မြန်မာ့လက်ရွေးစင် အသင်းရဲ့ ဂိုးသမား ပြည့်လျှံအောင် မြန်မာပြည်သို႕မပြန်

Posted on

မြန်မာလက်ရွေးစင် ဘောလုံးအသင်းရဲ့ ဂိုးသမားပြည့်လျှံအောင်က အသင်းနှင့်အတူ မြန်မာနိုင်ငံသို့ ပြန်လည် လိုက်ပါလာခဲ့ခြင်းမရှိကြောင်းဘဲ ဂျပန်နိုင်ငံတွင် နေရစ်ခဲ့ကြောင်း ကနေဦးသတင်းတွေအရသိရပါတယ်။

ဂျပန်နိုင်ငံကိုရောက်ရှိနေတဲ့ မြန်မာလက်ရွေးစင် ဘောလုံးအသင်းဟာ လက်ကျန်ပွဲစဉ်တွေယှဉ်ပြိုင်ခဲ့အပြီး ဇွန်လ ၁၆ ရက်နေ့က မြန်မာနိုင်ငံသို့ပြန်မည့် ခရီးစဉ်မှာ ဂိုးသမားပြည့်လျှံအောင်က အိုဆာကာ လေဆိပ်မှာပဲ ကျန်ရစ်နေခဲ့ကြောင်းကို ၎င်းရဲ့ရင်းနှီးသူ အချို့ထံမှာသိရပါတယ်။

“ဟုတ်ပါတယ်။ဒီနေ့ အသင်းတည်ရှိရာ မြိုက အိုဆာကာလေဆိပ်မှာကျန်ခဲ့ပါတယ်။ အသင်းကတော့ ဒီနေ့ပဲပြန်သွားတာ ” ဟု ရင်းနှီးသူအချို့က ဆိုပါတယ်။

လက်ရှိအချိန်တွင် ပြည့်လျှံအောင်အနေဖြင့် အိုဆာကာမြိုကတွင် နေထိုင်လျက်ရှိနေပြီး အသေးစိတ်အချက်အလက်ကိုတော့ မကြာခင်မှာ သတင်းထုတ်ပြန်သွားဖို့ ရှိနေကြောင်းသိရပါတယ်။

ဂျပန်နိုင်ငံ အိုဆာကာမြို့ မှာ မေလ ၂၈ ရက်နေ့က ဂျပန်လက်ရွေးစင်အမျိုးသားဘောလုံးအသင်း နှင့် မြန်မာလက်ရွေးစင်အသင်းတို့ ယှဉ်ပြိုင်ကစားမည့် ပွဲစဉ်အစတွင် ဂိုသမား ပြည့်လျှံအောင်ဟာ လက်ပေါ်၌ we need justice ဟု ရေးသားကာ လက်သုံးချောင်းထောင်ပြီး ဆန္ဒထုတ်ဖော်ခဲ့သူ ဖြစ်ပါတယ်။ သူမြန်မာပြည်ကို မပြန်ရတဲ့ အ ကြောင်းအရင်းက တော့ ထိုကဲ့သို့ ဆန္ဒထုတ်ဖော် ခြင်းနဲ့ အခြား စစ်ကောင်စီကို ဆန့်ကျင်တဲ့ အ ကြောင်းအရာတွေကြောင့် ထောက်ခံသူများပြားခဲ့သလို ဝေဖန်မှုတွေလည်းရှိကာ သူ့အတွက် အန္တရာယ် ရှိနိုင်လို့ဟု အ ကြောင်းပြ ပြောဆိုထားကြောင်း ၎င်းရဲ့ရင်းနှီးသူ အချို့ထံမှသိရပါတယ်။

Zawgyi Version

ျမန္မာလက္ေရြးစင္ ေဘာလုံးအသင္းရဲ့ ဂိုးသမားျပည့္လၽွံေအာင္က အသင္းႏွင့္အတူ ျမန္မာနိုင္ငံသို႔ ျပန္လည္ လိုက္ပါလာခဲ့ျခင္းမရွိေၾကာင္းဘဲ ဂ်ပန္နိုင္ငံတြင္ ေနရစ္ခဲ့ေၾကာင္း ကေနဦးသတင္းေတြအရသိရပါတယ္။

ဂ်ပန္နိုင္ငံကိုေရာက္ရွိေနတဲ့ ျမန္မာလက္ေရြးစင္ ေဘာလုံးအသင္းဟာ လက္က်န္ပြဲစဥ္ေတြယွဥ္ၿပိဳင္ခဲ့အၿပီး ဇြန္လ ၁၆ ရက္ေန႔က ျမန္မာနိုင္ငံသို႔ျပန္မည့္ ခရီးစဥ္မွာ ဂိုးသမားျပည့္လၽွံေအာင္က အိုဆာကာ ေလဆိပ္မွာပဲ က်န္ရစ္ေနခဲ့ေၾကာင္းကို ၎ရဲ့ရင္းႏွီးသူ အခ်ိဳ႕ထံမွာသိရပါတယ္။

“ဟုတ္ပါတယ္။ဒီေန႔ အသင္းတည္ရွိရာ ၿမိဳက အိုဆာကာေလဆိပ္မွာက်န္ခဲ့ပါတယ္။ အသင္းကေတာ့ ဒီေန႔ပဲျပန္သြားတာ ” ဟု ရင္းႏွီးသူအခ်ိဳ႕က ဆိုပါတယ္။

လက္ရွိအခ်ိန္တြင္ ျပည့္လၽွံေအာင္အေနျဖင့္ အိုဆာကာၿမိဳကတြင္ ေနထိုင္လ်က္ရွိေနၿပီး အေသးစိတ္အခ်က္အလက္ကိုေတာ့ မၾကာခင္မွာ သတင္းထုတ္ျပန္သြားဖို႔ ရွိေနေၾကာင္းသိရပါတယ္။

ဂ်ပန္နိုင္ငံ အိုဆာကာၿမိဳ႕ မွာ ေမလ ၂၈ ရက္ေန႔က ဂ်ပန္လက္ေရြးစင္အမ်ိဳးသားေဘာလုံးအသင္း ႏွင့္ ျမန္မာလက္ေရြးစင္အသင္းတို႔ ယွဥ္ၿပိဳင္ကစားမည့္ ပြဲစဥ္အစတြင္ ဂိုသမား ျပည့္လၽွံေအာင္ဟာ လက္ေပၚ၌ we need justice ဟု ေရးသားကာ လက္သုံးေခ်ာင္းေထာင္ၿပီး ဆႏၵထုတ္ေဖာ္ခဲ့သူ ျဖစ္ပါတယ္။ သူျမန္မာျပည္ကို မျပန္ရတဲ့ အ ေၾကာင္းအရင္းက ေတာ့ ထိုကဲ့သို႔ ဆႏၵထုတ္ေဖာ္ ျခင္းနဲ႔ အျခား စစ္ေကာင္စီကို ဆန႔္က်င္တဲ့ အ ေၾကာင္းအရာေတြေၾကာင့္ ေထာက္ခံသူမ်ားျပားခဲ့သလို ေဝဖန္မႈေတြလည္းရွိကာ သူ႔အတြက္ အႏၲရာယ္ ရွိနိုင္လို႔ဟု အ ေၾကာင္းၿပ ေျပာဆိုထားေၾကာင္း ၎ရဲ့ရင္းႏွီးသူ အခ်ိဳ႕ထံမွသိရပါတယ္။