မိသားစုနဲ့ ခွဲနေရပေမယ့်လည်း ချစ်ရတဲ့ညီမလေးပျော်ရွှင်နေတာမြင်ရလို့ ဝမ်းသာကြောင်းပြောလာတဲ့ မေ

Posted on

Miss Universe Myanmar အဖြစ်နဲ့ တိုင်းတပါးမှာ သွားရောက်ယှဉ်ပြိုင်ပြီး အမိမြန်မာပြည်ကို ပြန်လာဖို့ မလွယ်တော့တဲ့ သူဇာဝင့်လွင်ဟာ လတ်တလောမှာတော့ အမေရိကန်မှာနေထိုင်ပြီး မော်ဒယ် အေဂျင်စီတစ်ခုမှာ ဝင်ရောက်လုပ်ကိုင်နေခဲ့ပါပြီ။

ဒီနေ့မှာလည်း ကန်ဒီက လော့အိန်ဂျလိစ်နိုင်ငံက Beverly Hills မြို့မှာရိုက်ကူးထားတဲ့ ပုံရိပ်လေးကို လူမှုကွန်ရက်မှာ ဝေမျှခဲ့ပြီးနောက် အမဖြစ်သူမေဟာ ” ငါရောက်ဖူးချင်တဲ့ နေရာလေး.. ပျော်နေတာမြင်တော့ ဝမ်းသာပါတယ်. တို့ ဝရမ်းပြေးဘဝက လွတ်တဲ့တနေ့မှ ပြန်ဆုံကြစို့ တို့Family ” ဆိုပြီး ဝင်ရောက်မှတ်ချက် ပေးခဲ့ပါတယ်။ ဒီမှတ်ချက်လေးကို မြင်ကြတဲ့ပရိသတ်တွေဟာ စိတ်မကောင်းဖြစ်ပြီး အားတင်းထားဖို့နဲ့ ဘေးကင်းစေကြောင်း ဆုတောင်း ပေးခဲ့ကြပါတယ်။

အမဖြစ်သူရဲ့မှတ်ချက်ကို ” Miss you ဒီမှာလည်း passport ဖျက်ခံရတယ်ဆိုလား” ဆိုပြီး ကန်ဒီက ပြန်လည် မှတ်ချက်ပေးခဲ့ပါတယ်။ အမဖြစ်သူ မေဟာလည်း (၅၀၅) (က) နဲ့ အမှုဖွင့်ခံရပြီး ဘေးလွတ်ရာကို တိမ်းရှောင်နေရသလို ညီမဖြစ်သူ ကန်ဒီဟာ လည်း တကမ္ဘာလုံးကကြည့်နေတဲ့ Miss Universe စင်မြင့်ထက်မှာ မြန်မာ့အရေးကို ထုတ်ဖော်ခဲ့တာကြောင့် မြန်မာပြည်ကို ပြန်လာဖို့ အဆင်မပြေနိုင်သေးပါဘူး။ ဒီလို အခက်အခဲတွေကိုယ်စီနဲ့ ရင်ဆိုင်နေရတဲ့ ညီအမ ၂ ယောက်ကို ပရိသတ်တွေက အားပေးစကားပြောခဲ့ကြပါတယ်။

မေနဲ့ကန်ဒီလို သမီးလေးတွေကိုပိုင်ဆိုင် ထားတဲ့ မိဘတွေအတွက်တော့ တကယ်ကို ဂုဏ်ယူစရာဖြစ်နေမှာပါ။ ပရိသတ်တွေရဲ့ချစ်ခြင်းမေတ္တာကြောင့် ညီအမနှစ်ယောက်လုံး ပိုမိုအောင်မြင်ပျော်ရွှင်တဲ့ ဘဝတွေကို ကိုယ်စီ ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးပါတယ်။

Zawgyi Version

Miss Universe Myanmar အျဖစ္နဲ႔ တိုင္းတပါးမွာ သြားေရာက္ယွဥ္ၿပိဳင္ၿပီး အမိျမန္မာျပည္ကို ျပန္လာဖို႔ မလြယ္ေတာ့တဲ့ သူဇာဝင့္လြင္ဟာ လတ္တေလာမွာေတာ့ အေမရိကန္မွာေနထိုင္ၿပီး ေမာ္ဒယ္ ေအဂ်င္စီတစ္ခုမွာ ဝင္ေရာက္လုပ္ကိုင္ေနခဲ့ပါၿပီ။

ဒီေန႔မွာလည္း ကန္ဒီက ေလာ့အိန္ဂ်လိစ္နိုင္ငံက Beverly Hills ၿမိဳ႕မွာရိုက္ကူးထားတဲ့ ပုံရိပ္ေလးကို လူမႈကြန္ရက္မွာ ေဝမၽွခဲ့ၿပီးေနာက္ အမျဖစ္သူေမဟာ ” ငါေရာက္ဖူးခ်င္တဲ့ ေနရာေလး.. ေပ်ာ္ေနတာျမင္ေတာ့ ဝမ္းသာပါတယ္. တို႔ ဝရမ္းေျပးဘဝက လြတ္တဲ့တေန႔မွ ျပန္ဆုံၾကစို႔ တို႔Family ” ဆိုၿပီး ဝင္ေရာက္မွတ္ခ်က္ ေပးခဲ့ပါတယ္။ ဒီမွတ္ခ်က္ေလးကို ျမင္ၾကတဲ့ပရိသတ္ေတြဟာ စိတ္မေကာင္းျဖစ္ၿပီး အားတင္းထားဖို႔နဲ႔ ေဘးကင္းေစေၾကာင္း ဆုေတာင္း ေပးခဲ့ၾကပါတယ္။

အမျဖစ္သူရဲ့မွတ္ခ်က္ကို ” Miss you ဒီမွာလည္း passport ဖ်က္ခံရတယ္ဆိုလား” ဆိုၿပီး ကန္ဒီက ျပန္လည္ မွတ္ခ်က္ေပးခဲ့ပါတယ္။ အမျဖစ္သူ ေမဟာလည္း (၅၀၅) (က) နဲ႔ အမႈဖြင့္ခံရၿပီး ေဘးလြတ္ရာကို တိမ္းေရွာင္ေနရသလို ညီမျဖစ္သူ ကန္ဒီဟာ လည္း တကမၻာလုံးကၾကည့္ေနတဲ့ Miss Universe စင္ျမင့္ထက္မွာ ျမန္မာ့အေရးကို ထုတ္ေဖာ္ခဲ့တာေၾကာင့္ ျမန္မာျပည္ကို ျပန္လာဖို႔ အဆင္မေျပနိုင္ေသးပါဘူး။ ဒီလို အခက္အခဲေတြကိုယ္စီနဲ႔ ရင္ဆိုင္ေနရတဲ့ ညီအမ ၂ ေယာက္ကို ပရိသတ္ေတြက အားေပးစကားေျပာခဲ့ၾကပါတယ္။

ေမနဲ႔ကန္ဒီလို သမီးေလးေတြကိုပိုင္ဆိုင္ ထားတဲ့ မိဘေတြအတြက္ေတာ့ တကယ္ကို ဂုဏ္ယူစရာျဖစ္ေနမွာပါ။ ပရိသတ္ေတြရဲ့ခ်စ္ျခင္းေမတၱာေၾကာင့္ ညီအမႏွစ္ေယာက္လုံး ပိုမိုေအာင္ျမင္ေပ်ာ္ရႊင္တဲ့ ဘဝေတြကို ကိုယ္စီ ပိုင္ဆိုင္နိုင္ပါေစလို႔ ဆုေတာင္းေပးပါတယ္။