မိခင္ျဖစ္သူရဲ႕အိမ္ကို သူခိုး၀င္ခိုးလို႕ ပိုက္ဆံေတြပါသြားတဲ့ အေၾကာင္းကို ပရိသတ္ေတြလည္း သတိထားႏိုင္ေအာင္ ေျပာျပလာတဲ့ သားစိုး

Posted on

မိခင္ျဖစ္သူရဲ႕အိမ္ကို သူခိုး၀င္ခိုးလို႕ ပိုက္ဆံေတြပါသြားတဲ့ အေၾကာင္းကို ပရိသတ္ေတြလည္း သတိထားႏိုင္ေအာင္ ေျပာျပလာတဲ့ သားစိုး

ျမန္မာသံစဥ္ သီခ်င္းေတြနဲ႔ နိုင္ငံျခားတီးလုံးေတြကို ေရာသမေမႊၿပီး ဖန္တီးတဲ့ အဆိုေတာ္သားစိုး ကိုေတာ့ တစ္နိုင္ငံလုံးက ပရိသတ္ေတြအားလုံးသိၿပီးသားျဖစ္မွာပါ။ သားစိုးဟာ လက္ရွိမွာေတာ့ သူ႔ရဲ့မိသားစုေတြ နဲ႔အတူတူ စီးပြားေရးအလုပ္ေတြကိုသာလုပ္ကိုင္ေနၿပီး သီခ်င္းသစ္ေတြ မထြက္ရွိတာ အခ်ိန္အေတာ္ၾကာၿပီပဲျဖစ္ပါတယ္။ ဒါေပမယ့္ ဒီကေန႔မွာေတာ့ သားစိုးက သူခ်စ္တဲ့ပရိသတ္ေတြအတြက္ သူနဲ႔သူ႔ရဲ့မိခင္ ကိုယ္တိုင္ျဖစ္ခဲ့တဲ့ သတိထားစရာအေၾကာင္းအရာတစ္ခုကို သတိေပးလာပါတယ္။

သားစိုးက “မေန႔ ေန႔လည္ ၂ နာရီက သၽွင္ပါကူေဆးခန္းေဘးကကၽြန္ေတာ္ အေမ့အိမ္မွာ သူခိုး ဝင္ခိုးသြားပါတယ္။ လူရွိေနတုန္း ခိုးတာပါ။အလစ္သုတ္တာေပါ့။ အေမ့အခန္းက ေျမညီထပ္ပါ။သူအခိုးခံရပုံကလည္း တိုက္ဆိုင္လြန္းလို႔ပါ။ အေမကအဲအိမ္မွာမေနတာ ႏွစ္ခ်ီေနပါပီ။ ဒီအတိုင္းပိတ္ထားတာပါ။ အဖိုးတန္ပစၥည္းလဲဘာမွ႕မရွိပါဘူး။ မေန႔ကေတာ့ အိမ္ခဏသြားခ်င္တယ္၊ဖုန္တက္တာေတြသြားရွင္းခ်င္လို႔ဆိုၿပီး မသြားတာႏွစ္ေပါက္ေနတဲ့အိမ္ကို သြားပါတယ္။ေျမညီထပ္တိုက္ခန္းေသာ့ကို မခါတ္ပဲ ခ်ိတ္႐ုံ ခ်ိတ္ထားၿပီး အခန္းထဲဝင္ရွင္းေနတဲ့ ၅ မိနစ္ေလာက္အတြင္းမွာပဲ သူခိုးဟာ အိမ္ေရွ႕ဧည္ခန္းမွာရွိတဲ့ ပိုက္ဆံအိတ္အႀကီးထဲက ပိုက္ဆံထည့္ထားတဲ့ အိတ္အေသးနဲ႔ ဝန္ထမ္း ၂ ေယာက္ရဲ့ ဖုန္းအေဟာင္းေလး ၂ လုံးကို အျမန္မသြားပါေတာ့တယ္။”

“တိုက္ဆိုင္လိုက္တာမ်ားကြာဆို သလိုပါပဲ။ မျပန္တာၾကာတဲ့ အိမ္တံခါးဖြင့္အၿပီး ၅ မိနစ္အတြင္း သူခိုးဟာ ဧည့္ခန္းက ပိုက္ဆံ ၂သိန္း၇ေသာင္းပါတဲ့ အိတ္နဲ႔ဖုန္း ၂ လုံးကို မသြားပါေတာ့တယ္။ အခိုးခံရဖို႔ ကံပါတာရယ္ အေမ့ရဲ့ ေသာ့မခါတ္ပဲခ်ိတ္ထားတတ္တဲ့အက်င့္ရယ္နဲ႔ ထီေပါက္သြားပါတယ္။ေျပာခ်င္တာကေတာ့ တာေမြဘက္ေျမညီအခန္းေတြ သတိထားၿပီးေသာ့ခါတ္ေစခ်င္ပါတယ္။ အေမ့တိုက္ခန္းက သီးသန႔္လမ္းၾကားပါ။ လူဝင္လူထြက္နည္းပါတယ္။ဒါေတာင္ပါသြားေသးေတာ့ က်န္တဲ့ ေနရာေတြ ေက်ာက္ေျမာင္းဘက္ေတြ သတိထားေစခ်င္တာပါပဲ။ လမ္းထဲက ျမင္မိသူတခ်ိဳ႕ေျပာတာကေတာ့ ေဘာင္းဘီအျဖဴနဲ႔သန႔္သန္ျပန႔္ျပန႔္ဝတ္ထားတဲ့ အမ်ိဳးသမီး တဦး အျမန္ထြက္သြားတာ ျမင္မိပါတယ္တဲ့။သူခိုးေတြဟာသားသားနားနားဝတ္ၿပီး ခိုးေနၾကတဲ့ပုံပါ။ အခုပုံကေတာ့ ပိုက္ဆံေပ်ာက္အထိမ္းအမွတ္ပုံေလးရိုက္ခ်င္လို႔ဆိုေတာ့ ပုံထဲမွာ သူမရယ္နိုင္ဘူးတဲ့။ 🙄 ဒါေပမယ့္ မနည္းရယ္ျပထားပါတယ္တဲ့။😁 ပုဂံမွာ လႉဖို႔ထားတာေလးေတြပါသြားပါပီတဲ့။😥 ဂ႐ုစိုက္ၾကပါေနာ္❤️❤️❤️” ဆိုၿပီး ေျပာလာပါတယ္။သားစိုးကေတာ့ သူတို႔သားအမိႏွစ္ေယာက္ရဲ့ ကိုယ္ေတြ႕ျဖစ္ရပ္နဲ႔ယွဥ္ၿပီး တိုက္ခန္းေနျပည္သူေတြအားလုံးကို သတိေပးစကားေျပာထားတာပဲျဖစ္ပါတယ္။ ပရိသတ္ႀကီးအားလုံးလည္း သတိထားဆင္ျခင္နိုင္ဖို႔ ဒီပို႔စ္ေလးကို ေဖာ္ျပေပးလိုက္ရပါတယ္ေနာ္။

Source: သားစိုး’s fb
Credit:Myanmar Celebrities

မိခင်ဖြစ်သူရဲ့အိမ်ကို သူခိုးဝင်ခိုးလို့ ပိုက်ဆံတွေပါသွားတဲ့ အကြောင်းကို ပရိသတ်တွေလည်း သတိထားနိုင်အောင် ပြောပြလာတဲ့ သားစိုး

မြန်မာသံစဉ် သီချင်းတွေနဲ့ နိုင်ငံခြားတီးလုံးတွေကို ရောသမမွှေပြီး ဖန်တီးတဲ့ အဆိုတော်သားစိုး ကိုတော့ တစ်နိုင်ငံလုံးက ပရိသတ်တွေအားလုံးသိပြီးသားဖြစ်မှာပါ။ သားစိုးဟာ လက်ရှိမှာတော့ သူ့ရဲ့မိသားစုတွေ နဲ့အတူတူ စီးပွားရေးအလုပ်တွေကိုသာလုပ်ကိုင်နေပြီး သီချင်းသစ်တွေ မထွက်ရှိတာ အချိန်အတော်ကြာပြီပဲဖြစ်ပါတယ်။ ဒါပေမယ့် ဒီကနေ့မှာတော့ သားစိုးက သူချစ်တဲ့ပရိသတ်တွေအတွက် သူနဲ့သူ့ရဲ့မိခင် ကိုယ်တိုင်ဖြစ်ခဲ့တဲ့ သတိထားစရာအကြောင်းအရာတစ်ခုကို သတိပေးလာပါတယ်။

သားစိုးက “မနေ့ နေ့လည် ၂ နာရီက သျှင်ပါကူဆေးခန်းဘေးကကျွန်တော် အမေ့အိမ်မှာ သူခိုး ဝင်ခိုးသွားပါတယ်။ လူရှိနေတုန်း ခိုးတာပါ။အလစ်သုတ်တာပေါ့။ အမေ့အခန်းက မြေညီထပ်ပါ။သူအခိုးခံရပုံကလည်း တိုက်ဆိုင်လွန်းလို့ပါ။ အမေကအဲအိမ်မှာမနေတာ နှစ်ချီနေပါပီ။ ဒီအတိုင်းပိတ်ထားတာပါ။ အဖိုးတန်ပစ္စည်းလဲဘာမှ့မရှိပါဘူး။ မနေ့ကတော့ အိမ်ခဏသွားချင်တယ်၊ဖုန်တက်တာတွေသွားရှင်းချင်လို့ဆိုပြီး မသွားတာနှစ်ပေါက်နေတဲ့အိမ်ကို သွားပါတယ်။မြေညီထပ်တိုက်ခန်းသော့ကို မခါတ်ပဲ ချိတ်ရုံ ချိတ်ထားပြီး အခန်းထဲဝင်ရှင်းနေတဲ့ ၅ မိနစ်လောက်အတွင်းမှာပဲ သူခိုးဟာ အိမ်ရှေ့ဧည်ခန်းမှာရှိတဲ့ ပိုက်ဆံအိတ်အကြီးထဲက ပိုက်ဆံထည့်ထားတဲ့ အိတ်အသေးနဲ့ ဝန်ထမ်း ၂ ယောက်ရဲ့ ဖုန်းအဟောင်းလေး ၂ လုံးကို အမြန်မသွားပါတော့တယ်။”

“တိုက်ဆိုင်လိုက်တာများကွာဆို သလိုပါပဲ။ မပြန်တာကြာတဲ့ အိမ်တံခါးဖွင့်အပြီး ၅ မိနစ်အတွင်း သူခိုးဟာ ဧည့်ခန်းက ပိုက်ဆံ ၂သိန်းရသောင်းပါတဲ့ အိတ်နဲ့ဖုန်း ၂ လုံးကို မသွားပါတော့တယ်။ အခိုးခံရဖို့ ကံပါတာရယ် အမေ့ရဲ့ သော့မခါတ်ပဲချိတ်ထားတတ်တဲ့အကျင့်ရယ်နဲ့ ထီပေါက်သွားပါတယ်။ပြောချင်တာကတော့ တာမွေဘက်မြေညီအခန်းတွေ သတိထားပြီးသော့ခါတ်စေချင်ပါတယ်။ အမေ့တိုက်ခန်းက သီးသန့်လမ်းကြားပါ။ လူဝင်လူထွက်နည်းပါတယ်။ဒါတောင်ပါသွားသေးတော့ ကျန်တဲ့ နေရာတွေ ကျောက်မြောင်းဘက်တွေ သတိထားစေချင်တာပါပဲ။ လမ်းထဲက မြင်မိသူတချို့ပြောတာကတော့ ဘောင်းဘီအဖြူနဲ့သန့်သန်ပြန့်ပြန့်ဝတ်ထားတဲ့ အမျိုးသမီး တဦး အမြန်ထွက်သွားတာ မြင်မိပါတယ်တဲ့။သူခိုးတွေဟာသားသားနားနားဝတ်ပြီး ခိုးနေကြတဲ့ပုံပါ။ အခုပုံကတော့ ပိုက်ဆံပျောက်အထိမ်းအမှတ်ပုံလေးရိုက်ချင်လို့ဆိုတော့ ပုံထဲမှာ သူမရယ်နိုင်ဘူးတဲ့။ 🙄 ဒါပေမယ့် မနည်းရယ်ပြထားပါတယ်တဲ့။😁 ပုဂံမှာ လှူဖို့ထားတာလေးတွေပါသွားပါပီတဲ့။😥 ဂရုစိုက်ကြပါနော်❤️❤️❤️” ဆိုပြီး ပြောလာပါတယ်။သားစိုးကတော့ သူတို့သားအမိနှစ်ယောက်ရဲ့ ကိုယ်တွေ့ဖြစ်ရပ်နဲ့ယှဉ်ပြီး တိုက်ခန်းနေပြည်သူတွေအားလုံးကို သတိပေးစကားပြောထားတာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးအားလုံးလည်း သတိထားဆင်ခြင်နိုင်ဖို့ ဒီပို့စ်လေးကို ဖော်ပြပေးလိုက်ရပါတယ်နော်။

Source: သားစိုး’s fb
Credit:Myanmar Celebrities