ယနေ့ ကျရောက်တဲ့ မိဘ ၂ ပါးရဲ့ မင်္ဂလာနှစ်ပတ်လည် ၃၇ နှစ်ပြည့် နေ့လေးအတွက် ဂုဏ်ပြုဆုမွန်ကောင်းတောင်းပေးခဲ့တဲ့ ကျော်ကျော်

Posted on

ပရိတ်သတ်ကြီးရေ သရုပ်ဆောင် မင်းသားချော ကျော်ကျော်ကတော့ ဒီနေ့မှာ ကျရောက်တဲ့ မိဘ ၂ ပါးရဲ့ မင်္ဂလာနှစ်ပတ်လည်နေ့လေး အတွက် ဂုဏ်ပြုဆုမွန်ကောင်းတောင်းပေးခဲ့ပါတယ်။

ဒီနေ့ ဇွန်လ (၁၆) ရက်နေ့လေးမှာတော့ ကျော်ကျော်ရဲ့ မိဘနှစ်ပါးဟာ မင်္ဂလာသက်တမ်း (၃၇) နှစ်ပြည့်မြောက်သွားခဲ့တာပဲဖြစ်ပါတယ်။

ကျော်ကျော်က မင်္ဂလာနှစ်ပတ်လည်နေ့အတွက် “ယနေ့ကျရောက်တဲ့ ဖေနဲ့မေရဲ့ မင်္ဂလာ နှစ်ပတ်လည် ၃၇ နှစ်ပြည့်မှသည် နောက်နှစ်များစွာတိုင်အောင် ကျန်းမာ ပျော်ရွှင်ခြင်းများစွာနဲ့ သက်ဆုံးတိုင်အတူတူကျော်ဖြတ်နိုင်ပါစေလို့ အားကျခြင်းများစွာနဲ့ သားဆုတောင်းပေးလိုက်ပါတယ်နော် “ဆိုပြီး မိဘနှစ်ပါးရဲ့ပုံလေးတွေနဲ့အတူ သူရဲ့ Facebook လူမှုကွန်ရက်စာမျက်နှာကနေ မင်္ဂလာနှစ်ပတ်လည် ဂုဏ်ပြုဆုတောင်း စကားဆိုထားခဲ့တာပါ။

Happy Anniversary ပါ ဦးနဲ့အန်တီရေ။ (၃၇) နှစ်မင်္ဂလာနှစ်ပတ်လည်ကနေ နောင်နှစ်ပေါင်း များစွာတိုင် သားသမီး မြေးမြစ်တွေနဲ့ ပျော်ရွှင်စွာ နိုင်ပါစေလို့ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်နော်။ ပရိသတ်ကြီးတွေလည်း ပရိသတ်အချစ်တော် ကျော်ကျော်ရဲ့မိဘနှစ်ပါးအတွက် မင်္ဂလာဆုမွန်ကောင်း စကားလေးတွေ ပြောပေးခဲ့ကြပါဦးနော်။

Zawgyi Version

ပရိတ္သတ္ႀကီးေရ သ႐ုပ္ေဆာင္ မင္းသားေခ်ာ ေက်ာ္ေက်ာ္ကေတာ့ ဒီေန႔မွာ က်ေရာက္တဲ့ မိဘ ၂ ပါးရဲ့ မဂၤလာႏွစ္ပတ္လည္ေန႔ေလး အတြက္ ဂုဏ္ျပဳဆုမြန္ေကာင္းေတာင္းေပးခဲ့ပါတယ္။

ဒီေန႔ ဇြန္လ (၁၆) ရက္ေန႔ေလးမွာေတာ့ ေက်ာ္ေက်ာ္ရဲ့ မိဘႏွစ္ပါးဟာ မဂၤလာသက္တမ္း (၃၇) ႏွစ္ျပည့္ေျမာက္သြားခဲ့တာပဲျဖစ္ပါတယ္။

ေက်ာ္ေက်ာ္က မဂၤလာႏွစ္ပတ္လည္ေန႔အတြက္ “ယေန႔က်ေရာက္တဲ့ ေဖနဲ႔ေမရဲ့ မဂၤလာ ႏွစ္ပတ္လည္ ၃၇ ႏွစ္ျပည့္မွသည္ ေနာက္ႏွစ္မ်ားစြာတိုင္ေအာင္ က်န္းမာ ေပ်ာ္ရႊင္ျခင္းမ်ားစြာနဲ႔ သက္ဆုံးတိုင္အတူတူေက်ာ္ျဖတ္နိုင္ပါေစလို႔ အားက်ျခင္းမ်ားစြာနဲ႔ သားဆုေတာင္းေပးလိုက္ပါတယ္ေနာ္ “ဆိုၿပီး မိဘႏွစ္ပါးရဲ့ပုံေလးေတြနဲ႔အတူ သူရဲ့ Facebook လူမႈကြန္ရက္စာမ်က္ႏွာကေန မဂၤလာႏွစ္ပတ္လည္ ဂုဏ္ျပဳဆုေတာင္း စကားဆိုထားခဲ့တာပါ။

Happy Anniversary ပါ ဦးနဲ႔အန္တီေရ။ (၃၇) ႏွစ္မဂၤလာႏွစ္ပတ္လည္ကေန ေနာင္ႏွစ္ေပါင္း မ်ားစြာတိုင္ သားသမီး ေျမးျမစ္ေတြနဲ႔ ေပ်ာ္ရႊင္စြာ နိုင္ပါေစလို႔ ဆုမြန္ေကာင္း ေတာင္းေပးလိုက္ပါတယ္ေနာ္။ ပရိသတ္ႀကီးေတြလည္း ပရိသတ္အခ်စ္ေတာ္ ေက်ာ္ေက်ာ္ရဲ့မိဘႏွစ္ပါးအတြက္ မဂၤလာဆုမြန္ေကာင္း စကားေလးေတြ ေျပာေပးခဲ့ၾကပါဦးေနာ္။