မသန်စွမ်းသူများရဲ့ လိုအပ်ချက်တွေကို ခြေတု လက်တု စက်ရုံ တစ်ခု တည်ဆောက်ကာ အားကြိုးမာန်တက် ကူညီပေးတော့မယ့် ခိုင်နှင်းဝေ

Posted on

အနုပညာအလုပ်တွေထက် ပရဟိတအလုပ်တွေကို တစိုက်မတ်မတ်နဲ့ လုပ်ဆောင်နေတာကြောင့် ပရိသတ်တွေရဲ့ ချီးကျူးခြင်ကို ခံနေရတဲ့ ပရိသတ်အချစ်တော် သရုပ်ဆောင် မင်းသမီးကြီး ခိုင်နှင်းဝေကတော့ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ တစ်ကယ်လိုအပ်ပြီး အရမ်းကို ကုသိုလ်ရမယ့် လှူဒါန်းမှုတစ်ခုကို မျှဝေဖော်ပြလာခဲ့ပါတယ်။

ဒါ့အပြင် ကိုဗစ် ၁၉ ရောဂါတွေ ဖြစ်ပွားနေတဲ့ ကာလတစ် လျှောက်မှာလည်း အောက်ဆီဂျင်အိုးတွေ အပြင် အခြား လိုအပ်တာတွေလည်း လှူဒါန်းခဲ့ပါသေးတယ်။

အခုလည်း မသန်စွမ်းသူများအတွက် ခြေတု လက်တုများကို အဆင်ပြေပြေနဲ့ လိုသလောက် လှူဒါန်းပေးနိုင်ရန် ရည်ရွယ်ပြီး စက်ရုံတစ်ခု ဆောက်လုပ်ရန် စီစဉ်နေပြီလို့ သိရပါတယ်။

မည်သူမဆို လှူဒါန်းပေးမယ့် အကြောင်းကိုလည်း ” ခြေတု လက်တု စက်ရုံလေး တစ်ခု တည်ထောင်ဘို့ စ,တင် အကောင်အထည် ဖော်ဖြစ်ပါတယ်ရှင်..ကျမကို လှူဒါန်းထားတဲ့ တောင်ဒဂုံ (၁၀၅) မြေကွက်မှာ စက်ရုံ အသေးစားလေး တည်ထောင်ပြီး ခြေတု ၊ လက်တု မတပ်နိုင်သော မည်သူမဆို အခမဲ့ တပ်ဆင်လှူဒါန်းပေးသွားပါမယ်..စက်ရုံအတွက် နေရာ ဆောက်ခြင်း၊ စက်များ ဝယ်ယူခြင်း၊ ပညာရှင်များ ခေါ်ယူခြင်းတို့ကို အမြန်ဆုံး လုပ်ဆောင်၍ လိုအပ်နေသော သူများကို ကူညီပေးသွားပါမယ်..ကျမ နဲ့ အတူ ခုနှစ်ရက် သားသမီးများ အားလုံးရဲ့ စုပေါင်း ကုသိုလ် အလှူလေးများပဲ ဖြစ်ပါတယ်ရှင်..” ရေးသားဖော်ပြထားရာ ပရိသတ်ကြီးအတွက် ပြန်လည် ဖော်ပြပေးလိုက်ပါတယ်။

Zawgyi Version

အႏုပညာအလုပ္ေတြထက္ ပရဟိတအလုပ္ေတြကို တစိုက္မတ္မတ္နဲ႔ လုပ္ေဆာင္ေနတာေၾကာင့္ ပရိသတ္ေတြရဲ့ ခ်ီးက်ဴးျခင္ကို ခံေနရတဲ့ ပရိသတ္အခ်စ္ေတာ္ သ႐ုပ္ေဆာင္ မင္းသမီးႀကီး ခိုင္ႏွင္းေဝကေတာ့ သူ႔ရဲ့လူမႈကြန္ရက္စာမ်က္ႏွာကေန တစ္ကယ္လိုအပ္ၿပီး အရမ္းကို ကုသိုလ္ရမယ့္ လႉဒါန္းမႈတစ္ခုကို မၽွေဝေဖာ္ျပလာခဲ့ပါတယ္။

ဒါ့အျပင္ ကိုဗစ္ ၁၉ ေရာဂါေတြ ျဖစ္ပြားေနတဲ့ ကာလတစ္ ေလၽွာက္မွာလည္း ေအာက္ဆီဂ်င္အိုးေတြ အျပင္ အျခား လိုအပ္တာေတြလည္း လႉဒါန္းခဲ့ပါေသးတယ္ ။ အခုလည္း မသန္စြမ္းသူမ်ားအတြက္ ေျခတု လက္တုမ်ားကို အဆင္ေျပေျပနဲ႔ လိုသေလာက္ လႉဒါန္းေပးနိုင္ရန္ ရည္ရြယ္ၿပီး စက္႐ုံတစ္ခု ေဆာက္လုပ္ရန္ စီစဥ္ေနၿပီလို႔ သိရပါတယ္။

မည္သူမဆို လႉဒါန္းေပးမယ့္ အေၾကာင္းကိုလည္း ” ေျခတု လက္တု စက္႐ုံေလး တစ္ခု တည္ေထာင္ဘို႔ စ,တင္ အေကာင္အထည္ ေဖာ္ျဖစ္ပါတယ္ရွင္..က်မကို လႉဒါန္းထားတဲ့ ေတာင္ဒဂုံ (၁၀၅) ေျမကြက္မွာ စက္႐ုံ အေသးစားေလး တည္ေထာင္ၿပီး ေျခတု ၊ လက္တု မတပ္နိုင္ေသာ မည္သူမဆို အခမဲ့ တပ္ဆင္လႉဒါန္းေပးသြားပါမယ္..စက္႐ုံအတြက္ ေနရာ ေဆာက္ျခင္း၊ စက္မ်ား ဝယ္ယူျခင္း၊ ပညာရွင္မ်ား ေခၚယူျခင္းတို႔ကို အျမန္ဆုံး လုပ္ေဆာင္၍ လိုအပ္ေနေသာ သူမ်ားကို ကူညီေပးသြားပါမယ္..က်မ နဲ႔ အတူ ခုႏွစ္ရက္ သားသမီးမ်ား အားလုံးရဲ့ စုေပါင္း ကုသိုလ္ အလႉေလးမ်ားပဲ ျဖစ္ပါတယ္ရွင္..” ေရးသားေဖာ္ျပထားရာ ပရိသတ္ႀကီးအတြက္ ျပန္လည္ ေဖာ္ျပေပးလိုက္ပါတယ္။