ဖခင္ျဖစ္သူနဲ႕အမွတ္တရပံုေတြကို ပရိသတ္ႀကီးအားျပသရင္း ဖခင္ရဲ႕ဆံုးမသြန္သင္မႈစကားေလးေတြကိုပါ ျပန္လည္မွ်ေ၀လာတဲ့ ခင္သဇင္

Posted on

ဖခင္ျဖစ္သူနဲ႕အမွတ္တရပံုေတြကို ပရိသတ္ႀကီးအားျပသရင္း ဖခင္ရဲ႕ဆံုးမသြန္သင္မႈစကားေလးေတြကိုပါ ျပန္လည္မွ်ေ၀လာတဲ့ ခင္သဇင္

ပရိသတ္ႀကီးေရ ခင္သဇင္ ကေတာ့ သ႐ုပ္ေဆာင္ပိုင္းအျပင္ပညာေရးဘက္ မွာလည္း ထူးခြၽန္တဲ့ အႏုပညာရွင္တစ္ဦးပါ။ အလႉအတန္းဆိုရင္လည္း လက္မေႏွးဘဲ ပရဟိတေတြမ်ားစြ ာလုပ္​ေဆာင္ေလ့ရွိသူ ပါပဲေနာ္။ခင္သဇင္ကေတာ့ ” ထာဝရေႏွာင္ႀကိဳး”ဇာတ္လမ္းတြဲကေန ပရိသတ္ေတြပိုမို အားေပးျခင္းခံလာရတဲ့ မင္းသမီးတစ္လက္ပါ။ ပရိသတ္ေတြတခဲနက္အားေပးခဲ့တဲ့ MRTV4ဇာတ္လမ္းတြဲ တစ္ခုျဖစ္တဲ့ ” အခ်စ္ဖြဲ႕ေလညင္း “ဇာတ္လမ္းတြဲမွာလည္းမိုးကလ်ာဆိုတဲ့ ဗီလိန္ကာ႐ိုက္တာအေနနဲ႔ပါဝင္ခဲ့တာျဖစ္ပါတယ္။

​ပရိသတ္ေတြကေတာ့ သူမရဲ႕ ဟာကြက္မရွိတဲ့ သ႐ုပ္ေဆာင္ခ်က္ေတြကို အၿမဲအားေပးလ်က္ ရွိေနတာပဲ ျဖစ္ပါတယ္။ သူမကိုအားေပးတဲ့ ပရိသတ္ေတြထဲမွာ ေယာက်္ားေလးပရိသတ္ေတြသာမက မိန္းကေလး ပရိသတ္ေတြလည္း မ်ားစြာပါဝင္ေနတာပါ။ ဒါ့အျပင္ က်န္းမာေရးလည္းလိုက္စားတဲ့ သူတစ္ေယာက္ပါ။

လက္ရွိမွာေတာ့ ”အေဖ အၿမဲသင္တဲ့ စကားေလး တစ္ခြန္းရွိတယ္..လူတစ္ဦးက ကိုယ့္ေမတၱာ နဲ႔ မထိုက္တန္ေတာ့ဘူး ထင္ရင္ခ်စ္ျခင္းရဲ႕ အလြန္ မုန္းျခင္းကို မထားပါနဲ႔တဲ့..ဥေပကၡာထားပါတဲ့.. ဥေပကၡာဆိုတာ ဂ႐ုမစိုက္ေတာ့တာပစ္ထားလိုက္တာ လ်စ္လွ်ဴရႈလိုက္တာ မဟုတ္ပါဘူးတဲ့..
သူ႔အေပၚ ေစတနာ ဆက္ထားရင္း ခ်စ္ျခင္းကို ၿငိမ္းသတ္လိုက္ၿပီးအမုန္းကိုလည္း မစြျဖစ္ေတာ့တဲ့ ျမင့္ျမတ္တဲ့ ဥေပကၡာတရားကိုပဲထားႏိုင္ေအာင္ ႀကိဳးစားပါတဲ့ … ခင္သဇင္✍️(အေဖ့စကားမွတ္သားထားရာ စာစုေလးမ်ား)”ဆိုတဲ့စာေလးနဲ႔ မႏၲေလးေရာက္ခိုက္အေဖနဲ႔အမွတ္တရပုံရိပ္ေလးေတြ႐ိုက္ျဖစ္ခဲ့ကာ တင္လာခဲ့တာပါ ။ပရိသတ္ႀကီးေရ မိဘသြန္သင္မႈေကာင္းတာေၾကာင့္လည္း ခင္သဇင္ကအၿမဲဘာသာတရားကိုင္းရႈိင္းကာ စိတ္ထားေကာင္းတဲ့မင္းသမီးေလးျဖစ္ေနတာ လက္ေတြ႕ပါပဲေနာ္။

Credit-CeleGabar
Source – KhinThazin

ဖခင်ဖြစ်သူနဲ့အမှတ်တရပုံတွေကို ပရိသတ်ကြီးအားပြသရင်း ဖခင်ရဲ့ဆုံးမသွန်သင်မှုစကားလေးတွေကိုပါ ပြန်လည်မျှဝေလာတဲ့ ခင်သဇင်

ပရိသတ်ကြီးရေ ခင်သဇင် ကတော့ သရုပ်ဆောင်ပိုင်းအပြင်ပညာရေးဘက် မှာလည်း ထူးချွန်တဲ့ အနုပညာရှင်တစ်ဦးပါ။ အလှူအတန်းဆိုရင်လည်း လက်မနှေးဘဲ ပရဟိတတွေများစွ ာလုပ်​ဆောင်လေ့ရှိသူ ပါပဲနော်။ခင်သဇင်ကတော့ ” ထာဝရနှောင်ကြိုး”ဇာတ်လမ်းတွဲကနေ ပရိသတ်တွေပိုမို အားပေးခြင်းခံလာရတဲ့ မင်းသမီးတစ်လက်ပါ။ ပရိသတ်တွေတခဲနက်အားပေးခဲ့တဲ့ MRTV4ဇာတ်လမ်းတွဲ တစ်ခုဖြစ်တဲ့ ” အချစ်ဖွဲ့လေညင်း “ဇာတ်လမ်းတွဲမှာလည်းမိုးကလျာဆိုတဲ့ ဗီလိန်ကာရိုက်တာအနေနဲ့ပါဝင်ခဲ့တာဖြစ်ပါတယ်။

​ပရိသတ်တွေကတော့ သူမရဲ့ ဟာကွက်မရှိတဲ့ သရုပ်ဆောင်ချက်တွေကို အမြဲအားပေးလျက် ရှိနေတာပဲ ဖြစ်ပါတယ်။ သူမကိုအားပေးတဲ့ ပရိသတ်တွေထဲမှာ ယောကျ်ားလေးပရိသတ်တွေသာမက မိန်းကလေး ပရိသတ်တွေလည်း များစွာပါဝင်နေတာပါ။ ဒါ့အပြင် ကျန်းမာရေးလည်းလိုက်စားတဲ့ သူတစ်ယောက်ပါ။

လက်ရှိမှာတော့ ”အဖေ အမြဲသင်တဲ့ စကားလေး တစ်ခွန်းရှိတယ်..လူတစ်ဦးက ကိုယ့်မေတ္တာ နဲ့ မထိုက်တန်တော့ဘူး ထင်ရင်ချစ်ခြင်းရဲ့ အလွန် မုန်းခြင်းကို မထားပါနဲ့တဲ့..ဥပေက္ခာထားပါတဲ့.. ဥပေက္ခာဆိုတာ ဂရုမစိုက်တော့တာပစ်ထားလိုက်တာ လျစ်လျှူရှုလိုက်တာ မဟုတ်ပါဘူးတဲ့..
သူ့အပေါ် စေတနာ ဆက်ထားရင်း ချစ်ခြင်းကို ငြိမ်းသတ်လိုက်ပြီးအမုန်းကိုလည်း မစွဖြစ်တော့တဲ့ မြင့်မြတ်တဲ့ ဥပေက္ခာတရားကိုပဲထားနိုင်အောင် ကြိုးစားပါတဲ့ … ခင်သဇင်✍️(အဖေ့စကားမှတ်သားထားရာ စာစုလေးများ)”ဆိုတဲ့စာလေးနဲ့ မန္တလေးရောက်ခိုက်အဖေနဲ့အမှတ်တရပုံရိပ်လေးတွေရိုက်ဖြစ်ခဲ့ကာ တင်လာခဲ့တာပါ ။ပရိသတ်ကြီးရေ မိဘသွန်သင်မှုကောင်းတာကြောင့်လည်း ခင်သဇင်ကအမြဲဘာသာတရားကိုင်းရှိုင်းကာ စိတ်ထားကောင်းတဲ့မင်းသမီးလေးဖြစ်နေတာ လက်တွေ့ပါပဲနော်။

Credit-CeleGabar
Source – KhinThazin