မြို့မလူမူ့ကူညီရေးအသင်းနဲ့ ပေါင်းပီး စစ်ဘေးရှောင် စခန်းတွေမှာ မုန့်တွေသွားလှုခဲ့ တဲ့ ဆောင်းယွန်းစံ
Posted on
ပရိသတ်ကြီးရေ…ဆောင်းယွန်းစံကတော့ ခုလတ်တလော မှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီး ဖေဖော်ဝါရီလထဲကနေ ဒီနေ့အထိ ပြည်သူလူထုနဲ့ အတူရပ်တည်ကာ ရရာနေရာကနေ တစ်တပ်တစ်အား ပါဝင်အားဖြည့်ခဲ့တဲ့ သူတစ်ယောက်ပါ။
ခုလို အရာရာ ခက်ခဲလွန်းတဲ့ တော်လှန်ရေး ကာလကြီး မှာလည်း စားဝတ်နေရေး အဆင်မပြေဖြစ်နေတဲ့ ပြည်သူတွေကို သူမရဲ့ မိတ်ဆွေတွေနဲ့ အတူစုပေါင်းပြီး လိုအပ်တာတွေ မကြာခဏ လှူဒါန်းလေ့ရှိပြီး လိုအပ်တာမှန်သမျှကို တတ်နိုင်သလောက် ထောက်ပံ့ဝေမျှပေးခဲ့တာကြောင့် အားလုံးက လေးစား ချစ်ခင်နေရတာပါ။ သူကိုယ်တိုင်လည်း ချွေတာကာ အင်တိုက် အားတိုက် လှူဒါန်းခဲ့ပြီး ကိုယ်ကျိူးမကြည့်ဘဲ လုပ်ဆောင်နေသူ တစ်ယောက်လည်းဖြစ်ပါတယ်။
ဒီနေ့မှာလည်း စစ်ဘေးရှောင်စခန်းတွေအတွက် မြို့မလူမူ့ကူညီရေးအသင်းနဲ့ စုပေါင်းကာ စားနပ်ရိက္ခာ များ လှူဒါန်းခဲ့ပြန်ပါတယ်။
အလှူလေးနဲ့ ပတ်သက်ပြီးလည်း ” မြို့မလူမူ့ကူညီရေးအသင်းနဲ့ ပေါင်းပီး စစ်ဘေးရှောင် စခန်းတွေမှာ မုန့်တွေသွားလှုခဲ့ပါတယ် လက်ရှိမှာသူတိူ့အတွက် အဓိက လိုနေတာကတော့ မိုးကာအကျီတွေပါ.. ချင်းပြည်ကစစ်ဘေးရှောင် စခန်းပို့ဖို့လဲ ဆေးဝါး အစားအသောက် အနွေးထည် စောင် အားလုံးစီစဉ်ပြီး .. မိုးကာအင်္ကျီတွေပဲ လိုအပ်ပါတော့တယ်..မိုးကာအင်္ကျီတွေ လှူဒါန်းပေးဖို့ တောင်းဆိုပါရစေ.. ဆောင်းလဲ အများကြီးမလှုနိုင်တော့လို့ပါ.. အထည် ၁၀၀၀ လောက်လိုအပ်ပါမယ်..တထည်ကို ငါးထောင်လောက်ကျပါမယ်.. ၁ဝဝဝပဲဖစ်ဖစ် ၂ဝဝဝပဲဖစ်ဖစ် နိုင်သလောက်လှုဒါန်းပေးပါ. .အားလုံးစုပီးရသလောက် ဝယ်ပီးလှူဒါန်းပေးပါမယ်..” ရေးသားဖော်ပြထားရာ ပရိသတ်ကြီးလည်း အလှူလေးမှာ ပါဝင်နိုင်ရန် ပြန်လည်ဝေမျှပေးလိုက်ပါတယ်။
Zawgyi Version
အလှူလေးနဲ့ ပတ်သက်ပြီးလည်း ” မြို့မလူမူ့ကူညီရေးအသင်းနဲ့ ပေါင်းပီး စစ်ဘေးရှောင် စခန်းတွေမှာ မုန့်တွေသွားလှုခဲ့ပါတယ် လက်ရှိမှာသူတို့အတွက် အဓိက လိုနေတာကတော့ မိုးကာအကျီတွေပါ.. ချင်းပြည်ကစစ်ဘေးရှောင် စခန်းပို့ဖို့လဲ ဆေးဝါး အစားအသောက် အနွေးထည် စောင် အားလုံးစီစဉ်ပြီး .. မိုးကာအင်္ကျီတွေပဲ လိုအပ်ပါတော့တယ်..မိုးကာအင်္ကျီတွေ လှူဒါန်းပေးဖို့ တောင်းဆိုပါရစေ.. ဆောင်းလဲ အများကြီးမလှုနိုင်တော့လို့ပါ.. အထည် ၁၀၀၀ လောက်လိုအပ်ပါမယ်..တထည်ကို ငါးထောင်လောက်ကျပါမယ်.. ၁၀၀၀ပဲဖစ်ဖစ် ၂၀၀၀ပဲဖစ်ဖစ် နိုင်သလောက်လှုဒါန်းပေးပါ. .အားလုံးစုပီးရသလောက် ဝယ်ပီးလှူဒါန်းပေးပါမယ်..” ရေးသားဖော်ပြထားရာ ပရိသတ်ကြီးလည်း အလှူလေးမှာ ပါဝင်နိုင်ရန် ပြန်လည်ဝေမျှပေးလိုက်ပါတယ်။