သူ မင်းမော်ကွန်းကလည်း အမှန်တရားဘက်ကို ရဲရဲဝင့်ဝင့်နေရဲသူလည်း ဖြစ်ပါတယ်.။ ပြည်သူတွေရဲ့အတူ ခံစားချက်တွေထပ်တူကျခဲ့သူဖြစ်တဲ့

အပြင် ဖခင်ဖြစ်သူ အဖမ်းခံရတဲ့အခါမှာလည်း နောက်ဆုတ်မသွားတဲ့ အပြင်ရှေ့ကိုသာ ဆက်လက်ရပ်တည်ခဲ့ပါတယ်။ မင်းသားမင်းမော်ကွန်းကတော့ လူ ကိုယ်တိုင်လည်း ပါဝင်ဆန္ဒထုတ်ဖော်ခဲ့ပြီး လူများနည်းတူ လူမှု့ကွန်ယက် စာမျက်နှာထက်ကနေလည်း ဆက်လက်ပြီးတော်လှန်နေဆဲပဲ ဖြစ်ပါတယ်။

နည်းမျိုးစုံဖြင့် ခံဝန်ကတိ ထိုးဖို့တွန်းအားပေးခံခဲ့ရပေမယ့် နောက်မဆုတ်ဘဲ ပန်းတိုင်ကို မရောက်ရောက်အောင် လျှောက်လှမ်းနေဆဲပါပဲနော်။ တော်လှန်ရေးအတွက် အုတ်တစ်ချက် သဲတစ်ပွင့် တာဝန်ထမ်းဆောင်နေတဲ့ မင်းမော်ကွန်းဟာ လောလောဆယ်မှာလွတ်မြောက်နယ်မြေ တစ်ခုကိုရောက်ရှိနေတယ်လို့လည်း သိရှိရပြီး သူကတော့တတ်နိုင်တဲ့ဘက်ကနေပြီး အာဏာရှင်ကို တွန်းလှန်နေတာပဲဖြစ်ပါတယ်။

အာဏာရှင်ကိုတွန်းလှန်နေကြတဲ့အထဲမှာမိသားစုတွေ ကိုလည်း ခွဲထားခဲ့ရတာမို့ ကလေးငယ်လေးတွေရှိတဲ့ မိသားစုတွေကတော့ စိတ်ဒဏ်ရာတွေရရှိမှာလည်း သေချာပါတယ်။ မကြာခင်ရက်ပိုင်းတုန်းကတော့ မင်းမော်ကွန်းရဲ့ မိန်းမနဲ့ သားငယ်လေးအပြင် တစ်အိမ်လုံးကချစ်ရတဲ့ ခွေးလေး မာယာသေဆုံးတာကြောင့် အရမ်းခံစားနေကြရတာ ဖြစ်ပါတယ်။

ဒီနေ့လေးမှာတော့ ခွေးလေးမာယာရဲဲ့ ခရီးလမ်းမှာသူနေမကောင်းဖြစ်နေတာကိုပဲအာရုံရောက်ပြီး လူတွေ အစစ်မခံရဘူးတဲ့စတေးသွားတဲ့ သမီး မာယာလေးရေ ရင်ကွဲရပါတယ် နေမကောင်းတဲ့ ဗီဒီယိူလေကို တင်ပြီး ကြေကွဲနေတာ ဖြစ်ပါတယ်။

 

Source: Kyaw Kyaw Htay Lwin

Zawgyi Version






ဒီနေ့လေးမှာတော့ ခွေးလေးမာယာရဲ့ ခရီးလမ်းမှာသူနေမကောင်းဖြစ်နေတာကိုပဲအာရုံရောက်ပြီး လူတွေ အစစ်မခံရဘူးတဲ့စတေးသွားတဲ့ သမီး မာယာလေးရေ ရင်ကွဲရပါတယ် နေမကောင်းတဲ့ ဗီဒီယိုလေကို တင်ပြီး ကြေကွဲနေတာ ဖြစ်ပါတယ်နော်..
