မေသစ္စာမောင်ရဲ့ ဓာတ်ပုံလေးရှေ့မှာ ဖြေမဆည်နိုင်လောက်အောင်ကို ဝမ်းနည်းနေတဲ့ သူငယ်ချင်းတစ်ဦးရဲ႕ Video ဖိုင် နဲ့ Accident ဖြစ်ခဲ့ရပုံ အကြောင်းစုံ

Posted on

မေသစ္စာမောင်ဆိုတဲ့ မော်ဒယ်မလေးကတော့ ချစ်ပရိသတ်တွေနဲ့ ရင်းနှီးပြီးသား မော်ဒယ်လေး တစ်ယောက်ပဲဖြစ်ပါတယ်။ သူမရဲ့အချိုးအစားပြေပြစ်တဲ့ ခန္ဓာကိုယ်အလှတွေ ညှို့အားပြင်းတဲ့ဖက်ရှင်တွေကြောင့် ပုရိသပရိသတ်တွေအားပေးခြင်းကို တစ်ခဲနက်ဆိုသလိုရရှိထားခဲ့တာကိုလည်းတွေ့ရပါတယ်။

မေလ (၇) ရက်နေ့က အင်းလျားလမ်းက ယာဉ်တိုက်မှုတွင် လူသုံးယောက် သေဆုံးသွားခဲ့ကြတာ ဖြစ်ပါတယ်။ Taxi ယာဉ်မောင်းနဲ့ ဇနီးကတော့ နေရာမှာတင် ပွဲချင်းပြီး သေဆုံးသွားပြီး ကားပေါ်တွင် ပါလာသူတွေထဲမှ transgender မေသစ္စာမောင်ကတော့ ဆေးရုံသွားတဲ့ လမ်းမှာဘဲ ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။ ငယ်ရွယ်ပြီး ချောမောလှပလွန်းသူတစ်ဦး လောကကြီးကနေ အစောကြီး ခွဲခွာသွားတဲ့ မေသစ္စာမောင်ကို အားလုံးက နှမျောနေကြတာ ဖြစ်ပါတယ်။

မေသစ္စာမောင်ကို ချစ်ကြတဲ့ သူငယ်ချင်းများကလည်း သူမရဲ့ အိမ်တွင် နာရေးကိစ္စအတွက် အစစအရာရာ ကူညီဆောင်ရွက်ပေးနေကြတာ ဖြစ်ပါတယ်။ အချစ်ဆုံး သူငယ်ချင်းတစ်ဦးကလည်း မေရဲ့ ဓာတ်ပုံလေးရှေ့မှာ အရုပ်ကျိုးပျက် ထိုင်ကြည့်နေပြီး ” ငါတော့ အဆင်မပြေဘူး မေရယ် နင်ရော ဘယ်တွေရောက် ” ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်။ မေရဲ့ Taxi ကားပေါ်မှာ ပါလာတဲ့ သူငယ်ချင်းတစ်ချို့လည်း ဒဏ်ရာတွေရရှိထားပြီး စိုးရိမ်ရတဲ့အခြေအနေမှာ ရှိနေတာ ဖြစ်ပါတယ်။

ကား accident ဖြစ်ခဲ့ရပုံ အကြောင်းစုံကိုလည်း သူမရဲ့ အသိမိတ်ဆွေတစ်ယောက်က ” မေသစ္စာမောင်အပြင်ထွက်နေတုန်း အိမ်ကသူမွေးထားတဲ့ ခွေးမလေးက ကလေးမွေးနေပီဆိုပီး ရရာ Taxi ကိုတောင်းပန်ငှါးပီး အပြန် ၊ မီးပွိုင့်မိနေတုန်း တဖက်လမ်းကြောကလာတဲ့ကားက သူ့ဘက်အခြမ်းကို ဖြတ်တိုက်လိုက်တာပါတဲ့ ” ဆိုပြီး ရေးသားထားရာ ဖတ်ပြီး စိတ်မကောင်းဖြစ်မိတာအမှန်ပါပဲနော်။ မေသစ္စာမောင်လည်း ကောင်းရာသုဂတိလားပါစေ ဆုတောင်းပေးလိုက်ပါတယ်။

သူမကို ဒီနေ့ ညနေ (၄) နာရီတွင် ရေဝေးသုဿာန်တွင် မီးသဂြိုလ်မှာ ဖြစ်ပါတယ်။ ကွယ်လွန်သူအားရည်စူး၍တနင်္ဂနွေနေ့တွင် ဘုရားအမှူးရှိသော ပင့်သံဃာတော် အရှင်သူမြတ်တို့အား ဆွမ်း၊ သင်္ကန်းအစရှိသည်တို့ကိုဆပ်ကပ်လှူဒါန်း အမျှအတန်း ပေးဝေမှာ ဖြစ်ပါတယ်။ ချစ်ခင်ရသူတွေကို အားလုံးစွန့်ခွာသွားတဲ့ မေသစ္စာမောင်လည်း ဒီလှူဒါန်းမှုအစုစုကို ရောက်ရာဘုံဘဝကနေ သာဓုခေါ်ဆိုနိုင်ပါစေလို့ ဆုတောင်းပေးရင်း ဒီသတင်းကို တင်ဆက်ပေးလိုက် ရပါတယ်နော်။